What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 May 2017 15:42

နွေရာသီမှာ အသားအရည်လှစေဖို့ စားသုံးသင့်တဲ့ အစားအသောက်များ

နွေရာသီမှာ အသားအရည်လှစေဖို့ စားသုံးသင့်တဲ့ အစားအသောက်များ Google.com

ပူပြင်းတဲ့ နေရောင်ကြောင့် နွေရာသီမှာ အသားအရေ ရေဓာတ်ကုန်ခမ်းတာ နေလောင်တာတွေ အဖြစ်များပါတယ်။

ထို့နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အရေပြားကို အားဖြည့်ပေးပြီး ကြည်လင်တောက်ပတဲ့ အသားအရည်ကို ထိန်းသိမ်းထားနိုင်မည့် အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

၁. ကြက်ဥ

ကြက်ဥမှာ ပရိုတင်းဓာတ် အများဆုံးပါဝင်ပြီး အဆီပါဝင်မှု လျော့နည်းပါတယ်။ အဆီအများကြီးပါဝင်တဲ့ အစားအစာတွေဟာ သင့်အရေပြားကို လျော့လျဲစေပြီး အိုမင်းစေမှာပါ။ ကြက်ဥမှာ ဗီတာမင်အေလဲ ပါတာကြောင့် အသားအရည်ကို အထူးအကျိုးပြုပါတယ်။

၂. အစေ့အဆံများ

အစေ့အဆံတွေမှာ ဗီတာမင်အီးနဲ့ အခြားကောင်းတဲ့ အဆီတွေ ပါဝင်ပါတယ်။ အစေ့အဆံတွေဆိုပေမယ့် အပင်ကြီး အစေ့အဆံတွေက ပိုကောင်းပါတယ်။

၃. ဟင်းနုနွယ်

ဟင်းနုနွယ်မှာ ဗီတာမင်အေနှင့် ဗီတာမင် စီ ပါ အများအပြားပါဝင်တာမို့ အရေပြားကို အထောက်အကူပြုစေပြီး ရေဓာတ်ပါဝင်မှုကလဲ များပြားတာကြောင့် အသားအရေမှာ လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်မှာပါ။

၎. စတော်ဘယ်ရီ

စတော်ဘယ်ရီမှာ ဗီတာမင် စီ ပါဝင်မှု များပြားပီး သင့်အရေပြား ဆဲလ်တွေကို တိုက်ခိုက်နေတဲ့ ရက်ဒီကယ် တွေကို တွန်းလှန်နိုင်တာကြောင့် အိုမင်းမှုကို လျော့ချပေးနိုင်ပြီး အမဲစက်နဲ့ နေလောင်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

၅. ငါး

ငါးမှာ အသားဓာတ်အပြင် ငါးကြီးတွေမှာဆိုရင် အိုမီဂါ ၃ နဲ့ Fatty Acid တွေတောင် ပါဝင်နေပြီး ထိခိုက်ထားတဲ့ သင့်အသားအရေအတွက် ပြန်လည်ကုသပေးနိုင်တဲ့ အသားတစ်မျိုးဖြစ်တဲ့အတွက် စားသင့်ပါတယ်။

၆. ကန်စွန်းဥ

ကန်စွန်းဥမှာ အန်တီအောက်ဆီးဒင့်တွေ အများအပြားပါဝင်ပြီး ဘီတာကယ်ရိုတင်းလို့ ခေါ်တဲ့ အန်တီအောက်ဆီးဒင့်တွေ များတာကြောင့် အိုမင်းမှုကို တားဆီးပေးနိုင်ပါတယ်။

အရေးအကြောင်းတွေနဲ့ အသားတွန့်တာတွေကို သက်သာစေတာကြောင့် နွေရာသီမှာ မေ့မထားသင့်တဲ့ အစားအစာတစ်ခုဆိုလဲ မမှားပါဘူး။

Source: knaung

Read times
Rate this item
(1 Vote)