What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 17 July 2018 13:42

ကလေးတွေကို ပေးစားမိတဲ့ အန္တရာယ်ရှိသော အစားအစာများ

ကလေးတွေကို ပေးစားမိတဲ့ အန္တရာယ်ရှိသော အစားအစာများ Google.com

ကလေးငယ်အများစုဟာ အသက်အရမ်းငယ်ရွယ်စဉ်အချိန်မှာပဲ သကြားပါတဲ့အစားသောက်တွေကို စ ပြီး ကျွေးခြင်းခံနေရပါတယ်။

မိဘတွေ မအားလို့ ကလေး ကိုချော့မော့တဲ့အနေနဲ့ဖြစ်စေ ချစ်ခင်လို့လဲဖြစ်စေ အချိုများတဲ့အစားသောက်တွေဟာ ကလေးတွေ နေ့စဉ် ကျွေးခံနေရတဲ့အထဲမှာပါဝင်ပါတယ်။ ဒါကြောင့်ပဲ ကလေးငယ်တွေရဲ့အရသာခံအဖုလေးတွေဟာ သူတို့ရဲ့ သိနိုင်စွမ်းအာရုံခံစားနိုင်စွမ်း တွေလျော့ကျလာပြီး ပုံမှန်အစားအစာတွေကို သူတို့ပါးစပ်က မတိုးတော့ပါဘူး။ ဒါ့အပြင် ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာ ရပ်တွေကြောင့် ပေးမစားသင့်တဲ့အစားသောက်တွေလဲရှိနေပါသေးတယ်။ 

၁- အသီးဖျော်ရည်

yy1

အသီးဖျော်ရည်တွေ ဟာ ယခုခေတ်မှာအရမ်းခေတ် စားလာတဲ့ သောက်စရာတွေဖြစ်ပါတယ်။ သက်တောင်သက်သာနဲ့ ထုတ်ပိုးမူ အလန်းစားတွေက ဝယ်သူကိုဆွဲဆောင်မူ တစ်ခုလဲဖြစ်ပါတယ်။ ဒါပေမယ့် အချိုရည် ဖန်ခွက်တစ်ခွက် မှာ သကြား (လက်ဖက်စားဇွန်) ၅ ဇွန်းကနေ ၆ ဇွန်းအထိ ပါဝင်နိုင်ပါတယ်။ အဲဒီသကြာပျော်ရည်တွေဟာ လည်ပတ်နေသော သွေးထဲကို အလွယ်တကူ ရောက်ရှိနိုင်ပြီး ကိုယ်တွင်းဖြစ်စဉ်တွေအတွက် မကောင်းပါဘူး။ ဒါကြောင့်ထုတ်ပိုးပြင်ဆင်ထားတဲ့ အချိုရည်တွေမဟုတ်ဘဲ အသီးကိုညစ်ကို လတ်ဆတ် အောင် ဖျော်ရည်လုပ်သောက်ခြင်း ပဲ လုပ်ပါလို့အကြံပေးထားကြပါတယ်။

၂- ဒိန်ချဉ်

yy2

ကျန်းမာရေးနဲ့ညီတဲ့ ဒိန်ချဉ်ကိုရွေးချယ်ဖို့အတွက် ပါဝင်ပစ္စည်းတွေ ဖတ်သင့်ပါတယ်။ ပထမဦးစွာ ရေခဲသေတ္တာထဲမှာ ထိန်းသိမ်းမထားတဲ့ ဒိန်ချဉ်တွေကိုမဝယ်သင့်ပါဘူး။ အချိုတွေများတာ တဲ့ သဘာအတိုင်းရှိနေတဲ့ဒိန်ချဉ်ကိုဝယ်ယူသင့်ပါတယ်။ အသီးနဲ့သကြားပါဝင်မူများတဲ့ ဒိန်ချဉ်တွေ ဟာ ကလေးတွေကို အဝလွန်စေပါတယ်။
၃- ပျားရည်

yy3

အသက်၂ နှစ်မရှိသေးတဲ့ကလေးတွေဟာ ပျားရည် မစားသုံးသင့်ပါဘူး။ အဲလက်ဂျစ် ထခြင်း နဲ့ အခပ်မသင့်တဲ့အခါ ဘက်တီးတီးယားတို့ကြောင့် အစာအဆိပ်သင့်ခြင်းလဲဖြစ်နိုင်ပါတယ်။
၎- စပျစ်သီး

yy4

စပျစ်သီးမှာ ကလေးတွေလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။ ဒါပေမယ့် ကလေးတွေကိုပေးမစားသင့်တာကတော့ စပျစ်သီးတွေဟာ ကလေးငယ်တွေ ဝါးနိုင်တာထက် ပိုကြီးနေတတ်ပြီး လည်ပင်နင်တာလဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် စပျစ်သီးတွေက ကလေးတွေရဲ့အစာခြေလမ်းကြောင်း အတွက်လဲခက်ခဲစေပါတယ်။ အသီးကိုမှကျွေးချင်ရင်တော့ ကလေးငယ်တွေအတွက် ငှပျောသီးကို သာရွေးချယ်သင့်ပါတယ်။
၅- ဗီတာမင်အစုံ

yy5

ဗီတာမင် တွေလိုပြောလိုက်တာနဲ့အမြဲ အငြင်းပွားစရာတွေရှိစမြဲပါ။ ဒါကဘာကြောင့်လဲဆိုတော့ မိဘတွေဟာ သူတို့ရဲ့ အသိ ၊ သူတို့သိသလောက်အပေါ်မှာသာ အခြေခံ ပြီးကလေးတွေကို ပြုစုကြလို့ဖြစ်ပြီး တစ်ခါတစ်ရံမှာ ဒါဟာ အန္တရာယ်တောင်ဖြစ်စေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာဝန်ရဲ့ညွန်ကြားမူကတော့ အရေးအကြီးဆုံးဖြစ်ပါတယ်။ ကလေးတွေဟာ အစားအစာတွေကနေ သူတို့လိုအပ်တဲ့ဗီတာမင်တွေ ရသင့်တာပါ။ ဗီတာမင်နဲ့ပတ်သက်လို့ အခြားသော အပို ထောက်ပံမူတွေတော့ မလိုအပ်ပါဘူး။

source:mingalarbarmorning

Read: ဦးဏှောက် အမြှေးရောင်ရောဂါ

ဦးဏှောက် အမြှေးရောင်ရောဂါ

 

Read times
Rate this item
(0 votes)