What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 January 2021 10:52

မကြာခဏ ခေါင်းလျှာ်တတ်တဲ့ အမျိုးသမီး တွေအတွက် သိကောင်းစရာများ

သင့် ဆံပင် တွေကို ဂရုတစိုက်နဲ့ မကြာခဏလျှော်နေတာတောင်မှ သိပ်မကြာခင် မြန်မြန်နဲ့ ပြန်ပြီး ညစ်ပတ်နိုင်ပါတယ်။

ဒီခေတ်ကြီးမှာ လူအတော်များများက မကြာခဏ သူတို့ဆံပင်တွေလျှော်ဖို့ အချိန် အလုံအလောက် မရှိကြပါဘူး။ ဒါ့အပြင် ရှန်ပူနဲ့ ကလိုရင်းရေကို စဉ်ဆက်မပြတ်ထိတွေ့ခြင်းက သင့်ရဲ့ဆံပင်ကို အန္တရာယ်ဖြစ်နိုင်ပါတယ်။ဆံပင်မြန်မြန်ညစ်ပတ်ရခြင်းရဲ့ အဓိကအကြောင်းရင်းက ဘာလဲ?

ဆီကြည်ဂလင်း

သင့်ဦးခေါင်းအရေပြားပေါ်မှာ Sebum များကို ထုတ်လုပ်မှုသည် သင့်ဆံပင်ကို ကြည့်ရတာ ညစ်ပတ်ပြီး မလတ်ဆတ်ဘူးလို့ မြင်ရစေပါတယ်။ ဒီSebum ရဲ့ပိုလျှံထုတ်လုပ်မှုက ဒီအချက်များပေါ်မှာ မူတည်ပါတယ်။

၁။ အသက်အရွယ် (လူငယ်များရဲ့ ခန္ဓာကိုယ် aတွက Sebum အမြောက်အမြားထုတ်လုပ်ပါတယ်)

၂။ လိင်( အမျိုးသားရဲ့ အရေပြားက အဆီ နဲ့ထိတွေ့မှု ပိုပြီးကျရောက်လေ့ရှိပါတယ်)

၃။ ရာသီ (အရေပြားက ပူနွေးတဲ့ရာသီဥတုမှာ အဆီ ထွက်တာ ပိုပြီးဖြစ်လာပါတယ်)

၄။ ဟော်မုန်းနောက်ခံနှင့် ရောဂါများ (ပဋိဇီဝဆေး အသုံးပြုသူများ၊ အချို့ဆေးဘက်ဝင်နှင့် သင့်ဆံပင်ကို ဆိုးကျိုူးပေးတဲ့ ဟော်မုန်းဆေးဝါးများ)

၅။ အစားအစာ (အဆီများတဲ့ အစားအစာများ၊ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအသောက်ပစ္စည်းများနှင့် အရက်အလွန်အကျွံသောက်သုံးမှုက ဆံပင်ရဲ့အဆီခဲကို တိုးလာစေနိုင်ပါတယ်)

၆။ အရေပြား၏ အဆီပါဝင်မှုက မျိုူးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သင်သည် သင့်ဆံပင်ရဲ့ လက်ဆတ်မှုကို ပိုကြာရှည်အောင် ဘာလုပ်သင့်ပါသလဲ? သင့်ဆံပင်ကို မကြာခဏ ဘယ်လိုလျှော်သင့်ပါသလဲ?

၁။ မှန်ကန်တဲ့ ရှန်ပူကို ရွေးချယ်ပြီး သင့်ဆံပင်ကို လျှော်မယ့် အကြိမ်နှုန်းကို ရွေးချယ်ပါ။ အမျိုးသားများသည် နေ့တိုင်း သို့မဟုတ် အခြားနေ့တွေမှာ ဆံပင်တွေကို လျှော်သင့်ပါတယ်။ အမျိုးသမီးများသည် သူတို့ဆံပင်တွေကို ၂ရက်၃ရက်တိုင်း ၁ကြိမ် သို့မဟုတ် လိုအပ်လျှင်နေ့တိုင်း လျှော်သင့်ပါတယ်။

၂။ သင့်ဆံပင်ကို မကြာခဏလျှော်လျှင် ခေါင်းလျှော်ရည်အပျော့စားကို ဦးစားပေးတာက ပိုကောင်းပါတယ်။ ခေါင်းလျှော်ရည်အပြင်းစားများက ဦးရေပြားကို ပိုပြီးခြောက်သွေ့စေနိုင်တာကြောင့် နေ့တိုင်း အဆီပြန်တဲ့ ဆံပင်အတွက် ခေါင်းလျှော်ရည်ကို မသုံးပါနဲ့။ ဒါက သင့် ဆံပင် ကို ဆိုးကျိုးဖြစ်စေနိုင်ပြီး ယားယံမှုဖြစ်ပွားစေနိုင်ပါတယ်။

၃။ သင်သည် မကြာခဏ ခေါင်းလျှော် ဖို့ အချိန်မပေးနိုင်ပေမယ့် သင့်ဆံပင်များက အဆီများနေလျှင် Sebum ထုတ်လုပ်မှုကို လျော့နည်းစေမယ့် ခေါင်းလျှော် ရည်ကို ရွေးချယ်ပါ။ (သူတို့က အများအားဖြင့် “Seboorhealing” လို့ တံဆိပ်တပ်ထားပါတယ်)

၄။ သင့် ဦးခေါင်း က မလျှော်ခင်မှာ အဆီအလွန်ပြန်ပါက ၁မိနစ် ၂မိနစ်လောက် သင့်ဆံပင်ပေါ်မှာ ခေါင်းလျှော်ရည် အမြုပ်တွေကို ခဏထားပြီး သင့်ခေါင်းကိ နှစ်ကြိမ် ဆပ်ပြာ ဒါမှမဟုတ် ရှန်ပူကို ပိုပြီး အသုံးပြုသင့်ပါတယ်။ ခြောက်သွေ့တဲ့ဆံပင်အတွက် ရှန်ပူပမာဏအနည်းငယ်နှင့် အမြုပ်သိပ်မထွက်တဲ့ ခေါင်းလျှော်ရည် က လုံလောက်ပါတယ်။

၅။ အချိန်အတော်ကြာ အဆီမထွက်ဘဲ ခြောက်သွေ့တဲ့ဆံပင်ရှိလျှင်တောင် (ဖုန်မှုန့်တွေ၊ အလှကုန်တွေ စတဲ့) ပြင်ပက အညစ်အကြေးတွေ ဖယ်ရှားဖို့ သင့် ဆံပင် ကို တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် ၂ကြိမ်လျှော်ပါလို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် အပျော့စား ခေါင်းလျှော်ရည် ကို အသုံးပြုဖို့ သေချာပါစေ။


ဒီရိုးရှင်းတဲ့အကြံပြုချက်များက သင့် ဆံပင် ကို လတ်ဆတ်ပြီး အချိန်အတော်ကြာ သန့်ရှင်းအောင် ကူညီထိန်းသိမ်းပေးပါလိမ့်မယ်။ သင့်သူငယ်ချင်းများကိုလည်း ဒီဆောင်းပါးကို မျှဝေပါ။

Read times
Rate this item
(0 votes)