What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 30 November 2019 11:02

ႏႈတ္ခမ္းျပဳျပင္ ခြဲစိတ္မႈ ႏွင့္ ပတ္သက္ျပီး သိရွိထားသင့္ေသာ ေဆာင္ရန္ ၊ ေရွာင္ရန္ အခ်က္မ်ား

ႏႈတ္ခမ္းျပဳျပင္ခြဲစိတ္မႈကို ယေန႕ေခတ္မွာ အေနာက္ႏိုင္ငံေတြမွာ တင္မဟုတ္ေတာ့ပဲ အာရွႏိုင္ငံေတြမွာပါ တြင္တြင္က်ယ္က်ယ္ ႏႈတ္ခမ္းကို ဂ႐ုတစိုက္ ျပဳျပင္ခြဲစိတ္ ေနပါတယ္။

တခ်ိဳ႕ကက်ေတာ့ ႏႈတ္ခမ္း အရြယ္အစားကို ၾကီးလို႕ ႏႈတ္ခမ္း အရြယ္အစားကို ေလွ်ာ့ခ်ျပီး ပုံေဖာ္ခ်င္ၾကသလို တခ်ိဳ႕က်ေတာ့ မိမိရဲ့လက္ရွိ ႏႈတ္ခမ္းရဲ့ အရြယ္အစားကို အနည္းငယ္ ၾကီးေစျပီး တင္းေအာင္လုဎ္ျပီး ပုံေဖာ္ေလ့ ရွိပါတယ္။ ႏႈတ္ခမ္းအရြယ္အစား နဲ႕ ပုံစံအမ်ိဳးမ်ိဳး ေပၚမူတည္ျပီး တဦးနဲ႕တဦး အၾကိဳက္ျခင္း မတူႏိုင္ေပမယ့္ သင့္တင့္တဲ့ ႏႈတ္ခမ္းအရြယ္အစားကို ပုံ ၂ တြင္ေဖာ္ျပထားျပီး ႏႈတ္ခမ္းပုံစံ အမ်ိဳးမ်ိဳးကိုေတာ့ ပုံ ၃ တြင္ေဖာ္ျပထားပါတယ္။ ေအာက္ႏႈတ္ခမ္းဟာ အေပၚႏႈတ္ခမ္းထက္ အရြယ္အစားအားျဖင့္ အနည္းငယ္ ပိုၾကီးသင့္ျပီး အခ်ိဳးအားျဖင့္ (Upper lip: Lower lip = 4:5) ရွိဖို႕ သင့္ပါတယ္ 

Image may contain: text


lip reduction and reshaping surgery (ႏႈတ္ခမ္းအရြယ္အစား ေလွ်ာ့ခ်ျပီး ပုံေဖာ္ျခင္း)

ဒီခြဲစိတ္မႉဟာ အေသးစား ခြဲစိတ္မႈေလး ၁ခု ျဖစ္ျပီး အမ်ားစုကေတာ့ ထုံေဆးကိုသာ သုံးျပီး ခြဲစိတ္ပါတယ္။ ခြဲစိတ္မႈ အေသးစား ျဖစ္သလိုခြဲစိတ္တဲ့အခါ ျပင္ပလူနာဌာန (OPD) မွာရွိတဲ့ ခြဲခန္းေတြမွာပင္ ခြဲစိတ္ေလ့ရွိပါတယ္။ ခြဲစိတ္တဲ့အခါ ႏႈတ္ခမ္းရဲ့ အတြင္းဘက္မွာ လိုခ်င္တဲ့ အရြယ္အစား နဲ႕ ပုံစံကို တိတိက်က် surgical marker နဲ႕ တိုင္းထြာ ေရးစြဲျပီး ႏႈတ္ခမ္းသားကို ဖယ္ထုတ္ျပီး ျပန္ခ်ဳပ္ပါတယ္။

 


ႏႈတ္ခမ္းအရြယ္အစား ေလွ်ာ့ခ်ျပီး ပုံေဖာ္ျခင္းကို ဘယ္လိုသူေတြ ျပဳလုဎ္ေလ့ ရွိသလဲ။

ဒီခြဲစိတ္မႉကေတာ့ ႏႈတ္ခမ္း အရြယ္အစား သာမန္ထက္ၾကီးေနျပီး ႏႈတ္ခမ္းသား ေလွ်ာ့ေနတဲ့သူမ်ိဳး၊ အေရွ႕ကၾကည့္ရင္ ႏႈတ္ခမ္းသား ထူေနျပီး ေဘးတိုက္ၾကည့္ရင္ ႏႈတ္ခမ္းက ေရွ႕ကိုထြက္ေနတဲ့သူမ်ိဳး (အထူးသျဖင့္ ႏႈတ္ခမ္းေထာ္သူမ်ား) ခြဲစိတ္မႉ ခံယူေလ့ ရွိပါတယ္။ တခ်ိဳ႕က အေပၚႏႈတ္ခမ္းကို အသဲ ပံု (heart shaped upper lip) ေဖာ္ခ်င္လို႕ ခြဲစိတ္မႈ ခံယူၾကပါတယ္။

 

ႏႈတ္ခမ္းအရြယ္အစား ေလွ်ာ့ခ်ျပီး ပုံေဖာ္တာရဲ့ ခြဲစိတ္ခ်ိန္ (down time) နဲ႕ ပုံမွန္အနာျပန္က်က္ခ်ိန္ (recovery time) ကေရာ ဘယ္ေလာက္အထိ ၾကာတတ္လဲ။ ခြဲစိတ္ခ်ိန္ (down time) ကေတာ့ အေပၚႏႈတ္ခမ္း ၁ဖက္တည္းဆိုရင္ မိနစ္ ၃၀ ခန္႕ၾကာျပီး အေပၚႏႈတ္ခမ္းေရာ ေအာက္ႏႈတ္ခမ္းေရာ ဆိုရင္ေတာ့ ၁ နာရီ ခန္႕ ၾကာႏိုင္ပါတယ္။ ခြဲစိတ္ျပီး မိနစ္ ၃၀ ခန္႕ အနည္းငယ္ ေရခဲကပ္ကာ အနားယူျပီး ခ်က္ခ်င္းပဲ အိမ္ျပန္လို႕ ရပါတယ္။

No photo description available.

ပုံမွန္အနာျပန္က်က္ခ်ိန္ (recovery time) ကေတာ့ ၁ ပတ္ ကေန ၂ ပတ္ အထိ ၾကာတတ္ပါတယ္။ တဦးနဲ႕ တဦးရဲ့ အနာက်က္အား ေကာင္းမႉေပၚမွာလည္း မူတည္တဲ့အတြက္ တခ်ိဳ႕က ၅ ရက္ေလာက္နဲ႕ ပုံမွန္ ျပန္ျဖစ္သလို တခ်ိဳ႕ကေတာ့ ၾကာတတ္ပါတယ္။


ႏႈတ္ခမ္းအရြယ္အစား ေလွ်ာ့ခ်၊ ပုံေဖာ္ ခြဲစိတ္ျခင္း ရဲ့ ေဘးထြက္ဆိုးၾကိဳးမ်ား (side effects of lip reduction and reshaping surgery)

ခြဲစိတ္ျပီး ၂၄ နာရီအတြင္း ႏႈတ္ခမ္း ပတ္ဝန္းက်င္တြင္ အနည္းငယ္နာက်င္ ကိုက္ခဲျခင္း။ ခြဲစိတ္ျပီး ၂၄ နာရီအတြင္း ႏႈတ္ခမ္းအတြင္းမွ အနည္းငယ္ ေသြးထြက္ျခင္း။ ႏႈတ္ခမ္း ပတ္ဝန္းက်င္တြင္ နီျခင္း၊ေရာင္ျခင္း၊ထုံျခင္း။ ႏႈတ္ခမ္း ပတ္ဝန္းက်င္တြင္ တင္းေနျခင္း။ ခ်ဳပ္ရိုးမျဖည္ခင္ ၇ ရက္ အတြင္း စားရ ေသာက္ရ အနည္းငယ္ ခက္ခဲျခင္း။ ႏႈတ္ခမ္းအရြယ္အစား ေလွ်ာ့ခ်ျပီး ပုံေဖာ္ခြဲစိတ္ျပီး ဘယ္ေလာက္ၾကာၾကာခံပါသလဲ။ ႏႈတ္ခမ္းအရြယ္အစား ေလွ်ာ့ခ်ျပီး ပုံေဖာ္ခြဲစိတ္တာက အျပီး (permanent) ခံပါတယ္။

Image may contain: one or more people

ႏႈတ္ခမ္းအရြယ္အစား ေလွ်ာ့ခ်၊ ပုံေဖာ္ ခြဲစိတ္မႉႈ ခံယူျပီး လိုက္နာသိရွိထားရမည့္ အခ်က္မ်ား

(၁) ခြဲစိတ္မႈ ခံယူျပီး ၂၄ နာရီးအတြင္း ေရခဲကပ္ေပးပါ။ ၄နာရီ ၁ၾကိမ္ကပ္ပါ။ ၁ ၾကိမ္ကပ္ပါက ၁၅ မိနစ္ခန္႕ ကပ္ပါ။ ေရခဲထုပ္ျဖင့္ ခ်ဳပ္႐ိုးေပၚသို႕ တိုက္႐ိုက္ မကပ္ရ။ ပိုးသတ္ထားျပီး သန္႕ရွင္းေသာ ပတ္တီး အား ခ်ဳပ္႐ိုးေပၚတြင္ခံျပီးမွ ေရခဲ ကပ္ရပါမည္။ ခြဲစိတ္မႈခံယူျပီး ၇၂နာရီ အတြင္း ေရခဲကပ္ေပးျခင္းသည္ အက်ိဳးသက္ေရာက္မႈရွိပါသည္။ အေရာင္ျမန္ျမန္က်ပါလိမ့္မည္။

 

(၂) ခြဲစိတ္မႈ ခံယူျပီး ၂၄ နာရီအတြင္း ခန္နာကိုယ္ လႈပ္ရွားမႉအား တတ္ႏိုင္သမွ် မလုဎ္ပါႏွင့္။ ထိုင္ခုံး သို႕မဟုတ္ ကုတင္ေပၚတြင္ အနားယူပါ။

(၃) ခြဲစိတ္မႈ ခံယူျပီး မ်က္ႏွာသစ္ႏိုင္ပါသည္။ ေရခ်ိဳးႏိုင္ပါသည္။ သို႕ေသာ္ မ်က္ႏွာသစ္၊ ေရခ်ိဳးျပီးပါက ႏႈတ္ခမ္းအား ေရမ်ား ၾကာၾကာစိုမေနေစရန္ ပုဝါ သို႕မဟုတ္ ဂြမ္း သန္႕သန္႕ျဖင့္သုဎ္ေပးပါ။

(၄) ခြဲစိတ္မႈ ခံယူျပီး ၃ ရက္ အထိ အိပ္ေနစဥ္ ဦးေခါင္းအား အျမင့္ေနရာတြင္ ထားပါ။ ညအိပ္စဥ္အတြင္း ေခါင္းအုန္း ၂ လုံး ေပၚတြင္ ဦးေခါင္းတင္၍ အိပ္ပါ။

 

(၅) ခြဲစိတ္မႈ ခံယူျပီး ၇ ရက္အတြင္း ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ အပူ၊အစပ္ ႏွင့္ Allergy ျဖစ္ေစေသာ အစားအစာမ်ား (ပင္လယ္စာမ်ား) စားျခင္း၊ ေညာ္နံ႕ ႐ႉ ျခင္း၊ ဖုံ၊သဲ၊ အမိႈက္ ဝင္ျခင္း စသည္ တို႕မွ ေရွာင္က်င္ပါ။

(၆) ခ်ဳပ္႐ိုးမျဖည္ခင္ ၇ ရက္အတြင္း မနက္၁ၾကိမ္ ည၁ၾကိမ္ ခ်ဳပ္႐ိုးေနရာအား ပိုးသတ္ေဆး (Anti-biotic ointment) လိမ္းပါ။

(၇) ခ်ဳပ္ရိုးမျဖည္ခင္ ႏႈတ္ခမ္းအား လက္ျဖင့္ကိုင္ျခင္း၊ ယားယံပါကလည္း ကုပ္ျခင္း၊ လက္ျဖင့္ထိျခင္း လုံးဝမလုဎ္ရ။

 

(၈) ခ်ဳပ္႐ိုးသည္ အလိုအေလွ်ာက္ ေပ်ာ္ဝင္သြားေသာ ခ်ဳပ္႐ိုးကို အသုံးျပဳထားပါသျဖင့္ ခ်ဳပ္႐ိုးမျဖည္ခင္ ၇ ရက္ အတြင္း တခ်ိဳ႕ေသာ ခ်ဳပ္႐ိုးမ်ား ျပဳတ္ထြက္လာတတ္ပါသည္။ သို႕ေသာ္ မိမိလက္ျဖင့္ ခ်ဳပ္႐ိုးမ်ားအား မထိရ၊ စြဲမထုတ္ရ၊ စြဲမျဖည္ရ။ ခြဲျပီး၇ ရက္ေျမာက္ေန႕တြင္ ခ်ဳပ္႐ိုးျဖည္ပါမည္။

(၉) အကာင္းဆုံး ရလဒ္ Final result သည္ ၂ ပတ္ မွ ၁ လေက်ာ္ ခန္႕မွ စတင္သိရွိႏိုင္ေပလိမ့္မည္။

 

ႏႈတ္ခမ္းအရြယ္အစား ၾကီးေစရန္ ႏွင့္ တင္းေစရန္ ပံုေဖာ္ျခင္း (lip augmentation and reshaping)

ႏႈတ္ခမ္းအရြယ္အစား ၾကီးေစရန္ ႏွင့္ တင္းေစရန္ နည္းလမ္း ၂ ခုရွိပါတယ္။ ႏႈတ္ခမ္းတြင္း စီလီကြန္ အစားထိုး ခြဲစိတ္ျပီး ျပင္လို႕ရသလို မခြဲစိတ္ပဲ ႏႈတ္ခမ္းကို Filler ျဖည့္ျပီး ပုံ ေဖာ္လို႕လည္းရပါတယ္။

 

ႏႈတ္ခမ္းတြင္း စီလီကြန္ အစားထိုးခြဲစိတ္မႉဟာလည္း အေသးစား ခြဲစိတ္မႈေလး ၁ခု ျဖစ္ျပီး အမ်ားစုကေတာ့ ထုံေဆးကိုသာ သုံးျပီး ခြဲစိတ္ပါတယ္။ ခြဲစိတ္မႈ အေသးစား ျဖစ္သလိုခြဲစိတ္တဲ့အခါ ျပင္ပလူနာဌာန (OPD) မွာရွိတဲ့ ခြဲခန္းေတြမွာပင္ ခြဲစိတ္ေလ့ရွိပါတယ္။ မိမိႏႈတ္ခမ္းနဲ႕ လိုက္ဖက္မယ့္ ႏႈတ္ခမ္းစီလီကြန္ အရြယ္အစား နဲ႕ ပုံစံကို ေရြးပါတယ္။ ခြဲစိတ္မႉကို အၾကမ္းျဖင္း ရွင္းျပရရင္ ႏႈတ္ခမ္းကို ထုံေဆးထိုးျပီး ႏႈတ္ခမ္းရဲ့ဘယ္ညာ ေထာင့္၁ဖက္ဆီကေန အေပါက္ေဖာက္ျပီး ႏႈတ္ခမ္းသား တျပင္လုံးကို အရွည္လိုက္ စီလီကြန္ ထည့္ျပီး ေသေသခ်ာခ်ာ balance ခ်ိန္ျပီး ျပန္ခ်ဳပ္ပါတယ္။ ႏႈတ္ခမ္းစီလီကြန္ အမ်ိဳးမ်ိဳးကို ပုံ ၄ မွာ ျပထားပါတယ္။

 

ဒီခြဲစိတ္မႉမ်ိဳးကိုေတာ့ အလြန္အမင္း ႏႈတ္ခမ္းပါးသူေတြ၊ ႏႈတ္ခမ္း ေသးသူေတြ၊ ႏႈတ္ခမ္း Filler ခဏခဏ မထိုးခ်င္ေတာ့တဲ့သူေတြ ခြဲစိတ္မႉ ခံယူေလ့ ရွိပါတယ္။ ခြဲစိတ္ခ်ိန္ (down time) ကေတာ့ အေပၚႏႈတ္ခမ္း ၁ဖက္တည္းဆိုရင္ ၁၅ မိနစ္ ခန္႕ၾကာျပီး အေပၚႏႈတ္ခမ္းေရာ ေအာက္ႏႈတ္ခမ္းေရာ ဆိုရင္ေတာ့ မိနစ္ ခန္႕ ၾကာႏိုင္ပါတယ္။ ခြဲစိတ္ျပီး မိနစ္ ၃၀ ခန္႕ အနည္းငယ္ ေရခဲကပ္ကာ အနားယူျပီး ခ်က္ခ်င္းပဲ အိမ္ျပန္လို႕ ရပါတယ္။

 

ပုံမွန္အနာျပန္က်က္ခ်ိန္ (recovery time) ကေတာ့ ၁ ပတ္ ကေန ၂ ပတ္ အထိ ၾကာတတ္ပါတယ္။ တဦးနဲ႕ တဦးရဲ့ အနာက်က္အား ေကာင္းမႉေပၚမွာလည္း မူတည္တဲ့အတြက္ တခ်ိဳ႕က ၅ ရက္ေလာက္နဲ႕ ပုံမွန္ ျပန္ျဖစ္သလို တခ်ိဳ႕ကေတာ့ ၾကာတတ္ပါတယ္။ ဒီခြဲစိတ္မႉဟာ permanent မဟုတ္ပါေပမယ့္ သက္တမ္းအားျဖင့္ ၁၀ ႏွစ္ နီးပါး ျဖစ္ျပီး ၁၀ ႏွစ္ ၁ခါ စီလီကြန္ ျပန္လည္းဖို႕ သင့္ပါတယ္။ ႏႈတ္ခမ္းတြင္း စီလီကြန္ အစားထိုးခြဲစိတ္မႉရဲ့ ေဘးထြက္ဆိုးၾကိဳးမ်ား နဲ႕ ခြဲစိတ္မႉႈ ခံယူျပီး လိုက္နာသိရွိထားရမည့္ အခ်က္မ်ား ကေတာ့ အထက္မွာ ေဖာ္ျပထားတဲ့ "ႏႈတ္ခမ္းအရြယ္အစား ေလွ်ာ့ခ်၊ ပုံေဖာ္ ခြဲစိတ္မႉႈ ခံယူျပီး လိုက္နာသိရွိထားရမည့္ အခ်က္မ်ား" နဲ႕ အတူတူပင္ ျဖစ္ပါတယ္။

 

ႏႈတ္ခမ္းကို Filler ေခၚ (Hyaluronic acid) ျဖည့္ျပီး ပုံ ေဖာ္လို႕လည္းရပါတယ္။ Filler ေခၚ (Hyaluronic acid) ဆိုတာကေတာ့ လူ႕ခႏၶာကိုယ္ မွာ သဘာဝအေလွ်ာက္ တည္ရွိေနတဲ့ အဆီတမ်ိဳးကို ျပင္ပမွာ ျပန္ထုတ္ေဖာ္ထားတဲ့ အဆီမ်ိဳး (synthetic fat) ျဖစ္ပါတယ္။ ခႏၶာကိုယ္ရဲ့ ခ်ိဳင့္ေနတဲ့ တခ်ိဳ႕ေနရာေတြမွာ အဆီအေနနဲ႕ အစားထိုး ျပန္ျဖည့္ျပီး ကုသေလ့ရွိျပီး ႏႈတ္ခမ္း တင္းေအာင္၊ႏႈတ္ခမ္း volume ျဖည့္တဲ့ေနရာမွာ အလွအပ ေဆးခန္းတိုင္းမွာ က်ယ္က်ယ္ျပန္႕ျပန္႕ အသုံးျပဳေနပါတယ္။

 

Fillerနဲ႕ ႏႈတ္ခမ္းျဖည့္ ပုံေဖာ္တာကေတာ့ ၅ မိနစ္ ကေန ၁၀ မိနစ္ ခန္႕ၾကာျပီး ခြဲစိတ္တာနဲ႕ ယွဥ္ရင္ေတာ့ နာက်င္မႈ မရွိသေလာက္ နည္းပါတယ္။ Filler ရဲ့ သက္တမ္းကေတာ့ ၁ႏွစ္နဲ႕ ၂ႏွစ္ၾကားျဖစ္ျပီး ဒီၾကားထဲမွာ ခႏၶာကိုယ္ထဲ ေပ်ာ္ဝင္သြားတတ္ပါတယ္။ Filler ထိုးျခင္းရဲ့ ေဘးထြက္ဆိုးၾကိဳးေတြကေတာ့ ထိုးျပီး ၃ရက္ ကေန ၇ရက္ အတြင္း ထိုးထားတဲ့ေနရာမွာ ေသြးေခ်ဥျခင္း၊ နီျခင္း၊ ေရာင္ျခင္း တို႕ ျဖစ္တတ္ပါတယ္။ အလြန္ရွားပါးတဲ့ ေဘးထြက္ဆိုးၾကိဳး၊ ေနာက္ဆက္တြဲျပသနာကေေတာ့ Filler ဟာ ေသြးေၾကာကို ပိတ္ေစတတ္ပါတယ္။ Filler ထိုးျခင္းရဲ့ အားသာခ်က္ကေတာ့ ခြဲစိတ္မႉျပဳလုဎ္ျပီး ရလဒ္ကို ၁ပတ္ ၂ပတ္ မေစာင့္ရပဲ မနာမက်င္ ခ်က္ခ်င္းပင္ သိသိသာတာ ရလဒ္ကို ေတြ႕ရပါတယ္။


က်ေနာ္႕၏ ဒီေန႕အထိ ခြဲစိတ္ အေတြ႕အၾကဳံမ်ား၊ ဆရာမ်ားႏွင့္ သူငယ္ခ်င္းမ်ား၏ ေဆးခန္းမ်ားမွ ေလ့လာေတြ႕ရွိခဲ့ေသာ ေတြ႕ရွိခ်က္မ်ား ႏွင့္ Seminar မ်ားတြင္ ေဆြးေႏြးရာမွ သိရွိခဲ့ေသာ အခ်က္မ်ား စုေပါင္း၍ ေရးသားထား ပါသည္။

 

Dr. Kyi Chan Ko {M.B.,B.S (UMM, Mdy), Ph.D (TMDU, Tokyo),Member of Japanese Society of Aesthetic Surgery.}

{Unicode}

======

နှုတ်ခမ်းပြုပြင်  ခွဲစိတ်မှု နှင့် ပတ်သက်ပြီး သိရှိထားသင့်သော ဆောင်ရန် ၊ ရှောင်ရန် အချက်များ

နှုတ်ခမ်းပြုပြင်ခွဲစိတ်မှုကို ယနေ့ခေတ်မှာ အနောက်နိုင်ငံတွေမှာ တင်မဟုတ်တော့ပဲ အာရှနိုင်ငံတွေမှာပါ တွင်တွင်ကျယ်ကျယ် နှုတ်ခမ်းကို ဂရုတစိုက် ပြုပြင်ခွဲစိတ် နေပါတယ်။ တချို့ကကျတော့ နှုတ်ခမ်း အရွယ်အစားကို ကြီးလို့ နှုတ်ခမ်း အရွယ်အစားကို လျှော့ချပြီး ပုံဖော်ချင်ကြသလို တချို့ကျတော့ မိမိရဲ့လက်ရှိ နှုတ်ခမ်းရဲ့ အရွယ်အစားကို အနည်းငယ် ကြီးစေပြီး တင်းအောင်လုဎ်ပြီး ပုံဖော်လေ့ ရှိပါတယ်။ နှုတ်ခမ်းအရွယ်အစား နဲ့ ပုံစံအမျိုးမျိုး ပေါ်မူတည်ပြီး တဦးနဲ့တဦး အကြိုက်ခြင်း မတူနိုင်ပေမယ့် သင့်တင့်တဲ့ နှုတ်ခမ်းအရွယ်အစားကို ပုံ ၂ တွင်ဖော်ပြထားပြီး နှုတ်ခမ်းပုံစံ အမျိုးမျိုးကိုတော့ ပုံ ၃ တွင်ဖော်ပြထားပါတယ်။ အောက်နှုတ်ခမ်းဟာ အပေါ်နှုတ်ခမ်းထက် အရွယ်အစားအားဖြင့် အနည်းငယ် ပိုကြီးသင့်ပြီး အချိုးအားဖြင့် (Upper lip: Lower lip = 4:5) ရှိဖို့ သင့်ပါတယ်

Image may contain: text


lip reduction and reshaping surgery (နှုတ်ခမ်းအရွယ်အစား လျှော့ချပြီး ပုံဖော်ခြင်း)

ဒီခွဲစိတ်မှူဟာ အသေးစား ခွဲစိတ်မှုလေး ၁ခု ဖြစ်ပြီး အများစုကတော့ ထုံဆေးကိုသာ သုံးပြီး ခွဲစိတ်ပါတယ်။ ခွဲစိတ်မှု အသေးစား ဖြစ်သလိုခွဲစိတ်တဲ့အခါ ပြင်ပလူနာဌာန (OPD) မှာရှိတဲ့ ခွဲခန်းတွေမှာပင် ခွဲစိတ်လေ့ရှိပါတယ်။ ခွဲစိတ်တဲ့အခါ နှုတ်ခမ်းရဲ့ အတွင်းဘက်မှာ လိုချင်တဲ့ အရွယ်အစား နဲ့ ပုံစံကို တိတိကျကျ surgical marker နဲ့ တိုင်းထွာ ရေးစွဲပြီး နှုတ်ခမ်းသားကို ဖယ်ထုတ်ပြီး ပြန်ချုပ်ပါတယ်။

 

နှုတ်ခမ်းအရွယ်အစား လျှော့ချပြီး ပုံဖော်ခြင်းကို ဘယ်လိုသူတွေ ပြုလုဎ်လေ့ ရှိသလဲ။

ဒီခွဲစိတ်မှူကတော့ နှုတ်ခမ်း အရွယ်အစား သာမန်ထက်ကြီးနေပြီး နှုတ်ခမ်းသား လျှော့နေတဲ့သူမျိုး၊ အရှေ့ကကြည့်ရင် နှုတ်ခမ်းသား ထူနေပြီး ဘေးတိုက်ကြည့်ရင် နှုတ်ခမ်းက ရှေ့ကိုထွက်နေတဲ့သူမျိုး (အထူးသဖြင့် နှုတ်ခမ်းထော်သူများ) ခွဲစိတ်မှူ ခံယူလေ့ ရှိပါတယ်။ တချို့က အပေါ်နှုတ်ခမ်းကို အသဲ ပုံ (heart shaped upper lip) ဖော်ချင်လို့ ခွဲစိတ်မှု ခံယူကြပါတယ်။

 

နှုတ်ခမ်းအရွယ်အစား လျှော့ချပြီး ပုံဖော်တာရဲ့ ခွဲစိတ်ချိန် (down time) နဲ့ ပုံမှန်အနာပြန်ကျက်ချိန် (recovery time) ကရော ဘယ်လောက်အထိ ကြာတတ်လဲ။ ခွဲစိတ်ချိန် (down time) ကတော့ အပေါ်နှုတ်ခမ်း ၁ဖက်တည်းဆိုရင် မိနစ် ၃၀ ခန့်ကြာပြီး အပေါ်နှုတ်ခမ်းရော အောက်နှုတ်ခမ်းရော ဆိုရင်တော့ ၁ နာရီ ခန့် ကြာနိုင်ပါတယ်။ ခွဲစိတ်ပြီး မိနစ် ၃၀ ခန့် အနည်းငယ် ရေခဲကပ်ကာ အနားယူပြီး ချက်ချင်းပဲ အိမ်ပြန်လို့ ရပါတယ်။

No photo description available.

ပုံမှန်အနာပြန်ကျက်ချိန် (recovery time) ကတော့ ၁ ပတ် ကနေ ၂ ပတ် အထိ ကြာတတ်ပါတယ်။ တဦးနဲ့ တဦးရဲ့ အနာကျက်အား ကောင်းမှူပေါ်မှာလည်း မူတည်တဲ့အတွက် တချို့က ၅ ရက်လောက်နဲ့ ပုံမှန် ပြန်ဖြစ်သလို တချို့ကတော့ ကြာတတ်ပါတယ်။


နှုတ်ခမ်းအရွယ်အစား လျှော့ချ၊ ပုံဖော် ခွဲစိတ်ခြင်း ရဲ့ ဘေးထွက်ဆိုးကြိုးများ (side effects of lip reduction and reshaping surgery)

ခွဲစိတ်ပြီး ၂၄ နာရီအတွင်း နှုတ်ခမ်း ပတ်ဝန်းကျင်တွင် အနည်းငယ်နာကျင် ကိုက်ခဲခြင်း။ ခွဲစိတ်ပြီး ၂၄ နာရီအတွင်း နှုတ်ခမ်းအတွင်းမှ အနည်းငယ် သွေးထွက်ခြင်း။ နှုတ်ခမ်း ပတ်ဝန်းကျင်တွင် နီခြင်း၊ရောင်ခြင်း၊ထုံခြင်း။ နှုတ်ခမ်း ပတ်ဝန်းကျင်တွင် တင်းနေခြင်း။ ချုပ်ရိုးမဖြည်ခင် ၇ ရက် အတွင်း စားရ သောက်ရ အနည်းငယ် ခက်ခဲခြင်း။ နှုတ်ခမ်းအရွယ်အစား လျှော့ချပြီး ပုံဖော်ခွဲစိတ်ပြီး ဘယ်လောက်ကြာကြာခံပါသလဲ။ နှုတ်ခမ်းအရွယ်အစား လျှော့ချပြီး ပုံဖော်ခွဲစိတ်တာက အပြီး (permanent) ခံပါတယ်။

Image may contain: one or more people

နှုတ်ခမ်းအရွယ်အစား လျှော့ချ၊ ပုံဖော် ခွဲစိတ်မှူှု ခံယူပြီး လိုက်နာသိရှိထားရမည့် အချက်များ

(၁) ခွဲစိတ်မှု ခံယူပြီး ၂၄ နာရီးအတွင်း ရေခဲကပ်ပေးပါ။ ၄နာရီ ၁ကြိမ်ကပ်ပါ။ ၁ ကြိမ်ကပ်ပါက ၁၅ မိနစ်ခန့် ကပ်ပါ။ ရေခဲထုပ်ဖြင့် ချုပ်ရိုးပေါ်သို့ တိုက်ရိုက် မကပ်ရ။ ပိုးသတ်ထားပြီး သန့်ရှင်းသော ပတ်တီး အား ချုပ်ရိုးပေါ်တွင်ခံပြီးမှ ရေခဲ ကပ်ရပါမည်။ ခွဲစိတ်မှုခံယူပြီး ၇၂နာရီ အတွင်း ရေခဲကပ်ပေးခြင်းသည် အကျိုးသက်ရောက်မှုရှိပါသည်။ အရောင်မြန်မြန်ကျပါလိမ့်မည်။

 

(၂) ခွဲစိတ်မှု ခံယူပြီး ၂၄ နာရီအတွင်း ခန်နာကိုယ် လှုပ်ရှားမှူအား တတ်နိုင်သမျှ မလုဎ်ပါနှင့်။ ထိုင်ခုံး သို့မဟုတ် ကုတင်ပေါ်တွင် အနားယူပါ။

(၃) ခွဲစိတ်မှု ခံယူပြီး မျက်နှာသစ်နိုင်ပါသည်။ ရေချိုးနိုင်ပါသည်။ သို့သော် မျက်နှာသစ်၊ ရေချိုးပြီးပါက နှုတ်ခမ်းအား ရေများ ကြာကြာစိုမနေစေရန် ပုဝါ သို့မဟုတ် ဂွမ်း သန့်သန့်ဖြင့်သုဎ်ပေးပါ။

(၄) ခွဲစိတ်မှု ခံယူပြီး ၃ ရက် အထိ အိပ်နေစဉ် ဦးခေါင်းအား အမြင့်နေရာတွင် ထားပါ။ ညအိပ်စဉ်အတွင်း ခေါင်းအုန်း ၂ လုံး ပေါ်တွင် ဦးခေါင်းတင်၍ အိပ်ပါ။

 

(၅) ခွဲစိတ်မှု ခံယူပြီး ၇ ရက်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပူ၊အစပ် နှင့် Allergy ဖြစ်စေသော အစားအစာများ (ပင်လယ်စာများ) စားခြင်း၊ ညော်နံ့ ရှူ ခြင်း၊ ဖုံ၊သဲ၊ အမှိုက် ဝင်ခြင်း စသည် တို့မှ ရှောင်ကျင်ပါ။

(၆) ချုပ်ရိုးမဖြည်ခင် ၇ ရက်အတွင်း မနက်၁ကြိမ် ည၁ကြိမ် ချုပ်ရိုးနေရာအား ပိုးသတ်ဆေး (Anti-biotic ointment) လိမ်းပါ။

(၇) ချုပ်ရိုးမဖြည်ခင် နှုတ်ခမ်းအား လက်ဖြင့်ကိုင်ခြင်း၊ ယားယံပါကလည်း ကုပ်ခြင်း၊ လက်ဖြင့်ထိခြင်း လုံးဝမလုဎ်ရ။

 

(၈) ချုပ်ရိုးသည် အလိုအလျှောက် ပျော်ဝင်သွားသော ချုပ်ရိုးကို အသုံးပြုထားပါသဖြင့် ချုပ်ရိုးမဖြည်ခင် ၇ ရက် အတွင်း တချို့သော ချုပ်ရိုးများ ပြုတ်ထွက်လာတတ်ပါသည်။ သို့သော် မိမိလက်ဖြင့် ချုပ်ရိုးများအား မထိရ၊ စွဲမထုတ်ရ၊ စွဲမဖြည်ရ။ ခွဲပြီး၇ ရက်မြောက်နေ့တွင် ချုပ်ရိုးဖြည်ပါမည်။

(၉) အကာင်းဆုံး ရလဒ် Final result သည် ၂ ပတ် မှ ၁ လကျော် ခန့်မှ စတင်သိရှိနိုင်ပေလိမ့်မည်။

 

နှုတ်ခမ်းအရွယ်အစား ကြီးစေရန် နှင့် တင်းစေရန် ပုံဖော်ခြင်း (lip augmentation and reshaping)

နှုတ်ခမ်းအရွယ်အစား ကြီးစေရန် နှင့် တင်းစေရန် နည်းလမ်း ၂ ခုရှိပါတယ်။ နှုတ်ခမ်းတွင်း စီလီကွန် အစားထိုး ခွဲစိတ်ပြီး ပြင်လို့ရသလို မခွဲစိတ်ပဲ နှုတ်ခမ်းကို Filler ဖြည့်ပြီး ပုံ ဖော်လို့လည်းရပါတယ်။

 

နှုတ်ခမ်းတွင်း စီလီကွန် အစားထိုးခွဲစိတ်မှူဟာလည်း အသေးစား ခွဲစိတ်မှုလေး ၁ခု ဖြစ်ပြီး အများစုကတော့ ထုံဆေးကိုသာ သုံးပြီး ခွဲစိတ်ပါတယ်။ ခွဲစိတ်မှု အသေးစား ဖြစ်သလိုခွဲစိတ်တဲ့အခါ ပြင်ပလူနာဌာန (OPD) မှာရှိတဲ့ ခွဲခန်းတွေမှာပင် ခွဲစိတ်လေ့ရှိပါတယ်။ မိမိနှုတ်ခမ်းနဲ့ လိုက်ဖက်မယ့် နှုတ်ခမ်းစီလီကွန် အရွယ်အစား နဲ့ ပုံစံကို ရွေးပါတယ်။ ခွဲစိတ်မှူကို အကြမ်းဖြင်း ရှင်းပြရရင် နှုတ်ခမ်းကို ထုံဆေးထိုးပြီး နှုတ်ခမ်းရဲ့ဘယ်ညာ ထောင့်၁ဖက်ဆီကနေ အပေါက်ဖောက်ပြီး နှုတ်ခမ်းသား တပြင်လုံးကို အရှည်လိုက် စီလီကွန် ထည့်ပြီး သေသေချာချာ balance ချိန်ပြီး ပြန်ချုပ်ပါတယ်။ နှုတ်ခမ်းစီလီကွန် အမျိုးမျိုးကို ပုံ ၄ မှာ ပြထားပါတယ်။

 

ဒီခွဲစိတ်မှူမျိုးကိုတော့ အလွန်အမင်း နှုတ်ခမ်းပါးသူတွေ၊ နှုတ်ခမ်း သေးသူတွေ၊ နှုတ်ခမ်း Filler ခဏခဏ မထိုးချင်တော့တဲ့သူတွေ ခွဲစိတ်မှူ ခံယူလေ့ ရှိပါတယ်။ ခွဲစိတ်ချိန် (down time) ကတော့ အပေါ်နှုတ်ခမ်း ၁ဖက်တည်းဆိုရင် ၁၅ မိနစ် ခန့်ကြာပြီး အပေါ်နှုတ်ခမ်းရော အောက်နှုတ်ခမ်းရော ဆိုရင်တော့ မိနစ် ခန့် ကြာနိုင်ပါတယ်။ ခွဲစိတ်ပြီး မိနစ် ၃၀ ခန့် အနည်းငယ် ရေခဲကပ်ကာ အနားယူပြီး ချက်ချင်းပဲ အိမ်ပြန်လို့ ရပါတယ်။

 

ပုံမှန်အနာပြန်ကျက်ချိန် (recovery time) ကတော့ ၁ ပတ် ကနေ ၂ ပတ် အထိ ကြာတတ်ပါတယ်။ တဦးနဲ့ တဦးရဲ့ အနာကျက်အား ကောင်းမှူပေါ်မှာလည်း မူတည်တဲ့အတွက် တချို့က ၅ ရက်လောက်နဲ့ ပုံမှန် ပြန်ဖြစ်သလို တချို့ကတော့ ကြာတတ်ပါတယ်။ ဒီခွဲစိတ်မှူဟာ permanent မဟုတ်ပါပေမယ့် သက်တမ်းအားဖြင့် ၁၀ နှစ် နီးပါး ဖြစ်ပြီး ၁၀ နှစ် ၁ခါ စီလီကွန် ပြန်လည်းဖို့ သင့်ပါတယ်။ နှုတ်ခမ်းတွင်း စီလီကွန် အစားထိုးခွဲစိတ်မှူရဲ့ ဘေးထွက်ဆိုးကြိုးများ နဲ့ ခွဲစိတ်မှူှု ခံယူပြီး လိုက်နာသိရှိထားရမည့် အချက်များ ကတော့ အထက်မှာ ဖော်ပြထားတဲ့ "နှုတ်ခမ်းအရွယ်အစား လျှော့ချ၊ ပုံဖော် ခွဲစိတ်မှူှု ခံယူပြီး လိုက်နာသိရှိထားရမည့် အချက်များ" နဲ့ အတူတူပင် ဖြစ်ပါတယ်။

 

နှုတ်ခမ်းကို Filler ခေါ် (Hyaluronic acid) ဖြည့်ပြီး ပုံ ဖော်လို့လည်းရပါတယ်။ Filler ခေါ် (Hyaluronic acid) ဆိုတာကတော့ လူ့ခန္ဓာကိုယ် မှာ သဘာဝအလျှောက် တည်ရှိနေတဲ့ အဆီတမျိုးကို ပြင်ပမှာ ပြန်ထုတ်ဖော်ထားတဲ့ အဆီမျိုး (synthetic fat) ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ချိုင့်နေတဲ့ တချို့နေရာတွေမှာ အဆီအနေနဲ့ အစားထိုး ပြန်ဖြည့်ပြီး ကုသလေ့ရှိပြီး နှုတ်ခမ်း တင်းအောင်၊နှုတ်ခမ်း volume ဖြည့်တဲ့နေရာမှာ အလှအပ ဆေးခန်းတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။

 

Fillerနဲ့ နှုတ်ခမ်းဖြည့် ပုံဖော်တာကတော့ ၅ မိနစ် ကနေ ၁၀ မိနစ် ခန့်ကြာပြီး ခွဲစိတ်တာနဲ့ ယှဉ်ရင်တော့ နာကျင်မှု မရှိသလောက် နည်းပါတယ်။ Filler ရဲ့ သက်တမ်းကတော့ ၁နှစ်နဲ့ ၂နှစ်ကြားဖြစ်ပြီး ဒီကြားထဲမှာ ခန္ဓာကိုယ်ထဲ ပျော်ဝင်သွားတတ်ပါတယ်။ Filler ထိုးခြင်းရဲ့ ဘေးထွက်ဆိုးကြိုးတွေကတော့ ထိုးပြီး ၃ရက် ကနေ ၇ရက် အတွင်း ထိုးထားတဲ့နေရာမှာ သွေးချေဥခြင်း၊ နီခြင်း၊ ရောင်ခြင်း တို့ ဖြစ်တတ်ပါတယ်။ အလွန်ရှားပါးတဲ့ ဘေးထွက်ဆိုးကြိုး၊ နောက်ဆက်တွဲပြသနာကေတော့ Filler ဟာ သွေးကြောကို ပိတ်စေတတ်ပါတယ်။ Filler ထိုးခြင်းရဲ့ အားသာချက်ကတော့ ခွဲစိတ်မှူပြုလုဎ်ပြီး ရလဒ်ကို ၁ပတ် ၂ပတ် မစောင့်ရပဲ မနာမကျင် ချက်ချင်းပင် သိသိသာတာ ရလဒ်ကို တွေ့ရပါတယ်။


ကျနော့်၏ ဒီနေ့အထိ ခွဲစိတ် အတွေ့အကြုံများ၊ ဆရာများနှင့် သူငယ်ချင်းများ၏ ဆေးခန်းများမှ လေ့လာတွေ့ရှိခဲ့သော တွေ့ရှိချက်များ နှင့် Seminar များတွင် ဆွေးနွေးရာမှ သိရှိခဲ့သော အချက်များ စုပေါင်း၍ ရေးသားထား ပါသည်။

Read times
Rate this item
(0 votes)