What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 July 2022 12:14

ဇူလိုင်လ ၃၀ Novotel Yangon Max တွင် ကျင်းပပြုလုပ်မည့် Good Vibe Tribe Festival

ဇူလိုင်လ ၃၀  Novotel Yangon Max တွင် ကျင်းပပြုလုပ်မည့် Good Vibe Tribe Festival 

 

ပရူဒန်ရှယ်အာမခံက ပိုကျန်းမာပျော်ရွှင်နိုင်ရေးအတွက် မည်သူမဆို ပါဝင်နိုင်သည့် Good Vibe Tribe လူမှုရပ်ဝန်းတစ်ခုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ Novotel Yangon Max တွင် ကျင်းပပြုလုပ်မည့် Good Vibe Tribe Festival ပွဲကြီးဖြင့် စတင်မိတ်ဆက်သွားမည်ဖြစ်ပြီး ပွဲတက်ရောက်လာသူတိုင်း Zumba ၊ ယောဂနှင့် အက လှုပ်ရှားမှုအစီအစဉ်များတွင် အခမဲ့ ပါဝင်နိုင်မည် ဖြစ်ပါသည်

 

 Event_Information_Good_Vibe_Tribe_Festival_by_Prudential_Myanmar_Credit_to_Prudential_Myanmar.jpg

 

Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က နိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ကျန်းမာစေသော အလေ့အထကောင်းများ နေ့စဉ် လုပ်ဆောင်ကြရန် တိုက်တွန်း အားပေးသွားမည့် မြန်မာနိုင်ငံတွင် အကြီးမားဆုံး အားလုံးပါဝင်နိုင်သည့် ကျန်းမာပျော်ရွှင်ရေး ဗဟိုပြု လူမှုရပ်ဝန်းတစ်ခုကို ဖွဲ့စည်းနိုင်ရန် စီစဉ်သွားမည် ဖြစ်ပါသည်။

ပရူဒန်ရှယ်အာမခံက Good Vibe Tribe ဟု အမည်ပေးထားသော လူမှုရပ်ဝန်းကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး မည်သူမဆို Facebook Group တစ်ခုမှတစ်ဆင့် အခမဲ့ ပါဝင်နိုင်မည် ဖြစ်ပါသည်။

Good Vibe Tribe Community by Prudential Myanmar” လူမှုရပ်ဝန်းအတွင်းရှိ အဖွဲ့ဝင်များမှာ မကြာမီ ကျင်းပပြုလုပ်မည့် ကျွမ်းကျင် နည်းပြဆရာများ ဦးဆောင်သော Zumba ၊ ယောဂနှင့် အက သင်တန်းများကို အွန်လိုင်းမှဖြစ်စေ၊ လူကိုယ်တိုင် အွန်လိုင်းပြင်ပမှဖြစ်စေ တက်ရောက်နိုင်မည်ဖြစ်ပြီး လှုပ်ရှားမှု အစီအစဉ်များတွင် အခမဲ့ ပါဝင်နိုင်မည် ဖြစ်ပါသည်။

အဆိုပါ လူမှုရပ်ဝန်းအတွင်း အဖွဲ့ဝင်အချင်းချင်း ချိတ်ဆက်နိုင်ပြီး အတူတကွ လေ့လာသင်ယူနိုင်၊ အပြိုင်အဆိုင် လေ့ကျင့်မှုများ ပြုလုပ်နိုင်၊ ကျန်းမာရေး ပန်းတိုင်များအား အတူတကွ ရယူနိုင်၊ ကျန်းမာစွာနေထိုင်ရေး ခရီးလမ်းကို စတင်ကြရန် အခြားသူများအား အားပေးတိုက်တွန်းနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကိုလည်း လူမှုရပ်ဝန်းအတွင်း မျှဝေပေးသွားမည် ဖြစ်ပါသည်။

 

Good_Vibe_Tribe_Festival.png

"ဒို့တွေတကယ် ကျန်းမာအောင်နေကြတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်အတိုင်းပဲ ပရူဒန်ရှယ်အာမခံက မြန်မာနိုင်ငံ တစ်ဝန်းမှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးဖို့ ကတိကဝတ် ပြုထားပါတယ်။

လူတွေကို ကျန်းမာစေတဲ့ အလေ့အထကောင်းတွေ မွေးမြူကြဖို့နဲ့ နေ့စဉ်ဘဝမှာ နည်းနည်းချင်းစီ ပြောင်းလဲဖို့ ကြိုးစားလိုက်တာနဲ့ ကျန်းမာရေးအတွက် ရေရှည်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိစေနိုင်တယ်ဆိုတာ ဒီအစီအစဉ်ကနေ အားပေးတိုက်တွန်းချင် ပါတယ်။

အထောက်အထားတွေအရ ကိုယ်လက်လှုပ်ရှားမှုကို အုပ်စုလိုက် ဒါမှမဟုတ် အဖွဲ့လိုက် လုပ်ဆောင်တာက ကျန်းမာရေး အကျိုးကျေးဇူးတွေ ပိုရနိုင်တယ်လို့ အကြံပြုထားပါတယ်။

ဒီအချက်က Good Vibe Tribe ဆိုတဲ့ လူမှုရပ်ဝန်းတစ်ခု စတင်ဖွဲ့စည်းဖို့ တွန်းအားဖြစ်စေခဲ့ပြီး အဖွဲ့ဝင်တွေဟာ ကိုယ့်ရဲ့ အုပ်စု ဒါမှမဟုတ် “စိတ်တူကိုယ်တူအဖွဲ့” တွေနဲ့ ကျန်းမာပျော်ရွှင်ရေး လှုပ်ရှားမှုတွေ အတူတကွ လုပ်ဆောင်ပြီး ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေ တိုးပွားလာစေမှာ ဖြစ်ပါတယ်" ဟု ပရူဒန်ရှယ်အာမခံ၏ Acting CEO ဖြစ်သူ Mr Wilson Ma က ပြောသည်။

 

Good_Vibe_Tribe_Festival_by_Prudential_Myanmar_Credit_to_Prudential_Myanmar.jpeg

 

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊ စနေနေ့တွင် ကျင်းပပြုလုပ်မည့် ‘Good Vibe Tribe Festival’ အခမ်းအနား

Good Vibe Tribe လူမှုရပ်ဝန်း စတင်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊ စနေနေ့၊ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ Novotel Yangon Max တွင် ကျင်းပပြုလုပ်မည့် Good Vibe Tribe Festival ပွဲကြီးကို တက်ရောက် ဆင်နွှဲကြပါရန် ပရူဒန်ရှယ်အာမခံက ဖိတ်ခေါ်လိုက်ပါသည်။

အခမ်းအနားတွင် Zumba ၊ ယောဂနှင့် အက လေ့ကျင့်လှုပ်ရှားမှု အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ပါဝင်နိုင်မည် ဖြစ်ပါသည်။ တက်ရောက်လာသူများအနေဖြင့် ကျန်းမာစေသော အလေ့အထကောင်းများကို လိုက်နာနေထိုင်ရန် ရည်ရွယ်ထားသူအချင်းချင်း တရင်းတနှီး မိတ်ဆက်တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။

Good Vibe Tribe Festival သို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ပရူဒန်ရှယ်အာမခံ ဝက်ဘ်ဆိုက် - https://www.prudential.com.mm/mm/Good_Vibe_Tribe/ ကို ဝင်ရောက်ပြီး အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်း နိုင်ပါသည်။

ပွဲတက်ရောက်ရန်နှင့် စာရင်းပေးသွင်းရန်တို့မှာ အခမဲ့ ဖြစ်သော်လည်း တက်ရောက်မည့်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအရ မဖြစ်မနေ ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

ပွဲတက်ရောက်ရန် အရင်ဆုံး စာရင်းပေးသွင်းသူများကို ဦးစားပေးသွားမည်ဖြစ်ပြီး စာရင်းပေးသွင်းပြီးသူများမှာ အခမ်းအနား ကျင်းပရာနေရာတွင် scan ဖတ်ရန် QR ကုဒ်တစ်ခုကို လက်ခံရရှိမည် ဖြစ်ပါသည်။

Good Vibe Tribe လှုပ်ရှားမှုများကို ဦးဆောင်မည့်သူများမှာ Zumba နည်းပြဖြစ်သူ Noel ၊ အကနည်းပြဖြစ်သူ မေသဲဦး၊ ယောဂနည်းပြဖြစ်သူ Leo Marco တို့ ဖြစ်ပါသည်။ Good Vibe Tribe Festival တွင်လည်း အဆိုပါ နည်းပြဆရာများမှ လက်တွေ့ လေ့ကျင့်လှုပ်ရှားမည့် အစီအစဉ်များကို ဦးဆောင်သွားကြမည် ဖြစ်ပါသည်။

Good_Vibe_Tribe_Festival.png

"မြန်မြန်သွက်သွက် သွားလာလှုပ်ရှားနေရတဲ့ ကျွန်တော်တို့ခေတ် လူနေမှုပုံစံထဲမှာ ကျန်းမာရေးနဲ့ ပျော်ရွှင်အောင် နေထိုင်ရေးဆိုတဲ့ အဓိက အရေးကြီးတဲ့ ရှုထောင့် နှစ်ခုကို အမြဲလိုလို မေ့နေတတ်ကြပါတယ်။

Good Vibe Tribe က လူတွေအတွက် ကိုယ်ရောစိတ်ပါ အကျိုးရှိစေမယ့် ကိုယ်လက်လှုပ်ရှားမှုတွေကို သင်ယူပြီး ပုံမှန် လေ့ကျင့်ဖြစ်အောင် အခွင့်အလမ်းတစ်ခု ဖန်တီးပေးလိုက်တာပါ။

Good Vibe Tribe Festival ကို တက်ရောက်လာမယ့်သူတွေနဲ့ တွေ့ဆုံပြီး မြူးမြူးကြွကြွ Zumba ကကွက်တွေနဲ့အတူ လှုပ်ရှားကြဖို့ မျှော်လင့်နေပါပြီ။ ပွဲထဲမှာ စိတ်ခွန်အားဖြစ်စေတဲ့ စွမ်းအင်၊ ကောင်းမွန်တဲ့ စိတ်ခံစားချက်၊ ကျန်းမာအောင် နေထိုင်တာတွေကို အားပေးတဲ့ လူမှုရပ်ဝန်းတစ်ခုမှာ တစ်စိတ်တပိုင်း ပါဝင်ရတဲ့ အရသာကို ကိုယ်တိုင် တွေ့ကြုံခံစားရမှာပါ" ဟု Zumba နည်းပြဆရာဖြစ်သူ Noel က ဆိုသည်။

 

အကနည်းပြတစ်ဦးဖြစ်သူ မေသဲဦး က "Good Vibe Tribe ဆိုတာ ကျန်းမာရေး လိုက်စားတဲ့သူတွေအတွက်ပဲ မဟုတ်ပါဘူး။ ကျန်းမာစေသော အလေ့အထတွေကို လေ့လာလိုက်စားတဲ့ အုပ်စုတစ်ခုထဲမှာ ပါဝင်ချင်တဲ့ မြန်မာနိုင်ငံက လူတိုင်းအတွက်ပါ။

အကလိုမျိုး ပုံမှန် အချိန်ပေးပြီး လုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးမှာ "စိတ်ကူကိုယ်တူအဖွဲ့" ထဲက အပေါင်းအပါတွေ ရှိမယ်ဆိုရင် မပျက်မကွက် လုပ်ဖြစ်အောင် တွန်းအားပေးနေသလို ဖြစ်စေမှာပါ။

Good Vibe Tribe Festival မှာ အက လှုပ်ရှားမှုအစီအစဉ်ကို ဦးဆောင်ပြီး Good Vibe Tribe လူမှုရပ်ဝန်းထဲက အဖွဲ့ဝင်တွေနဲ့ ရင်းနှီးမှုတွေ စတင် တည်ဆောက်ဖို့ စိတ်လှုပ်ရှားနေပါတယ်" ဟု ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ယောဂ သင်ယူလေ့ကျင့်ချင်တဲ့သူတွေ ပိုများလာတာတွေ့ရပါတယ်။ Good Vibe Tribe က ယောဂလေ့ကျင့်မှုတွေ ပိုတိုးတက်လာစေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

အွန်လိုင်းသင်တန်းတွေက တစ်ဆင့် ကျွန်တော်နဲ့အတူ ပုံမှန် လိုက်ပြီး လေ့ကျင့်နိုင်တယ်လေ။

ယောဂလေ့ကျင့်ဖို့ "စိတ်တူကိုယ်တူ အဖွဲ့" ဖွဲ့ရအောင်နဲ့ အချင်းချင်း အားပေးရင်း ပိုကျန်းမာပျော်ရွှင်မှုတွေ ရယူနိုင်အောင် Good Vibe Tribe Festival ကို အတူလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်" ဟု ယောဂနည်းပြဖြစ်သူ Leo Marco က ဆိုသည်။

 

Prudential Myanmar Life Insurance အကြောင်း

 

ပရူဒန်ရှယ်အာမခံသည် အာရှနှင့် အာဖရိက ဒေသတစ်လွှားကို အဓိကထား၍ အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော Prudential plc ၏ အပိုင် အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်နေပါသည်။

ပရူဒန်ရှယ်အာမခံ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကတိကဝတ်ပြုထားသည်။

အသေးစိတ်သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် http://www.prudential.com.mm/  နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

Prudential plc အကြောင်း

Prudential plc သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားတွင် အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

Prudential သည် လူတို့၏ ပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်အောင်နှင့် ပန်းတိုင်းများရောက်ရှိအောင် ကူညီပေးလျက်ရှိပါသည်။

Prudential plc လုပ်ငန်းသည် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးခြင်းနှင့် လူတိုင်းအတွက် ဘဝကိုအကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ကူညီပေးလျက်ရှိပါသည်။

Prudential plc တွင် အသက်အာမခံရယူသူ ၁၈ မီလီယံကျော်ရှိပြီး လန်ဒန် (PRU) ၊ ဟောင်ကောင် (2378) ၊ စင်ကာပူ (K6S) နှင့် နယူးယောက် (PUK) စတော့အိတ်ချိန်း ဈေးကွက်များတွင် စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။

Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။

https://www.prudentialplc.com/

 

 

Prudential Myanmar Introduces Good Vibe Tribe, a Community for Everyone to Improve Their Health and Wellness

 

Community to be launched with an event, the Good Vibe Tribe Festival, at Novotel Yangon Max on 30 July 2022, during which attendees can enjoy free Zumba, yoga and dance workshops together with other community members

Prudential Myanmar Life Insurance Limited (Prudential Myanmar) has set out to form Myanmar’s largest, inclusive community focused on fitness and wellness to encourage people across the country to adopt healthy habits on a daily basis.

Named the Good Vibe Tribe, the community is being formed via a Facebook Group and it is open to everyone to join, free of charge.

Members of the “Good Vibe Tribe Community by Prudential Myanmar” can enjoy free Zumba, yoga and dance classes led by expert instructors conducted online, with offline, in-person classes and activities to be held in the near future. The community allows members to connect, learn, set exercise challenges, work towards health goals and inspire others to kick-start their health journey. Educational content around the topics of health and wellness will also be shared with the community.

“Driven by our We DO Health ethos, Prudential is committed to improving the health of people across Myanmar. We wish to inspire people to adopt healthy habits and make small changes to their daily lives that will have a lasting positive impact on their health. Evidence suggests that exercising in groups, or with a community, reaps more health benefits.

That served as the inspiration behind forming the Good Vibe Tribe community where members can enjoy the good vibes associated with doing health and wellness activities together with their group, or ‘tribe’,” stated Mr Wilson Ma, Acting CEO of Prudential Myanmar.

 

‘Good Vibe Tribe Festival’ Event on Saturday, 30 July 2022

To kick off the Good Vibe Tribe community, Prudential Myanmar invites the public to attend the Good Vibe Tribe Festival, an event to be held in Novotel Yangon Max on Saturday, 30 July 2022, from 9am to 12pm.

The event will feature Zumba, yoga and dance workout sessions that anyone can participate in, free of charge, and will enable attendees to bond with others based on the common goal of enjoying healthy habits.

Persons interested to attend the Good Vibe Tribe Festival can register online at the Prudential Myanmar website: https://www.prudential.com.mm/mm/Good_Vibe_Tribe/.

Registration and attendance at the event is free of charge, however, attendees must register in advance for admission to the event for health and safety reasons.

Registration is on a first-come-first served basis and registered attendees will receive a QR code to scan at the event venue.

Leading the Good Vibe Tribe activities are ‘tribe leaders’ Noel, a Zumba instructor, May Thell Oo, a dance instructor and Leo Marco, a yoga instructor.

They will also lead the workout sessions during the Good Vibe Tribe Festival.

“Health and wellness are two critical aspects often ignored in our fast-paced lifestyles. The Good Vibe Tribe offers an opportunity for people to learn and practise regular exercise that will benefit the body and mind.

I look forward to meeting and having an awesome Zumba workout out with Good Vibe Tribe Festival attendees.

At the event, we will get to experience what it means to be part of a community that is all about celebrating positive energy, good vibes and being healthy,” said Zumba instructor Noel.

Dance instructor May Thell Oo, shared, “The Good Vibe Tribe is not only for health enthusiasts, but for anyone in Myanmar who wishes to be part of a group which practises healthy habits.

Having other ‘tribe’ mates can encourage you to stick to a regular schedule of exercise, such as dance. I am excited to lead the dance workshop at the Good Vibe Tribe Festival, and to start building connections within the Good Vibe Tribe community.”

“In recent years, I have seen a growing interest from people across Myanmar to learn and practise yoga. The Good Vibe Tribe is the perfect way for people to pick up yoga and to practise regularly with me during the online sessions.

Let’s come together at the Good Vibe Tribe Festival to form our yoga ‘tribe’, cheer each other on, and enjoy having better health and mental wellness,” said yoga instructor Leo Marco.

 

About Prudential Myanmar Life Insurance

Prudential Myanmar Life Insurance (Prudential Myanmar) is a wholly owned life insurance operation of Prudential plc, which provides life and health insurance and asset management, with a focus on Asia and Africa.

In November 2019, Prudential was granted a life insurance licence from the Ministry of Planning and Finance (MoPF) of Myanmar to offer life insurance products and solutions to the people of Myanmar to meet their growing long-term protection and savings needs.

Prudential Myanmar is focused on supporting national efforts to raise life insurance penetration and financial inclusion in the country. With its technology-enabled approach, Prudential Myanmar is committed to reach as many people as possible, and to ensure they enjoy an easy, simple and convenient experience. 

For more information, visit Prudential Myanmar’s website: www.prudential.com.mm or Facebook page: www.facebook.com/PrudentialMyanmarLifeInsurance

 

About Prudential plc

Prudential plc provides life and health insurance and asset management in Asia and Africa.

The business helps people get the most out of life, by making healthcare affordable and accessible and by promoting financial inclusion.

Prudential protects people’s wealth, helps them grow their assets, and empowers them to save for their goals. The business has more than 18 million life customers and is listed on stock exchanges in London (PRU), Hong Kong (2378), Singapore (K6S) and New York (PUK).

Prudential is not affiliated in any manner with Prudential Financial, Inc. a company whose principal place of business is in the United States of America, nor with The Prudential Assurance Company Limited, a subsidiary of M&G plc, a company incorporated in the United Kingdom.

https://www.prudentialplc.com/

Read times Last modified on Tuesday, 26 July 2022 14:13
Rate this item
(1 Vote)