What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 May 2019 16:52

ကျော နဲ့ ခါး အဆီတွေကို အလွယ်တကူ ချနိုင်မယ့် အကောင်းဆုံး လေ့ကျင့်ခန်းများ

ကျန်းမာရေး အတွက်လည်း လူတွေ ဝိတ်ကျ ချင်ကြပါတယ်။

ဝတဲ့သူ တစ်ယောက်မှာ ရှိနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံး ၊ လေဖြတ် ၊ ရင်ကြပ် ၊ သွေးတိုး ၊ ဆီးချို ၊ နောက်ဆုံး ကင်ဆာ ဖြစ်နိုင်ခြေ တွေများနေတဲ့ အထိကို မမှုဘူး ဆိုရင်တောင် ဝိတ်တက် လာတဲ့အခါ သယ်ပိုးထားရတဲ့ အလေးချိန်ကြောင့် နာကျင် ပင်ပန်းတာကို လူတွေက ရှောင်ရှားချင်ပါတယ်။ ဒါကြောင့် ကျော နဲ့ ခါးအဆီတွေကို အဆီတွေကို အလွယ်တကူ ချနိုင်မယ့် လေ့ကျင့်ခန်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

လေ့ကျင်းခန်း ၁

10 Exercises to Kill Back Fat Your Body Can’t Wait to Try

ပုံပြထားအတိုင်း လက်မဖက်ကို တန်းပြီး စက်ဝိုင်းပုံ သဏ္ဍန် ၄၅ စက္ကန့် သို့မဟုတ် ၁ မိနစ်လောက် လှည့်ပေးခြင်းပြုလုပ်ပေးပါ။

 

လေ့ကျင့်ခန်း ၂

10 Exercises to Kill Back Fat Your Body Can’t Wait to Try

ဒူးကို အနည်းငယ် ညွှန့်ပြီး ခန္ဓာကိုယ် ၄၀ ဒီကရီလောက် ကုန်ပြီး အလေးကို အပေါ်အောက်သို့ ဆွဲခြင်းပြုလုပ်ပေးပါ ၊ အောက်ခြေကို မထိရ။ ခါးကို မတ်မထားခြင်း ၊ တအားကုန်ခြင်း မပြုလုပ်ရ။ ၄၅ စက္ကန့် သို့မဟုတ် ၁ မိနစ် ပြုလုပ်ပေးပါ။

 

လေ့ကျင့်ခန်း ၃

10 Exercises to Kill Back Fat Your Body Can’t Wait to Try

လေ့ကျင့်ခန်း ၂ အတိုင်း ခန္ဓာကိုယ် အနေအထားမပြောင်းပဲ လက်မောင်းမှ ကြွက်သားများကို ညစ်ပြီး ၅ ကြိမ်တိုင်တိုင် ပြုလုပ်ပေးပါ။

 

လေ့ကျင့်ခန်း ၎

ဖျာပေါ်မှာ မှောက်လျက်လဲအိပ်ပြီ လက် နဲ့ ခြေထောက်ကို ဆန့်တန်းပြီး အနောက်ဘက်ကြွက်သားတွေကိုညှစ်ပြီး အပေါ်သို့ ဆန့်တန်းခြင်း ပြုလုပ်ပေးပါ။ ၄၅ စက္ကန့် သို့မဟုတ် ၁ မိနစ်လောက် ပြုလုပ်ပေးပါ

 

လေ့ကျင့်ခန်း ၅

ဖျာပေါ်မှာမှောက်လျှက်လှဲပြီး ဗိုက်ကို ဖျာနဲ့ဖိကပ်ထားပြီး ရင်ကို ကော့်ထား၍ လက်ကိုတော့ ခန္ဓာကိုယ်နောက်ဘက်ကိုဆန့်တန်းထားပါ။ ပခုံးနဲ့နောက်ကျောအပေါ်ဘက်ကို ညှစ်ပြီးတော့ လက်ကိုရှေ့နောက်ဆန့်တန်းခြင်းကို ၄၅ စက္ကန့် သို့မဟုတ် ၁ မိနစ်လောက်ပြုလုပ်ပေးပါ။

 

လေ့ကျင့်ခန်း ၆

လေ့ကျင့်ခန်း (၅) မှာပြောထားသည့်အတိုင်း မှောက်လျှက်အနေအထားနဲ့ လက်နဲ့ ခြေထောက်တွေကို မ ထားသည့်အနေအထားပြုလုပ်ပေးပါ။ အသက်ကို ပုံမှန် ရှုထုတ်ပါ။ ၄၅ စက္ကန့်လောက်ပြုလုပ်ပေးပါ။ ၁၅ စက္ကန့်လောက်အနားယူပြီး ပြုလုပ်ပေးနိုင်ပါတယ်။

 

လေ့ကျင့်ခန်း(၇)

မတ်တပ်ရပ်အနေအထားဖြင့် လက်တစ်ဖက်ကိုအပေါ်မြှောက်ပြီး ကျန်လက်တစ်ဖက်ကို ခြေထောက်တစ်ဖက်ကိုထိထားသည့် အနေအထားတိုင်း ဘယ် ၊ ညာ ပြုလုပ်ပေးပါ။ ဒူးကိုဆန့်ထားပြီး တတ်နိုင်လောက်သည့်အနေအထားထိသာ ခြေထောက်ကိုထိထားပြီး မျဉ်းဖြောင့်ပုံသဏ္ဍာန်အနေအထားမျိုးဖြင့်နေပါ။ တစ်ဖက်နှင့်တစ်ဖက်ကို လှည့်ပြီးပြုလုပ်ပေးပါ။ ၄၅ စက္ကန့်လောက်ထိပြုလုပ်ပေးပါ။

 

လေ့ကျင့်ခန်း ၈

ဖျာပေါ်မှာမှောက်လျှက်အနေအထားဖြင့်နေပါ။ တင်ပါးနဲ့ခြေထောက်ကိုတစ်သားတည်းချထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်မတ်အနေအထားဖြင့် လက်ကိုအပေါ်သို့ဆန့်တန်းထားပါ။ ထိုပုံစံတိုင်း စက္ကန့်အနည်းငယ်လောက်နေကြည့်ပါ။ ၄၅ စက္ကန့်လောက်လုပ်ပေးပါ။

 

လေ့ကျင့်ခန်း ၉

ခန္ဓာကိုယ်ကိုမှောက်လျှက်အနေအထားဖြင့်နေပြီး လက်နဲ့ခြေထောက်ကို ဆန့်တန်းပြီး မထားသည့်အနေအထားဖြင့်နေပါ။ ပခုံးသားတွေနဲ့ ပေါင်ကြွက်သားတွေကို ညှစ်ပြီး ဆန့်တန်းပေးပါ.။၄၅ စက္ကန့်လောက်ထိပြုလုပ်ပေးပါ။

 

ထိုနည်းအတိုင်း ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ ကျော နဲ့ ခါး မှာရှိတဲ့ အဆီတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ချနိုင်မှာ ဖြစ်ပါတယ်။

 

Ref: brightside

Read times
Rate this item
(0 votes)