What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 June 2022 15:52

ခန္တာကိုယ်ပေါ်က အသားပိုတွေ ဖယ်ရှားနည်း

ခန္တာကိုယ်အရေးပြားပေါ်မှာ သေးငယ်းပြီးပျော့အိတဲ့ အသားဖုလေဒတွေ ထွက်ပေါ်လာဖြင်းကို အသားပိုလို့ခေါ်ပြီး ဒီအသားပိုလေးတွေကဟာ နာကျင်ရောင်ရမ်းမှု မရှိဘူးဆိုရင်တော့ အန္တရာယ်မရှိပါဘူး။

သေးငယ်တဲ့သားပိုလေးတွေဟာ ခန္တာကိုယ်နေရာအနှံ့ မှာထွက်လေ့ရှိပြီး တချို့ အသားပို ဖုေးတွေကြောင့် စိတ်အနှောက်ယှက် ဖြစရတာလည်းရှိပါတယ်။

(၁) ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ ပန်းသီးရှာလကာရှည်ဟာ အသားပိုတွေကိုဖယ်ရှာတဲ့နေရာမှာလည်း အသုံးတည့်လှပါတယ်။ ပန်းသီးရှာလကာရှည် အနည်းငယ်ကို ဂွမ်းစလေးနဲ့ သုတ်ပြီး အ

သားပိုဖြစ်ပေါ်တဲ့နေရာမှာကပ်ထားပေးပါ။ အချိန်အနည်းငယ်ကြာရင် ဂွမ်းစလေးအပေါ်ကနေ ပလာစတစ် ကပ်ခွာကပ်ထားပေးခြင်းဖြင့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် နောက်ပိုင် သူ့အလိုလို ကြွေကျသွားမှာလည်းဖြစ်ပါတယ်။

(၂) သံပုရာရှည် အနည်းငယ်ကို အသားပျု နေရာပေါ်မှာ တစ်နေ့ နှစ်ကြိမ်ခန့် ပုံမှန်သုတ်လိမ်းပေးခြင်းအားဖြင့် သံပုရာရှည်မှာ ပါဝင်တဲ့ Citric Acid ကြောင့် နှစ်ပတ်အကြာမှာ သူ့အလိုလို ခြောက်ပြီး ကွာကျသွားတာ

ကို တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။

(၃) ရှားစောင်းလက်ပတ် ပင်ကရတဲ့ ရှားစောင်း လက်ပတ် ဂျယ်လ်အနည်းငယ်ကို အသားပိုနေရာမှာ တနေ့နှစ်ကြိမ်ခန့် ပုံမှန် ပွတ်လိမ်းပေးရုံနဲ့ သိသာထူးခြားတဲ့ရလဒ်ကို ပိုင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။

(၄) ကြက်သွန်ဖြူကို ထောင်းပြီး ရလာတဲ့ ကြက်သွန်ဖြူသတ္တုရည်ကို အသားဖုပေါ် သုတ်လိမ်းပေးပြီးခြောက်သွားအခါ ရေခပ်နွေးနွေး နဲ့ ပြန်လည်ဆေးကြောပေးပါ။ ဒီနည်းလမ်းအတိုင်း နေ့စဉ်ပုံမှန် ပြုလုပ်ပေးခြင်းဖြင့်

နောက်ပိုင်းတွင် ပျောက်ကင်းသွားမှာလည်းဖြစ်ပါတယ်။

(၅) ညအိပ်ယာဝင်ကာနီးတိုင်း ဌက်ပျောခွံရဲ့ အတွင်းသားကို အသားပိုနေရာပေါ်မှာဖုံးအုပ်ပြီး အိပ်စက်ပေးခြင်းအားထြင့် အသားပို အရွယ်အစားပေါ်မူတည်ပြီး ပျောက်ကင်းသွားတာ ကို တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။

Read times Last modified on Thursday, 09 June 2022 15:52
Rate this item
(1 Vote)