What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 January 2019 15:34

စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ချင်သူများအတွက် အရေးကြီးဆုံး အချက် (၅) ချက်

(1) နေပူထဲအရမ်းမထွက်ပါနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ပါ

နေလောင်ခံ ခရင်လိမ်းပါ ။ SPF 15 အနည်းဆုံးပါတဲ့ sunscreen မျိုးလိမ်းပြီး မိနစ် ၂၀ကြာမှ အပြင်ထွက်ပါ။ နေပူထဲအလုပ်လုပ်နေသူဆိုရင်တော့ ၂နာရီခြားတခါ လိမ်းပေးသင့်ပါတယ်။ မလွှဲမရှောင်သာလို့ နေပူထဲထွက်ရမယ်ဆိုလျှင် နေအရမ်းလူချိန်တွေ မထွက်ပါနဲ့။ မနက် ၁၀ နာရီမှ ညနေ ၄နာရီ အချိန်တွေမှာ နေရောင်ခြည်ဟာ တခြားအချိန်တွေထက် ပိုမိုပြင်းထန်ပါတယ်။  အင်္ကျီလက်ရှည် ၊ ဘောင်းဘီရှည် ဝတ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ချည်သားလက်ရှည် ဝတ်ရင်လဲအဆင်ပြေပါတယ်။

 

(2) ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်ခြင်းဟာ အသားအရေကို ခြောက်သွေ့စေပြီး အရေးအကြောင်းများကို လျှင်မြန်စွာဖြစ်ပေါ်စေပါတဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ collagen ဓာတ်ကို ဆုံးရှုံးစေပြီး အသားအရေကို ရင့်ရော်စေပါတယ်။

 

(3) မိမိအသားအရေကို ဂရုစိုက်ပါ

ရေချိုးချိန်ကို ကန့်သတ်ပါ။ ရေပူနဲ့ချိုးတယ် ၊ ဆပ်ပြာအကြာကြီးစိမ်နေတယ် ရေအကြာကြီးချိုးခြင်းတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီဓာတ်ကို ဆုံးရှုံးစေပါတယ်။ အဆီဓာတ်ဆုံးရှုံးပြီး အသားအရေ ခြောက်သွေ့စေပါတယ်။ ဖြစ်နိုင်ရင် ရေချိုးချိန်ကို ကန့်သတ်ထားပါ။ အချိန်ကို လျှော့ချလိုက်ပါ။ ရေပူနဲ့ချိုးခြင်းထက် ရေနွေးနဲ့ ချိုးတာပိုပြီး အသားအရေ ထိန်းသိမ်းရာရောက်ပါတယ်။

 

Strong soaps သုံးတာထက် mild cleansers သုံးသင့်ပါတယ်။ Shave လုပ်မယ်ဆိုရင် ဒီတိုင်းလုပ်တာထက် shaving cream, lotion or gel ကို shave မလုပ်ခင် သုံးပြီးမှ shave သင့်ပါတယ်။ ရေချိုးပြီးရင် သဘက်လေးနဲ့ ရေသုတ်ပေးပါ. ခန္ဓာကိုယ်မှာ အစိုဓာတ်တွေ ကျန်အောင်ပါ။ SPF ပါတဲ့ Moisturizer လိမ်းပါ။

 

(4) ကျန်းမာစေမယ့် အစားအသောက်စတိုင်ဖြင့် စားပါ

ပဲနှင့် အသီးအရွက်များများစားခြင့်ဖြင့် ပရိုတင်းဓာတ်ကိုများပြားစေပါတယ်။ ဗီတာမင် စီ များများပါတဲ့ အစားအစာများကို စားသုံးပါ။

 

(5) စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ

စိတ်ဖိစီးမှု အရမ်းများတဲ့သူတွေဟာ အသားအရောင် ညစ်လာပြီး မွဲခြောက်ခြောက်ဖြစ်လာပါတယ်. ဝက်ခြံများလဲ ထွက်လာတတ်ပါတယ် ဒါကြောင့်မို့လို့ စိတ်ဖိစီးမှုကို လျှော့ချပါ. အတတ်နိုင်ဆုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ပါ။

Source: အလှအပနှင့်ကျန်းမာရေး

 

Read:သင့်မှတ်ဥာဏ်ကို ဆုံးရှုံးစေနိုင်မည့် အကြောင်းအရာ ၅ ချက်

သင့်မှတ်ဥာဏ်ကို ဆုံးရှုံးစေနိုင်မည့် အကြောင်းအရာ ၅ ချက်

Read times Last modified on Wednesday, 27 February 2019 14:51
Rate this item
(0 votes)