What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 December 2020 00:36

အသားညိုသူများ အလှပြင်တဲ့အခါ သိသင့်တဲ့အချက်များ

မိတ်ကပ်လိမ်းခြယ်တာဟာ အနုပညာတစ်ခုဖြစ်တာမို့ စည်းမျဉ်းစည်းကမ်းတွေ မလိုအပ်ဘူး ဆိုပေမယ့် အသားအရောင်ပေါ်မူ တည်ပြီးတော့ မလုပ်ဆောင်သင့် တာတွေရှိတာမို့ အသားညိုသူ တွေသိထားဖို့ လိုတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

 

နီညိုရောင်ခရင်မ်ပတ်သုံးခြင်း

နီညိုရောင်ဟာ ဘယ်လိုအသား ရောင်မဆို သုံးစွဲလို့ရသလို အသား ညိုတဲ့သူတွေအတွက်ဆိုရင် ပိုပြီး အဆင်ပြေပါတယ်။ အသားရောင်ထက် ဖျော့တဲ့အရောင်နဲ့ လိမ်း ခြယ်တာမျိုးလုပ်ရင် အဆီပြန်နေတာပဲ ဖြစ်မှာပါ။ ထို့ကြောင့်မို့ အ ရောင်အရင့်ကို ရွေးချယ်ဖို့လိုသလို ဘရပ်ရှ်အသေးလေးနဲ့ တစ်နေရာတည်းကွက်ပြီး လိမ်းမယ့်အစား ဘရပ်ရှ်အကြီး သုံးပြီး ပါးအလယ်ကနေ ဖြန့်လိမ်းတာမျိုး လုပ်ဖို့ လိုပါတယ်။

 

တောက်ပတဲ့အရောင်များသုံးခြင်း

လိမ္မော်၊ အဝါ၊ အပြာ၊ ပန်းရောင်နဲ့ ပြောင်ပြောင်လက်လက် နီယွန်အိုင်းရှဲဒိုးနဲ့ နှုတ်ခမ်းနီတွေ ဟာ အသားညိုသူတွေကို ပေါ်လွင်လှပနေစေတယ်လို့ ဆိုပါတယ်။ ဒီလိုအရောင်တွေကို စမ်းသပ်မပြင်ကြည့်ဘဲနဲ့ ဘယ်အရောင်က ကိုယ်နဲ့အလိုက်ဖက်ဆုံးလဲမသိ နိုင်ပါဘူး။

 

အရောင်ဖျော့ကို စနစ်တကျရွေးချယ်ခြင်း

အရောင်နု၊ အရောင် ဖျော့တွေဟာ ညိုတဲ့အသားရောင် မှာ မပေါ်လွင်ဘူးဆိုပေမယ့် မျက် နှာမှာ အရိပ်ဖော် ပြင်ဆင်ရာမှာ အသုံးတည့်ပါတယ်။ အဲဒီမှာလည်း တစ်ခုသတိထားရမှာက အပြင်မတတ်ရင် ပင်ပန်းနွမ်းနယ်နေတဲ့ပုံ၊ နေမကောင်းတဲ့ပုံကြီး ဖြစ်နိုင်ပါတယ်။

 

အရောင်ရင့်ပါးနီသုံးခြင်း

အနီ ရောင်ရင့်ရင့်၊ အုတ်ခဲရောင်၊ နှင်းဆီရောင်အရင့်၊ ညိုဝါရောင်အရင့်လိုမျိုးတွေက အသားညိုသူတွေ အတွက် သဘာဝကျကျနဲ့ လှပစေ မှာပါ။

 

နှုတ်ခမ်းဆိုးဆေးအရောင်စနစ် တကျရွေးချယ်ခြင်း

နှုတ်ခမ်းဆိုး ဆေးတွေဟာလည်း အသားရောင်အလိုက် အနုအရင့်သေချာရွေး ချယ်ရတာမို့ သိပ်အရင့်ကြီးဆိုရင်လည်း မပေါ်လွင်သလို သိပ်ဖျော့တော့လည်း ကြည့်မကောင်းတဲ့ အတွက် ကိုယ်နဲ့ အလိုက်ဖက်ဆုံး အရောင်ကွက်တိဖြစ်အောင်လို့ စနစ်တကျရွေးချယ်ပါ။

Read times
Rate this item
(0 votes)