What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 October 2019 10:36

ကိုယ္ဝန္ ​ေဆာင္ခ်ိန္ အၾကာျပတ္ျခင္း

ကိုယ္ဝန္ ​ေဆာင္ဖူးသူ အမ်ိဳးသမီးေတြမွာ တစ္သက္စာ အမွတ္အသား တစ္ခုက်န္ရစ္ခဲ့ တတ္ပါတယ္။

အဲဒါကေတာ့ ဗိုက္ေၾကာျပတ္ရာေတြျဖစ္ပါတယ္။ ဗိုက္ေၾကာျပတ္ရာေတြဟာ အနီေရာင္ သို႔မဟုတ္ အညိုေရာင္ အရာေတြျဖစ္ၿပီး ဝမ္းဗိုက္အေရျပားေပၚမွာ တစ္သက္စာအမာ႐ြတ္ အမွတ္သားအျဖစ္ က်န္ရစ္ေနခဲ့တတ္ပါတယ္။ 

 

ဗိုက္ေၾကာျပတ္ရတဲ့အေၾကာင္းအရင္းကေတာ့ ကိုယ္ဝန္ေၾကာင့္ ပူလာတဲ့ဝမ္းဗိုက္အတြက္ အေရျပားက လိုက္ဆန႔္ေပးရင္း ေနာက္ဆုံးမွာ သူ႕ရဲ႕ဆန႔္အားကိုေက်ာ္လြန္သြားတာေၾကာင့္ အရာထင္က်န္ရစ္ခဲ့တာျဖစ္ပါတယ္။ အဝလြန္သူေတြမွာလည္း အဲဒီလိုအေၾကာျပတ္ရာေတြရွိတတ္ပါတယ္။ 

 

ဆန႔္အားကိုေက်ာ္လြန္သြားရင္ အေရျပားၿပဲသြားတဲ့သေဘာနဲ႕ အရာငယ္ေလးက်န္ခဲ့တာပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္အေၾကာျပတ္တတ္တဲ့ေနရာေတြထဲမွာ ဗိုက္၊ ရင္သား၊ ေပါင္တံနဲ႕ တင္ပါးတို႔ အမ်ားဆုံးျဖစ္ပါတယ္။ အေၾကာျပတ္ရတဲ့အေၾကာင္းအရင္းေတြကို ေလ့လာၾကည့္ရေအာင္။ 

 

မ်ိဳးရိုး 

အကယ္လို႔ မိခင္ဟာ အေၾကာျပတ္ခဲ့တယ္ဆိုရင္ သမီးျဖစ္သူကလည္း အေၾကာလိုက္ျပတ္ဖို႔မ်ားပါတယ္။ 

 

လူမ်ိဳး  

အေရျပားကို အေရာင္ရင့္ေစတဲ့ မယ္လနင္ဓာတ္မ်ားသူအမ်ိဳးသမီးေတြမွာေတာ့ အေၾကာျပတ္နိုင္ေျခ နည္းပါတယ္။ သေဘာက အသားညိုသူ အသားမည္းသူေတြထက္ အသားျဖဴေတြက အေၾကာပိုျပတ္နိုင္ပါတယ္။  

 

ေရဓာတ္  

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေရမ်ားမ်ားေသာက္ဖို႔လိုပါတယ္။ ေရဓာတ္နည္းပါးရင္ အေၾကာျပတ္ပါလိမ့္မယ္။ အေရျပားေတြ ေရဓာတ္အလုံအေလာက္ရေနဖို႔ အေရးႀကီးပါတယ္။  

 

ကုတ္ဖဲ့ျခင္း  

ကိုယ္ဝန္ေၾကာင့္ ဝမ္းဗိုက္က ကားလာခ်ိန္မွာ အေရျပားဟာ ႐ြစိ႐ြစိနဲ႕ ယားယံလာနိုင္ပါတယ္။ အဲဒီအခ်ိန္မွာ မကုတ္ပါနဲ႕။ ကုတ္မယ့္အစား အယားသက္သာေအာင္ လိုးရွင္းတစ္ခုခုလိမ္းျခင္း သို႔မဟုတ္ ေပါင္ဒါမႈန႔္လိမ္းျခင္းေတြလုပ္သင့္ပါတယ္။ 

 

​ေလ့က်င့္ခန္း 

 ​ေလ့က်င့္ခန္းေန႕စဥ္လုပ္ျခင္းဟာ အေရျပားကို ႏူးညံ့ေပ်ာ့ေျပာင္းေစသလို ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ကင္းစင္ေစပါတယ္။ ဒီလိုနည္းအားျဖင့္ အေရျပားရဲ႕ က်ဳံ႕ဆန႔္စြမ္းရည္ကို တိုးျမႇင့္ေပးနိုင္တာေၾကာင့္ အေၾကာျပတ္ျခင္းကို ေလ်ာ့ပါးေစမွာျဖစ္ပါတယ္။ 

 

အေၾကာျပတ္ျခင္းျဖစ္ၿပီဆိုရင္ ေသရာပါအမာ႐ြတ္က်န္ခဲ့သလို အလြယ္တကူေပ်ာက္ကင္းဖို႔လည္း မလြယ္တာေၾကာင့္ ကာကြယ္ျခင္းကသာ အသင့္ေလ်ာ္ဆုံးျဖစ္ပါတယ္။ အေၾကာျပတ္ျခင္းေတြမျဖစ္ေအာင္ အေရးအႀကီးဆုံးနည္းလမ္းကေတာ့ ကိုယ္ဝန္စ ေဆာင္ခ်ိန္ကတည္းက ကိုယ့္အေရျပားကို ဂ႐ုစိုက္တာပဲျဖစ္ပါတယ္။ 

 

အထက္မွာဆိုခဲ့သလို အေရျပားမွာေရဓာတ္မ်ားမ်ားရၿပီး က်ဳံ႕ဆန႔္စြမ္းရည္တိုးလာေစဖို႔ ေရမ်ားမ်ားေသာက္ေပးပါ။ ဒါ့အျပင္အေရျပားေျခာက္ေသြ႕မႈကို ကာကြယ္ဖို႔ စိုစြတ္ေစတဲ့ Moisturizer ခရင္မ္ေတြကို ဝမ္းဗိုက္၊ ရင္သားနဲ႕ ေပါင္တို႔မွာ လိမ္းေပးပါ။ ျမန္မာျပည္က ေမေမေတြအေနနဲ႕ သံလြင္ဆီ၊ မုန္ညင္းဆီေတြလိမ္းရင္လည္း အဆင္ေျပမွာပါ။ 

 

အစားအေသာက္စားရမွာလည္း အာဟာရညီၫြတ္ေအာင္စားၿပီး ကိုယ္အေလးခ်ိန္ျမင့္တက္မလာေအာင္ ဂ႐ုစိုက္ဖို႔အေရးႀကီးပါတယ္။ ႐ုတ္တရက္ကိုယ္အေလးခ်ိန္တက္လာျခင္းက အေၾကာျပတ္ျခင္းကို ျဖစ္ေစနိုင္ပါတယ္။ 

 

အာဟာရညီၫြတ္ေအာင္စားရမွာျဖစ္သလို ဗီတာမင္ A, ဗီတာမင္ E နဲ႕ ဗီတာမင္ C တို႔ဟာလည္း အေရျပားကို ႏူးညံ့ေပ်ာ့ေျပာင္းေစဖို႔ အေထာက္အကူျပဳပါတယ္။ ကိုယ္အေလးခ်ိန္မတက္လာေစဖို႔ ပုံမွန္ေလ့က်င့္ခန္းလုပ္ဖို႔လည္းအေရးႀကီးပါတယ္။ 

 

ေဒါက္ တာ တာခ်စ္ေဆြ M.B.,B.S (YGN) Population Services International

{Unicode}

=========

ကိုယ်ဝန် ​ဆောင်ချိန် အကြာပြတ်ခြင်း 

 

ကိုယ်ဝန် ​ဆောင်ဖူးသူ အမျိုးသမီးတွေမှာ တစ်သက်စာ အမှတ်အသား တစ်ခုကျန်ရစ်ခဲ့ တတ်ပါတယ်။ အဲဒါကတော့ ဗိုက်ကြောပြတ်ရာတွေဖြစ်ပါတယ်။ ဗိုက်ကြောပြတ်ရာတွေဟာ အနီရောင် သို့မဟုတ် အညိုရောင် အရာတွေဖြစ်ပြီး ဝမ်းဗိုက်အရေပြားပေါ်မှာ တစ်သက်စာအမာရွတ် အမှတ်သားအဖြစ် ကျန်ရစ်နေခဲ့တတ်ပါတယ်။ 

 

ဗိုက်ကြောပြတ်ရတဲ့အကြောင်းအရင်းကတော့ ကိုယ်ဝန်ကြောင့် ပူလာတဲ့ဝမ်းဗိုက်အတွက် အရေပြားက လိုက်ဆန့်ပေးရင်း နောက်ဆုံးမှာ သူ့ရဲ့ဆန့်အားကိုကျော်လွန်သွားတာကြောင့် အရာထင်ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ အဝလွန်သူတွေမှာလည်း အဲဒီလိုအကြောပြတ်ရာတွေရှိတတ်ပါတယ်။ 

 

ဆန့်အားကိုကျော်လွန်သွားရင် အရေပြားပြဲသွားတဲ့သဘောနဲ့ အရာငယ်လေးကျန်ခဲ့တာပါ။ ကိုယ်ဝန်ဆောင်ချိန်အကြောပြတ်တတ်တဲ့နေရာတွေထဲမှာ ဗိုက်၊ ရင်သား၊ ပေါင်တံနဲ့ တင်ပါးတို့ အများဆုံးဖြစ်ပါတယ်။ အကြောပြတ်ရတဲ့အကြောင်းအရင်းတွေကို လေ့လာကြည့်ရအောင်။ 

 

မျိုးရိုး 

အကယ်လို့ မိခင်ဟာ အကြောပြတ်ခဲ့တယ်ဆိုရင် သမီးဖြစ်သူကလည်း အကြောလိုက်ပြတ်ဖို့များပါတယ်။ 

 

လူမျိုး  

အရေပြားကို အရောင်ရင့်စေတဲ့ မယ်လနင်ဓာတ်များသူအမျိုးသမီးတွေမှာတော့ အကြောပြတ်နိုင်ခြေ နည်းပါတယ်။ သဘောက အသားညိုသူ အသားမည်းသူတွေထက် အသားဖြူတွေက အကြောပိုပြတ်နိုင်ပါတယ်။  

 

ရေဓာတ်  

ကိုယ်ဝန်ဆောင်ချိန်မှာ ရေများများသောက်ဖို့လိုပါတယ်။ ရေဓာတ်နည်းပါးရင် အကြောပြတ်ပါလိမ့်မယ်။ အရေပြားတွေ ရေဓာတ်အလုံအလောက်ရနေဖို့ အရေးကြီးပါတယ်။  

 

ကုတ်ဖဲ့ခြင်း  

ကိုယ်ဝန်ကြောင့် ဝမ်းဗိုက်က ကားလာချိန်မှာ အရေပြားဟာ ရွစိရွစိနဲ့ ယားယံလာနိုင်ပါတယ်။ အဲဒီအချိန်မှာ မကုတ်ပါနဲ့။ ကုတ်မယ့်အစား အယားသက်သာအောင် လိုးရှင်းတစ်ခုခုလိမ်းခြင်း သို့မဟုတ် ပေါင်ဒါမှုန့်လိမ်းခြင်းတွေလုပ်သင့်ပါတယ်။ 

 

​လေ့ကျင့်ခန်း 

 ​လေ့ကျင့်ခန်းနေ့စဉ်လုပ်ခြင်းဟာ အရေပြားကို နူးညံ့ပျော့ပြောင်းစေသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ဒီလိုနည်းအားဖြင့် အရေပြားရဲ့ ကျုံ့ဆန့်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်တာကြောင့် အကြောပြတ်ခြင်းကို လျော့ပါးစေမှာဖြစ်ပါတယ်။ 

 

အကြောပြတ်ခြင်းဖြစ်ပြီဆိုရင် သေရာပါအမာရွတ်ကျန်ခဲ့သလို အလွယ်တကူပျောက်ကင်းဖို့လည်း မလွယ်တာကြောင့် ကာကွယ်ခြင်းကသာ အသင့်လျော်ဆုံးဖြစ်ပါတယ်။ အကြောပြတ်ခြင်းတွေမဖြစ်အောင် အရေးအကြီးဆုံးနည်းလမ်းကတော့ ကိုယ်ဝန်စ ဆောင်ချိန်ကတည်းက ကိုယ့်အရေပြားကို ဂရုစိုက်တာပဲဖြစ်ပါတယ်။ 

 

အထက်မှာဆိုခဲ့သလို အရေပြားမှာရေဓာတ်များများရပြီး ကျုံ့ဆန့်စွမ်းရည်တိုးလာစေဖို့ ရေများများသောက်ပေးပါ။ ဒါ့အပြင်အရေပြားခြောက်သွေ့မှုကို ကာကွယ်ဖို့ စိုစွတ်စေတဲ့ Moisturizer ခရင်မ်တွေကို ဝမ်းဗိုက်၊ ရင်သားနဲ့ ပေါင်တို့မှာ လိမ်းပေးပါ။ မြန်မာပြည်က မေမေတွေအနေနဲ့ သံလွင်ဆီ၊ မုန်ညင်းဆီတွေလိမ်းရင်လည်း အဆင်ပြေမှာပါ။ 

 

အစားအသောက်စားရမှာလည်း အာဟာရညီညွတ်အောင်စားပြီး ကိုယ်အလေးချိန်မြင့်တက်မလာအောင် ဂရုစိုက်ဖို့အရေးကြီးပါတယ်။ ရုတ်တရက်ကိုယ်အလေးချိန်တက်လာခြင်းက အကြောပြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ 

 

အာဟာရညီညွတ်အောင်စားရမှာဖြစ်သလို ဗီတာမင် A, ဗီတာမင် E နဲ့ ဗီတာမင် C တို့ဟာလည်း အရေပြားကို နူးညံ့ပျော့ပြောင်းစေဖို့ အထောက်အကူပြုပါတယ်။ ကိုယ်အလေးချိန်မတက်လာစေဖို့ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့လည်းအရေးကြီးပါတယ်။ 

Read times Last modified on Friday, 06 March 2020 10:50
Rate this item
(0 votes)