What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 13 June 2020 22:15

ကိုယ်ပေါ်က အတွင်းခံအရာကို ဖျောက်ကြမယ်

အတွင်းခံဘရာကို နှစ်ရှည်များစွာ ကျပ်ကျပ်ဝတ်ထားတဲ့ သူတွေ ၊ ဘီကီနီဝတ်ပြီး နေပူဆာလှုံတဲ့သူတွေမှာ အတွင်းခံ အရာလေးတွေ တစ်နည်းအားဖြင့် အသားအရောင်မညီတာတွေ ကျန်ခဲ့တတ်ပါတယ်။

 

ရံဖန်ရံခါ ပခုံပျောက် ၊ ကျောပြောင်လေး ဝတ်တဲ့အချိန်မှာ ဒီအရာလေးတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ အဲဒီလို အရာလေးတွေကို ဖျောက်ဖျက်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ ဘသာဝ နည်းလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

 

 

သံပရာရည်

သဘာဝ ကြေးချွတ်အစွမ်းရှိတဲ့သံပရာရည်က ဆဲလ်သေတွေကို ဖယ်ရှာပေးနိုင်သလို မညီမညာဖြစ်နေတဲ့ အရာတွေကို တစ်သားတည် ဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ သံပရာရှည်အနည်းငယ် နဲ့ရောပြီး သုံးပေးရင် အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်သလို သံပရာနဲ့ အက်ဆစ်အစွမ်းကြောင့် အသားလောင်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒီအရောအစပ်ကို ထင်ကျန်နေတဲ့ အရာလေးပေါ် သုတ်လိမ်းလို့ ၂၅ မိနစ်ထားပြီး ရေဆေးချလိုက်ပါ။ နေ့စဉ်မှန်မှန် လုပ်ပေးမယ်ဆိုရင် ၂ ပတ်အတွင်း သိသာလာမှာ ဖြစ်ပါတယ်။

 

သခွာသီး

ရေဓာတ်များ ပါဝင် ဗီတာမင်စီ ကြွယ်ဝတဲ့ သခွားသီးက ကိုယ်ပေါ်က အရာတွေကို အရောင်ဖျော့စေတဲ့အပြင် အသားအရေကို အာဟာရဖြည့်တင်းပေးနိုင်ပါတယ်။ သခွားသီးကို အချပ်လေးတွေ ပါးပါးလှီးပြီး ကြိတ်ချေလို့ ရလာတဲ့ အနှစ်ကို အရာလေးတွေအပေါ် မိနစ် ၂၀ လောက် အုံထားပေးပြီး အချိန်ပြည့်ရင် ရေးဆေးချလိုက်ပါ။ ချက်ချင်းသိသာတဲ့ ရလာဒ်ကို တွေ့ရမှလည်းဖြစ်ပါတယ်။ ၂ ပတ်လောက် နေ့စဉ် မှန်မှန် လုပ်ပေးဖို့လည်း မမေ့နဲ့အုံးနော်..။

 

မုန့်ဖုတ် ဆိုဒါ

မုန့်ဖုန်ဆိုဒါဆိုရင် အစွမ်းထက် ကြေးချွတ်ဆေးအဖြစ် အားလုံးသိကြတဲ့ အတိုင်းပါဘဲ။ နေလောင်လိုဘဲ ဖြစ်ဖြစ် ၊ ကာလကြာရှည် ပွတ်တိုက်မှုကြောင့်ဘဲ ဖြစ်ဖြစ် အရေပြားပေါ်က မညီမညာဖြစ်နေတဲ့ အရာတွေအတွက် မုန့်ဖုတ်ဆိုဒါ ပန်းကန်ငယ် တစ်လုံးစာမှာ သကြားတစ်ဇွန်းထည့်ပါ ၊ ရေခွက်ဝက်စာထည့်ပြီး ရေမွှေကာ ရလာတဲ့ အနှစ်ကို ခန္ဓာကိုယ်ပေါ်မှာ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ကြာပြီးနောက် ရေဆေးချလိုက်ပါ။ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်လောက် ပုံမှန် ပြုလုပ်ပေးပြီး ၂ ပတ်အတွင်းမှာ သိသာတဲ့ ရလာဒ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Read times Last modified on Monday, 15 June 2020 15:35
Rate this item
(1 Vote)