What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 October 2019 11:01

မထင်မှတ်ဘဲ ဝိတ်ကျစေမယ့် နည်းလမ်းလေးတွေ

ကိုယ်အလေးချိန်များပြီး အဝလွန်နေသူတွေအတွက် ဝိတ်ချတဲ့ နည်းမျိုးစုံ ရှိပါတယ်။

တချို့က အစားအသောက်နဲ့ ဝိတ်ချတတ်ကြသလို တချို့က အားကစားလုပ်ပြီး ဝိတ်ချတတ်ကြပါတယ်။ တချို့က ပိန်ဆေးတွေ သောက်ကြတာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ မထင်မှတ်ဘဲ ဝိတ်ကျစေမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ အရမ်းကြီးလည်း မပင်ပန်းစေဘဲ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုတွေထဲကနေပဲ ရှာဖွေတွေ့ရှိနိုင်တဲ့ နည်းလမ်းလေးတွေပါ။

 

၁-အိမ်သန့်ရှင်းရေး လုပ်ပါ

အိမ်သန့်ရှင်းရေး လုပ်ခြင်းက ခန္ဓာကိုယ်ကို လှုပ်ရှားမှုရစေပြီးတော့ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အိမ်သန့်ရှင်းရေး လုပ်ပေးတာက အားလပ်ချိန်ကို ကောင်းကောင်းအသုံးချနိုင်သလို သွားရည်စာ ခဏခဏ စားဖြစ်တာကိုလည်း ရှောင်လွှဲပြီးသား ဖြစ်စေပါတယ်။

 

၂-အပူအစပ်တွေကို စားပါ

အပူအစပ်ကြိုက်တဲ့ မိန်းကလေးတွေအတွက်တော့ ဒီနည်းလမ်းက နှစ်သက်စရာ ကောင်းနေမှာပါ။ ချဉ်ချဉ်နဲ့ ပူပူစပ်စပ် အစားအစာတွေ စားပေးခြင်းက အဆီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်တဲ့။

 

၃-အနီရောင်ပန်းကန်တွေ အသုံးပြုပါ

အစားအသောက် စားတဲ့အခါမှာ အလွန်အကျွံ မစားဖြစ်အောင် အနီရောင်က ဟန့်တားပေးနိုင်ပါတယ်။ Diet လုပ်နေတဲ့ မိန်းကလေးတွေအတွက် အနီရောင် ကြွေပန်းကန်တွေ သုံးစွဲပေးရင် ကိုယ်အလေးချိန် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

 

ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ဖို့ ဆောင်ရန် ၊ ရှောင်ရန်များ ဖတ်ရှုရန်နှိပ်ပါ။

ရင္သားကင္ဆာမျဖစ္ေအာင္ကာကြယ္ဖို႔ ေဆာင္ရန္ ၊ ေရွာင္ရန္မ်ား


၄-သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ပါ

မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ဈေးဝယ်ထွက်တာဟာ မထင်ထားလောက်အောင် ဝိတ်ကျစေပါတယ်။တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လျှောက်ကြည့်၊ ရယ်မောပြီး လမ်းလျှောက်တာနဲ့တင် အဆီပိုတွေ လောင်ကျွမ်းစေပါတယ်။အချိုရည်တွေ သောက်ပြီး အမောမဖြေမိစေဖို့တော့ သတိထားရပါမယ်။

 

၅-ကခုန်ပါ

မိမိ ကြိုက်နှစ်သက်တဲ့ သီချင်းကို ဖွင့်ပြီး နေ့စဉ် ၁၀ မိနစ်လောက် ပေါ့ပေါ့ပါးပါး ကခုန်လိုက်တာက ဝိတ်ချတဲ့ နေရာမှာ အလွန် အကျိုးရှိစေပါတယ်။ သူငယ်ချင်းတွေကိုပါ အတူ ကခုန်ဖို့ ဖိတ်ခေါ်လိုက်ပေါ့နော်။

 

၆-တရားထိုင်ပါ

ကခုန်ခြင်းကို မနှစ်သက်သူတွေအတွက် နေ့စဉ် ၁၀ မိနစ်ခန့် တရားထိုင်ခြင်းဟာလည်း ခန္ဓာကိုယ်ရှိ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုနဲ့ လုပ်ငန်းခွင်က ပင်ပန်းမှုတွေကို လျော့နည်းသက်သာစေပါတယ်။

 

၇-ရေသောက်ပါ

ရေသောက်ခြင်းဟာလည်း ဝိတ်ကျစေတဲ့အပြင် ကျန်းမာရေးကောင်းအောင် စောင့်ရှောက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ကို ရေ ၂-၃ လီတာခန့် ပုံမှန် သောက်သုံးပါက သွေးတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးတာမို့ အဆီကျစေတဲ့အပြင် အသားအရေကိုလည်း စိုပြေစေပါတယ်။

 

(Zawgyi)

-----------

မထင္မွတ္ဘဲ ၀ိတ္က်ေစမယ့္ နည္းလမ္းေလးေတြ

ကိုယ္အေလးခ်ိန္မ်ားၿပီး အ၀လြန္ေနသူေတြအတြက္ ၀ိတ္္ခ်တဲ့ နည္းမ်ိဳးစံု ရွိပါတယ္။ တခ်ိဳ႕က အစားအေသာက္နဲ႔ ၀ိတ္ခ်တတ္ၾကသလို တခ်ိဳ႕က အားကစားလုပ္ၿပီး ၀ိ္တ္ခ်တတ္ၾကပါတယ္။ တခ်ိဳ႕က ပိန္ေဆးေတြ ေသာက္ၾကတာမ်ိဳးလည္း ရွိပါတယ္။ ဒီတစ္ခါမွာေတာ႔ မထင္မွတ္ဘဲ ၀ိတ္က်ေစမယ့္ နည္းလမ္းေလးေတြကို ေ၀မွ်ေပးလုိက္ပါတယ္။ အရမ္းႀကီးလည္း မပင္ပန္းေစဘဲ ေန႔စဥ္ လႈပ္ရွားေဆာင္ရြက္မႈေတြထဲကေနပဲ ရွာေဖြေတြ႕ရွိႏိုင္တဲ့ နည္းလမ္းေလးေတြပါ။

 

၁-အိမ္သန္႔ရွင္းေရး လုပ္ပါ

အိမ္သန္႔ရွင္းေရး လုပ္ျခင္းက ခႏၶာကိုယ္ကို လႈပ္ရွားမႈရေစၿပီးေတာ့ အဆီေတြကို ေလာင္ကၽြမ္းေစႏိုင္ပါတယ္။ အိမ္သန္႔ရွင္းေရး လုပ္ေပးတာက အားလပ္ခ်ိန္ကို ေကာင္းေကာင္းအသံုးခ်ႏိုင္သလို သြားရည္စာ ခဏခဏ စားျဖစ္တာကိုလည္း ေရွာင္လႊဲၿပီးသား ျဖစ္ေစပါတယ္။

 

၂-အပူအစပ္ေတြကို စားပါ

အပူအစပ္ႀကိဳက္တဲ့ မိ္န္းကေလးေတြအတြက္ေတာ့ ဒီနည္းလမ္းက ႏွစ္သက္စရာ ေကာင္းေနမွာပါ။ ခ်ဥ္ခ်ဥ္နဲ႔ ပူပူစပ္စပ္ အစားအစာေတြ စားေပးျခင္းက အဆီေတြကိုေလာင္ကၽြမ္းေစႏိုင္ပါတယ္တဲ့။

 

၃-အနီေရာင္ပန္းကန္ေတြ အသံုးျပဳပါ

အစားအေသာက္ စားတဲ့အခါမွာ အလြန္အကၽြံ မစားျဖစ္ေအာင္ အနီေရာင္က ဟန္႔တားေပးႏိုင္ပါတယ္။ Diet လုပ္ေနတဲ့ မိန္းကေလးေတြအတြက္ အနီေရာင္ ေၾကြပန္းကန္ေတြ သံုးစြဲေပးရင္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ႏုိင္မွာ ျဖစ္ပါတယ္။

ရင္သားကင္ဆာမျဖစ္ေအာင္ကာကြယ္ဖို႔ ေဆာင္ရန္ ၊ ေရွာင္ရန္မ်ား ဖတ္ရႈရန္ႏွိပ္ပါ။

ရင္သားကင္ဆာမျဖစ္ေအာင္ကာကြယ္ဖို႔ ေဆာင္ရန္ ၊ ေရွာင္ရန္မ်ား

 

၄-သူငယ္ခ်င္းေတြနဲ႔ ေစ်းဝယ္ထြက္ပါ

မိတ္ေဆြ သူငယ္ခ်င္း အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေစ်းဝယ္ထြက္တာဟာ မထင္ထားေလာက္ေအာင္ ဝိတ္က်ေစပါတယ္။တစ္ဆုိင္ဝင္ တစ္ဆိုင္ထြက္ ေလွ်ာက္ၾကည့္၊ ရယ္ေမာၿပီး လမ္းေလွ်ာက္တာနဲ႔တင္ အဆီပိုေတြ ေလာင္ကၽြမ္းေစပါတယ္။အခ်ိဳရည္ေတြ ေသာက္ၿပီး အေမာမေျဖမိေစဖုိ႔ေတာ့ သတိထားရပါမယ္။

 

၅-ကခုန္ပါ

မိမိ ႀကိဳက္ႏွစ္သက္တဲ့ သီခ်င္းကို ဖြင့္ၿပီး ေန႔စဥ္ ၁၀ မိနစ္ေလာက္ ေပါ့ေပါ့ပါးပါး ကခုန္လိုက္တာက ဝိတ္ခ်တဲ့ ေနရာမွာ အလြန္ အက်ိဳးရွိေစပါတယ္။ သူငယ္ခ်င္းေတြကိုပါ အတူ ကခုန္ဖို႔ ဖိတ္ေခၚလိုက္ေပါ့ေနာ္။

 

၆-တရားထိုင္ပါ

ကခုန္ျခင္းကို မႏွစ္သက္သူေတြအတြက္ ေန႔စဥ္ ၁၀ မိနစ္ခန္႔ တရားထုိင္ျခင္းဟာလည္း ခႏၶာကိုယ္ရွိ ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမႈနဲ႔ လုပ္ငန္းခြင္က ပင္ပန္းမႈေတြကို ေလ်ာ့နည္းသက္သာေစပါတယ္။

 

၇-ေရေသာက္ပါ

ေရေသာက္ျခင္းဟာလည္း ဝိတ္က်ေစတဲ့အျပင္ က်န္းမာေရးေကာင္းေအာင္ ေစာင့္ေရွာက္ေပးႏုိင္တဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ တစ္ေန႔ကို ေရ ၂-၃ လီတာခန္႔ ပံုမွန္ ေသာက္သံုးပါက ေသြးတြင္းရွိ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးတာမို႔ အဆီက်ေစတဲ့အျပင္ အသားအေရကိုလည္း စိုေျပေစပါတယ္။

Read times Last modified on Friday, 07 February 2020 15:53
Rate this item
(1 Vote)