What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 January 2021 12:14

ကျောကုန်း က ဝက်ခြံတွေကို ဖယ်ရှားပေးမယ့် နည်း (၂) နည်း

ကျောကုန်းမှာ ဝက်ခြံ ပေါက်တာဟာ ယောကျာ်းလေးအတွက် သိပ်ကိစ္စမရှိပေမဲ့ မိန်းကလေးအချို့အတွက် အခက်အခဲရှိတတ်ပါတယ်။

ဥပမာ- ကျောပြင်ပခုံးသားဖော်ပြီး ဝတ်ရတဲ့အင်္ကျီမျိုးဆို အဆင်မပြေတော့ပါဘူး။ ကျောကုန်းဝက်ခြံတွေ အရမ်းဆိုးနေတယ်ဆိုရင် ဆေးသောက်တာမျိုး၊ လေဆာနဲ့ကုသတာမျိုး လုပ်လို့ရပါတယ်။ ဒါပေမဲ့ အိမ်တွင်းသုံးနည်းလေးတွေလည်း ရှိပါတယ်။

ရေမချိုးမီ ဒိန်ချဉ်နဲ့ ကျောကုန်းကို နှိပ်နယ်ပေးပါ။ ဒိန်ချဉ်မှာပါတဲ့ lactic အက်ဆစ်က ဆဲလ်အသေတွေကို ဖယ်ရှားတာ၊ အဆီပိုတွေကို ဖယ်ထုတ်တာမျိုးတွေ လုပ်ပေးပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့ ဆေးစွမ်းထက်ပုံကတော့ အမျိုးမျိုးပါပဲ။

ဒါပေမဲ့ ဝက်ခြံကို ကုသရာမှာတော့ ကောင်းကောင်းထိရောက်ပါတယ်။

ကြက်သွန်ဖြူဖတ်နဲ့ ဝက်ခြံဖြစ်ပွားတဲ့နေရာတွေကို ကပ်ပေးရမှာဖြစ်ပါတယ်။ ကြက်သွန်ဖြူကို စားပေးခြင်းဖြင့်လည်း ဝက်ခြံကို ကုသလို့ရပါတယ်။

ဝက်ခြံပိုးတွေကိုပါ သေစေချင်တယ်ဆိုရင်တော့ ဖြစ်ပွားရာနေရာကို ြက်သွန်ဖြူဖြင့် ပွတ်ပေးပါ။ ထိုနည်းလမ်းတွေနဲ့ ကျောကုန်းက ဝက်ခြံတွေ လွယ်လင့်တကူ ကုသလိုရမျာလည်း ဖြစ် ပါတယ်။

Read times
Rate this item
(1 Vote)