What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 24 June 2020 18:01

အသားဖြူဆေး နှစ်မျိုး အာရှဈေးကွက်အတွက် ထုတ်လုပ်မှု့ရပ်ဆိုင်း

အာရှတိုက်မှာဆိုရင် သူ့ရဲ့ Trend က အသားဖြူမှ လှတယ်လို့ထင်ကြတယ် ဒီတော့ကား လူတိုင်းလိုလိုက ခပ်ဖြူဖြူ ဖျော့တော့တော့ အသားရောင်ကို မက်မောကြတာမို့ အသားဖြူဆေး အလုအယက်သုံးဆွဲကြတယ်။

အလှကုန် Brand တွေအနေနဲ့ ကလည်း အသားဖြူတာကြိုက်တဲ့ လူတွေရှိတဲ့ အရပ်မှာ သူတို့က အသားဖြူဆေးကို ဦးတည်ပြီး ရောင်းဖို့သာစိတ်ကူးကြတယ်။

 

အခုဆိုရင်တော့ Johnson & Johnson မှ ကြေငြာ ခဲ့တာကတော့ Neutrogena နဲ့ Clean & Clear မှ အသားဖြူစေတဲ့ လိမ်းဆေးတွေကို မြန်မာနိုင်ငံအပါအဝင် အာရှနဲ့ အခြားနိုင်ငံများတွင် ဆက်လက်ထုတ်လုပ်တော့မှာ မဟုတ်ပါဘူး ။

 

Neutrogena နဲ့ Clean & Clear နောက်ကွယ်မှ လုပ်ငန်းစုဖြစ်တဲ့ Johnson ဟာ အခုလိုမျိုး နိုင်ငံရပ်ခြားတွေကို အသားဖြူဆေးမရောင်းချပဲ ထုတ်လုပ်မှု့ ရပ်တန့်လိုက်ရတဲ့ အကြောင်းပြချက်ရှိပါတယ်။အဲ့တာကတော့ ဇွန်လ ၁၉ ထဲက စတင်ဖြစ်ပေါ် ခဲ့တဲ့ Black Lives Matter ဆိုတဲ့ မှတ်ချက်တစ်ခုကြောင့်ပါလို့သိရပါတယ်။

 

Neutrogena က မြန်မာအပါအဝင် အာရှ ဈေးကွက်မှာ အမြဲရှိတဲ့ Brand ဖြစ်ပြီး Clean & Clear ကတော့ အိန္ဒိယ မှာ အများဆုံး ဈေးကွက်ထဲရှိတယ်သိရပါတယ်။ထို Brand နှစ်ခုဟာ အမေရိကမှာတော့ ရောင်းတာမျိုးမရှိပါဘူး။အဆိုပါ Product တွေက အစကတော့ တင်းတိတ်နဲ့ မှဲ့ချောက်တွေ အတွက် ဦးတည်ထုတ်တာသိရပါတယ်။

 

သို့ပေမယ့် အသုံးပြုသူတွေဟာ အသားဖြူဆေး အဖြစ်နဲ့ သိလာခဲ့ကြပါတယ် ဆိုးကျိုးကတော့ ရှိတာပေါ့ ။ထိုအရာတွေ အသုံးပြုတာနဲ့တင် အသားက ဝင်းလက်လာတယ် ဆိုကာ ဝယ်သုံးတာမို့ အဆိုပါ လုပ်ငန်းစု အနေနဲ့ကလည်း ပိုပြီး များများ ထုတ်တော့တာပေါ့။

 

ပြီးခဲ့တဲ့ အပတ်မှာတော့ အဆိုပါ Johnson လုပ်ငန်းစုကြီးဟာ ချမှတ်ချက်တစ်ခုထွက်လာခဲ့ပါတယ် ထိုအရာကတော့ '' ဘယ်လို အသားအရောင်ပဲဖြစ်နေပါစေ ကျန်းမာတဲ့ အရေပြားဟာ လှပတဲ့အရေပြားပါ '' ဆိုကာပြောကြားခဲ့ပါတယ်။

 

ထို့အပြင် ၎င်း အသားဖြူဆေး အရောင်းကို Johnson & Johnson မှ သူတို့ရဲ့ ကိုယ်ပိုင် Website မှာ ရောင်းချမှု့ကို ရပ်ဆိုင်းခဲ့ပါတယ်။အခုအချိန်မှာ စတိုးဆိုင်တွေမှာ တင်ရောင်းနေစဲဆိုတာကတော့ နောက်ဆုံးကျန်တဲ့ ပစ္စည်းအသုတ်ပါ။ထို့အပြင် သူတို့အနေနဲ့ ဆက်လက်ထုတ်တော့မှာမဟုတ်သလို သင်္ဘောနဲ့ တင်ပို့တော့မှာလဲမဟုတ်ပါဘူးတဲ့။

Read times
Rate this item
(0 votes)