What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 14:04

သဘာဝ နည်းလမ်း နဲ့ ပန်းနုရောင် နှုတ်ခမ်း အလှပိုင်ဆိုင်ဖို့

ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီ အသေးစိတ်ခြယ်မှုန်း ပြင်ဆင်လှပလိုကြတဲ့ မိန်းကလေးတွေရဲ့ သဘာဝနဲ့ ကိုက်ညီမယ့် နည်းလမ်းလေးတစ်ခုကို လက်ဆင့်ကမ်းဝေမျှ လိုပါတယ်။ ဒါကတော့ မပြင်ဆင်မခြယ်သရပါဘဲ သဘာဝအလျောက် ပန်းသွေးရောင်လွှမ်းခြုံနေမယ့် နှုတ်ခမ်းလေးရရှိနိုင်မယ့် သဘာဝနည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

 

ပြင်းထန်ဆိုးဝါးတဲ့ ဓာတုပစ္စည်းတွေမပါဝင်တာကြောင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းကျန်းမာမာ၊ လှလှပပနဲ့ ကြွကြွရွရွနေနိုင်အောင် ကူညီပေးပါတယ်။ အတင်းဖန်တီးစရာမလိုဘဲ သဘာဝအလျောက် ဆွဲဆောင်မှုအားတွေ ကောင်းလာမှာမို့ ပျိုမေတိုင်းသိချင်စိတ်ပြင်းပြမယ်လို့လည်း ယူဆပါတယ်။ လွယ်ကူရှင်းလင်းတဲ့နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

 

နို့အေးနှင့် နနွင်းမှုန့် နှုတ်ခမ်းသားတွေ ညိုမည်းနေလို့ စိတ်ညစ်နေတဲ့ အမျိုးသမီးလေးတွေအနေနဲ့ နို့အေးအနည်းငယ်နဲ့ နနွင်းမှုန့်တို့ကို အသုံးပြုရုံနဲ့ သဘာဝအလျောက် စိုပြည်နီထွေးတဲ့ နှုတ်ခမ်းလေးကို ပိုင်ဆိုင်နိုင်ပါတယ်။ နို့အေး (မည်သည့်အမျိုးအစားမဆို) စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ နနွင်းမှုန့်အနည်းငယ်ကို ခပ်ပျစ်ပျစ်လေးဖြစ်သွားအောင် ရောမွှေ လိုက်ပါ။

 

ပြီးရင် အဲဒီခပ်ပျစ်ပျစ်အရည်လေးတွေကို နှုတ်ခမ်းသားအပေါ်မှာ ငါးမိနစ်နဲ့ အထက် သုတ်လိမ်းထားရပါမယ်။ ဒီနည်းလမ်းအတိုင်း တစ်ပတ်၊ ဒါမှမဟုတ် နှစ်ပတ်လောက် မှန်မှန်လေး လုပ်ပေးသွားရုံနဲ့ တကယ်ထူးခြားတာကို တွေ့ရမှာပါ။ ဒီနည်းလမ်းဟာ နှုတ်ခမ်းသားကို ပန်းရောင်သန်းစေတဲ့ သဘာဝနည်းလမ်းတွေထဲက ထိပ်ဆုံးနည်းလမ်းဖြစ်တဲ့အတွက် စမ်းကြည့်သင့်ပါတယ်နော်။

 

အစိုဓာတ်ထိန်းသိမ်းပါ။ လူအများစုဟာ နှုတ်ခမ်းသားပြေပြစ်နေတဲ့အချိန်မှာ အစိုဓာတ်ထိန်းသိမ်းပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒီလိုမေ့လျော့နေတဲ့အခါ နှုတ်ခမ်းသားတွေ ခြောက်သွေ့လာပြီး အလွှာလိုက်ကျတာမျိုးနဲ့ ကြုံလာရတတ်ပါတယ်။ ဒါ့ကြောင့် အဲ့လိုအခြေအနေအထိ မရောက်အောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

 

အလွယ်ကူဆုံးနဲ့ အလျင်မြန်ဆုံးနည်းလမ်းကတော့ အလှဆီသုတ်လိမ်းပေးတာပါပဲ။ နှုတ်ခမ်းသားတွေ ခြောက်သွေ့ကွဲအက်တာကို အမြန်ဆုံးကာကွယ်ပျောက်ကင်းစေနိုင်လို့ လက်ကိုင်ထားရမယ့် အလွယ်နည်းလေးတစ်ခုလည်း ဖြစ်ပါတယ်။ 

 

A Line Oo Skin Care

Read times
Rate this item
(0 votes)