What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 April 2019 17:57

သင်္ကြန်လည်မည့် ကိုကိုမမတွေ အရေပြားပြဿနာ မဖြစ်အောင်

အခုနှစ်က နွေရာသီဟာ အပူရှိန်မြင့်တဲ့ ရာသီဥတုဖြစ်တာကြောင့် သင်္ကြန်လည်မယ့်သူတွေအနေနဲ့ အရေပြားပျက်စီးနိုင်တဲ့အပြင် အပူလျှပ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်လို့ သတိပြုသင့်တယ် လို့ သိရပါတယ်။ 

အခုလိုအပူချိန် အရမ်းမြင့်တဲ့သီဥတုလည်း ဖြစ်တာကြောင့် နေပူချိန်အမြင့်ဆုံးဖြစ်တဲ့ မွန်းတည့် ၁၂းဝဝနာရီနဲ့ မွန်းလွဲ ၃းဝဝနာရီကြားမှာ အရိပ်ကောင်းပြီး  အပူသက်သာတဲ့ ပန်းခြံ ဒါမှမဟုတ် စားသောက်ဆိုင်စတဲ့ အရိပ်ကောင်းတဲ့နေရာတစ်ခုမှာ အနားယူသင့်ပါတယ်။

 

အရက်သောက်ရင်

သင်္ကြန်ကာလမှာ တော်တော်များများက  အရက်သောက်တတ်ကြပါတယ်။ အရက်သေစာ သောက် စားခြင်းက သွေးကြောတွေကို ကျယ်စေတာကြောင့် ပြင်ပက အပူဒဏ်ကိုပုံမှန်ထက်တိုးမြှင့်ပြီး ခံစားရပါတယ်။ ဒါကြောင့် သောက်စားတတ်တဲ့သူတွေဆိုရင်တော့ နေပူထဲမှာ ကားနဲ့လည်တာ မပြုလုပ်သင့်ပါဘူး။ နေရိပ်ရှိတဲ့ မဏ္ဍပ်တွေမှာပဲ ရေကစားတာ ပိုပြီးကောင်းပါတယ်။
ဒါ့အပြင် အရက်သေစာသောက်သုံးခြင်းက ရေဓာတ်ကို ဆုံးရှုံးစေတာကြောင့် တစ်နေကုန် ရေ မသောက်ဘဲ အရက်နဲ့ ဘီယာကိုပဲ  မသောက်သင့်ပါဘူး။ အဓိက ရေကိုများများသောက်ပေးသင့်ပါတယ်။


အသားအရေ ဘယ်လိုထိန်း

'အသားအရေ  ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အဓိကက နေရောင်ကာလိမ်းဆေး sun cream ကို သုံးစွဲရမှာပါ၊ SPF ပါဝင်နှုန်းမြင့်တဲ့ sun cream ဆိုရင် ပိုပြီးတော့  ကောင်းပါတယ်၊ သင်္ကြန် မှာဆိုတော့ အသုံးပြုမယ့် sun creamက ရေစိုခံနိုင်တဲ့ water proof ဖြစ်ရပါမယ်’ လို့ ဒေါက်တာ ရဲသွင် ကပဲ ပြောပါတယ်။


ခုလို ပူပြင်းတဲ့ နေရောင်ကို  အပြည့်အဝကာကွယ်နိုင်ဖို့ဆိုရင် sun  cream ကို မနက်ပိုင်း တစ်ကြိမ်၊ နေ့ခင်းပိုင်းတစ်ကြိမ်၊ တစ်နေ့ကို နှစ်ကြိမ်လိမ်းပေးသင့်တယ် လို့  သိရပါတယ်။


မျက်လုံးကို ကာကွယ်ပါ

နေရောင်ခြည်မှာပါဝင်တဲ့ UV Rays တွေက မျက်လုံးကိုထိခိုက်နိုင်တာကြောင့် နေကာမျက်မှန် တပ် သင့်ပါတယ်။ UV filter ပါတဲ့ မျက်မှန်ဆိုရင်တော့ ပိုပြီးအဆင်ပြေစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပူ အအေးမျှတပြီး လေဝင်လေထွက်ကောင်းဖို့အတွက် ကျပ်ထုပ်နေတဲ့ အဝတ်အစားတွေထက် ပွရောင်းရောင်း  အဝတ်အစားတွေက ပိုပြီးကောင်းတယ်လို့ သိရပါတယ်။


မသန့်ရှင်းတဲ့ရေ

'အလုံပိတ်နေတဲ့ လမ်းလျှောက်ဖိနပ် (walking shoe) တွေက မသန့်ရှင်းတဲ့ရေနဲ့ အခြားအညစ် အကြေးတွေကို အချိန်ကြာမြင့်စွာ ထိတွေ့စေနိုင်လို့ ရေဝဲစားနိုင်ပါတယ်၊ အဲဒီလို မဖြစ်အောင် မကြာခဏ ရေသန့်နဲ့ ဆေးချမယ်ဆိုရင်တော့ သက်သာရာရစေမှာပါ’ လို့ ဒေါက်တာ ရဲသွင်ကပဲ ပြောပါတယ်။


မသန့်ရှင်းတဲ့ရေတွေကြောင့် နောက်ထပ်ဖြစ်နိုင်တဲ့ ပြဿနာတွေကတော့ အရေပြားယားယံတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေကစားပြီးတာနဲ့ ရေသန့်သန့်နဲ့ချိုးပြီး သေသေချာချာ ပွတ်တိုက်ဆေးကြောရမှာ ဖြစ်ပါတယ်။ နေဝင်သွားတဲ့အထိ ညစ်ပတ်ပေရေတဲ့ ရေစိုအဝတ်ကြီးကို ဝတ်မထားသင့်ဘူးလို့ သိရပါတယ်။

Source: Kumudra

Read times Last modified on Thursday, 04 April 2019 18:03
Rate this item
(1 Vote)