What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 November 2019 16:59




ပါဝင်ပစ္စည်းများ



ပျားရည်၁ ဇွန်း။


ပြုလုပ်ပုံ




စန္ဒီ

{Unicode}
=======

သင်္ဘောသီး ပျားရည် ပေါင်းတင်ဆေး

သင်္ဘောသီးတွင် (papain) လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ပါဝင်ပါတယ်။ သူကယားယံ နီရဲတဲ့အရေပြားကို ကုသပေးနိုင်ပါတယ်။ အရေပြား လျော့ရဲတာနဲ့ အရေးအကြောင်းကိုလဲ သက်သာလျော့ပါးစေနိုင်ပါတယ်။


ပါဝင်ပစ္စည်းများ

သင်္ဘောသီး အမှည့် ၄ ပုံ ၁ ပုံ။

ပျားရည်၁ ဇွန်း။

 

ပြုလုပ်ပုံ


ခွက်တစ်ခုထဲ သင်္ဘောသီးမှည့်မှ အသားများခြေ ထည့်ထားပါ။ သူအထဲ ပျားရည် အစစ် ၁ဇွန်း ထည့်ပြီး သမအောင် မွှေထားပါ။


သန့်စင်ထားတဲ့ မျက်နှာနဲ့ လည်ပင်းအနှံ့ လိမ်းပါ။ - မိနစ် ၂၀ လောက် နားနေပြီးတင်းရင်းလာတဲ့အထိ အခြောက်ခံလိုက်ပါ။ အရေပြားထဲ သူ့အာဟာရ တွေစိမ့်ဝင်ပါစေ။


ပြီးမှရေ နွေးနွေးလေးနဲ့ ပြန်ဆေးကြောပါ။ - အသားက ချောမွတ်ပြီး အရေး အကြောင်းဖြေ နုပျိုစေပါတယ်။ - သင်္ဘောသီးထဲက အင်ဇိုင်းက ချေးညှော်ကင်းစင်စေတဲ့အတွက် ဝင်းပတင်းရင်း လာပါမယ်။


ပျားရည်ကြောင့်လည်း အရေပြားက ရေငွေ့ဓာတ်ရပြီး နူးညံ့ ချောအိလာမှာပါ။ - တစ်ပတ် ၃ ကြိမ် လုပ်ပေးပါ သိသိသာသာ ချောမွတ်နုပျိုဝင်းပလာစေပါမယ်။


စန္ဒီ

Read times Last modified on Thursday, 14 November 2019 10:50
Rate this item
(0 votes)