What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 October 2019 13:32

အလှအပအတွက် နေ့စဉ် မသုံးသင့်တဲ့ အလှပြင်ပစ္စည်း ၆ မျိုး

မိန်းကလေးတွေအတွက် ကိုယ်နဲ့အဆင်အပြေဆုံး အလှပြင်ပစ္စည်းတွေ ရှာဖွေစုဆောင်းရတဲ့ အလုပ်က သိပ်တော့ မလွယ်ကူလှပါဘူး။

ဒီတော့ ကိုယ်နဲ့ အဆင်ပြေတဲ့ပစ္စည်း၊ သဘောကျတဲ့ ပစ္စည်းဆိုရင် နေ့တိုင်းကို သုံးချင်မိတော့တာပေါ့။ ဒါပေမယ့် နေ့တိုင်းသုံးဖို့ မသင့်တော်တဲ့ ပစ္စည်းတွေလည်း ရှိနေပါတယ်။ ကိုယ့်အတွက် အသင့်တော်ဆုံးနဲ့ အလွယ်တကူသုံးနိုင်တဲ့ အလှပြင်ပစ္စည်းတွေကို မရွေးချယ်ခင် ခဏခဏမသုံးသင့်တဲ့ ပစ္စည်းတွေ၊ အကြိမ်ရေ ကန့်သတ်ပြီးပဲ သုံးသင့်တဲ့ ပစ္စည်းတွေကို သိရှိနိုင်ဖို့ စုစည်းဖော်ပြပေးထားပါတယ်။

 

Dry Shampoo

ရေချိုးဖို့အချိန်လည်းမရှိဘူး၊ ဆံပင်ကိုလည်း တစ်နေ့လုံး အဆင်ပြေပြေလေး ဖြစ်စေချင်တယ်ဆိုရင်တော့ Dry Shampoo က အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် ခေါင်းလျှော်စရာမလိုဘဲ ဆံပင်အလှအပကို ခဏတာထိန်းသိမ်းပေးတဲ့ ဒီ အံ့သြစရာ ဖြန်းဆေးဘူးလေးက သုံးတာများလာရင် ဆံပင်တွေကို ထိခိုက်လာစေပါတယ်။ Beverly Hills မှာ ရှိတဲ့ Andy Lecompte Salon ရဲ့ co-owner နဲ့ Stylist ဖြစ်တဲ့ Leanne Citrone ကတော့ အခုလိုမျိုးပြောခဲ့ပါတယ်။

 

“ကျွန်မက Dry Shampoo ကို အရမ်းသဘောကျပြီး အမြဲသုံးဖြစ်တဲ့ ပစ္စည်းတစ်ခုပါပဲ။ နေ့တိုင်းနီးပါး Dry Shampoo ကို သုံးတာများလာတဲ့အခါ ဆံပင်တွေက ကြွတ်ဆတ်ပြီး ကျိုးကြေလွယ်လာတယ်။ ခဏခဏသုံးတာက အချိန်ကြာလာတာနဲ့အမျှ ဆံပင်ကို ထိခိုက် ပျက်စီးစေပါတယ်။ ခေါင်းကိုသေချာလျှော်ဖို့နဲ့ ဆံပင်တွေကို ကောင်းကောင်းထိန်းသိမ်းဖို့ မမေ့ပါနဲ့” အလုပ်အရမ်းများပြီး အမြန်သွားရတော့မယ့် မနက်မျိုးမှာ စိတ်ချရတဲ့ Dry Shampoo ကို ယူပြီး သုံးလိုက်ပါ။ ဒါပေမယ့် အကျင့်လိုမျိုးဖြစ်ပြီး နေ့တိုင်းသုံးမိတာမျိုးတော့ မဖြစ်ပါစေနဲ့ ။ Dry Shampoo ကို ၂ ရက်ထပ်ပိုပြီး ဆက်တိုက်မသုံးသင့်ပါဘူး။

 

Deep Conditioner

ခြောက်သွေ့နေတဲ့ ဦးရေပြားနဲ့ ဆံပင်အမြစ်တွေအတွက် အစိုဓါတ်ပြည့်ဝတဲ့ Deep Conditioner ကို သုံးပေးခြင်းက ဆံပင်တွေကို ကျန်းမာသန်စွမ်းတဲ့ ပုံစံရဖို့အတွက် အကောင်းဆုံးပါပဲ။ ဒါပေမယ့် တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ပဲ သုံးပေးသင့်ပါတယ်။ ဒီအကြိမ်ရေထက် ပိုသုံးမယ်ဆိုရင်တော့ ဆံပင်တွေကို ပိုပြီးခြောက်ကပ်အောင် လုပ်မိသလို ဖြစ်သွားပါလိမ့်မယ်။ Citrone က “ပရိုတင်းဓါတ်ပြည့်ဝတဲ့ Deep Conditioning Treatment တွေက သုံးတာများရင် ဆံပင်ကို ထိခိုက်စေပါတယ်။

 

အဲ့ဒါက ဆံပင်မှာ ရှိရမယ့် PH ပမာဏကို လျှော့နည်းစေပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ဖြစ်စေလို့ ဆံပင်တွေ ပျက်စီးစေပါတယ်။ ဆံပင်တွေကို ပိုပြီးဂရုစိုက်ဖို့လိုတယ်လို့ ခံစားရရင်တော့ တစ်ပတ်တစ်ခါ အုန်းဆီကိုသုံးပြီး ဆံပင်သားကောင်းအောင် လုပ်နိုင်ပါတယ်။”

Read More:>> ဆေးဆိုင်ပေါင်း ၁၀၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ။

 

Medicated Lip Balm

Lip Balm ဆိုတာ မိန်းကလေးတိုင်းရဲ့ အိတ်ထဲမှာ ဘယ်အချိန်ချိန်ရှာရှာ တွေ့နိုင်တဲ့ ပစ္စည်းတစ်ခုပါ။ ကွဲအက်နေတဲ့ နှုတ်ခမ်းတွေအတွက် လန်းဆန်းအေးမြတဲ့ အထိအတွေ့နဲ့ Medicated Lip Balm လေးတွေက ကယ်တင်ရှင်ပါပဲ။ ဒါပေမယ့် အဲ့ဒါတွေကို အမြဲတမ်း မသုံးသင့်ပါဘူးလို့ ဆိုပါတယ်။ The Derm Institute ရဲ့ MD ဖြစ်တဲ့ Dermatologist Annie Chiu က Medicated Lip Balm ကို ပုံမှန်အသုံးပြုခြင်းဟာ ရှောင်ကြဉ်သင့်တဲ့ အရာပါလို့ ပြောခဲ့ပါတယ်။

 

ဘာလို့လဲဆိုရင် ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းတွေကို ပိုပြီးဆိုးသွားစေမှာကြောင့်ပါ။ “အလွန်အကျွံသုံးခြင်းက နှုတ်ခမ်းအစိုဓါတ်ပြည့်ဝဖို့အတွက် ဒီပစ္စည်းပေါ်မှာပဲ လုံးဝပုံအပ်လိုက်သလိုဖြစ်သွားမှာပါ။ ဒါကြောင့် နှုတ်ခမ်းတွေ ကွဲအက်တာ ပျောက်သွားပြီဆိုရင် ပုံမှန် Lip Balm ကိုပဲ ပြန်ပြောင်းပြီး သုံးသင့်ပါတယ်။”

 

Makeup Primer

Primer ဆိုတာ မိတ်ကပ်လိမ်းတဲ့အခါ ကြာရှည်ခံအောင်၊ မျက်နှာချောမွေ့ပြီး အနာအဆာကင်းတဲ့ပုံစံလေးရဖို့အတွက် မိတ်ကပ်အောက်က ခံလိမ်းပေးရတဲ့ ပစ္စည်းပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ပါဝင်ပစ္စည်းတွေကတော့ အသားအရည်အတွက် မကောင်းလှပါဘူး။ Primer ကို နေ့တိုင်းမသုံးပါနဲ့လို့ Chiu က ပြောပါတယ်။ Primer ထဲမှာပါတဲ့ Silicone က ချွေးပေါက်တွေကို အဆီတွေ ချွေးတွေနဲ့အတူပိတ်စေပြီး ဝက်ခြံတွေ ထွက်စေပါတယ်။

 

မိတ်ကပ်လိမ်းတိုင်း သုံးတာမျိုးမဟုတ်ဘဲ လိုအပ်တဲ့အချိန်မှာသာ သုံးပြီး မျက်နှာကိုလည်း သေချာပြန်သစ်ပေးဖို့လိုပါတယ်။ ချစ်သူနဲ့ ချိန်းထားထာလား။ Primer လေးလိမ်းသွားလိုက်ပါ။ ပြီးရင်တော့ တစ်ပတ်လုံး ချွေးပေါက်တွေကို အနားပေးပြီး နောက်တစ်ခါအတွက် အသင့်ပြင်ထားလိုက်နော်။

Read More:>> ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းပေါင်း ၁၇၀ ကျော်ကို ကြည့်ရန် နှိပ်ပါ။

Waterproof Mascara

မျက်တောင်လေးတွေ ရှည်လျုားပြီး ထူထဲနေစေဖို့ သူငယ်ချင်းကောင်း Mascara ကို မနက်တိုင်း မတွေ့မဖြစ် တွေ့ရတာပေါ့။ Los Angeles က နာမည်ကျော် Makeup Artist Jamie Greenberg က Mascara ကို လုံးဝစွန့်လွှတ်လိုက်ဖို့ မဟုတ်ဘဲ ရေစိုခံ အမျိုးအစားကိုပဲ ရှောင်ကြဉ်ဖို့ ပြောခဲ့ပါတယ်။ တော်သေးတာပေါ့နော်။


“အဲဒါက မျက်တောင်တွေကို ခြောက်ကပ်စေလို့ နည်းနည်းပဲ သုံးသင့်ပါတယ်။ ပုံမှန် Mascara ကို အရင်သုံးပြီးမှ Waterproof ကို နည်းနည်းထပ်တင်တာ ပိုကောင်းပါတယ်” လို့ Greenberg က ပြောခဲ့ပါတယ်။

 

Self Tanner

အသားဖြူတဲ့သူတွေ နွေရာသီမှာ နေလောင်ခံစရာမလိုဘဲနဲ့ နေလောင်ခံထားရသလိုမျိုး အသားရောင်လေးရဖို့နဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့အတွက် Self Tanner က ပျော်စရာကောင်းတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့်လည်း သူက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေပါတယ်။ Greenberg ကတော့ အလွန်အကျွံမသုံးဖို့ ပြောခဲ့ပါတယ်။ “များသောအားဖြင့် ဒါက လိမ္မော်ရောင် အသားတစ် ထပ်ခံထားသလိုမျိုး ဖြစ်စေပါတယ်။

 

အဲ့ဒါက ကြည့်လို့မကောင်းသလို သဘာဝလဲမကျပါဘူး။ လူတော်တော်များများက ဒီလိုမျိုးအသားအရေကို မှန်မှန်ကန်ကန်ရဖို့အတွက် အချိန်ကိုလုံလောက်အောင် မယူကြဘူး။ ဒီတော့ Something About Mary ရုပ်ရှင်ကားထဲက Magda လိုမျိုးဖြစ်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် အလွှာတစ်ခု ထပ်တင်လိုက်ကြတာပါပဲ” ဒါကို အထူးအချိန်တွေအတွက်ပဲ သုံးသင့်ပါတယ်။ အထူးသဖြင့် Self Tanner မှာပါတဲ့ DHA က DNA တွေ ပျက်စီးစေခြင်းနဲ့ ဆက်နွယ်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး အသားအရေလိုချင်သူ ရှားတယ်ဆိုပေမယ့်လည်း သုံးဖို့ လိုအပ်လာတဲ့အခါ သူ့မှာပါတဲ့ အသုံးပြုနည်းကို သေချာဖတ်ပြီးမှ သုံးသင့်ပါတယ်။

 

(Zawgyi)

---------

အလွအပအတြက္ ေန႔စဥ္ မသံုးသင့္တဲ့ အလွျပင္ပစၥည္း ၆ မ်ိဳး

မိန္းကေလးေတြအတြက္ ကိုယ္နဲ႕အဆင္အေျပဆံုး အလွျပင္ပစၥည္းေတြ ရွာေဖြစုေဆာင္းရတဲ့ အလုပ္က သိပ္ေတာ့ မလြယ္ကူလွပါဘူး။ ဒီေတာ့ ကိုယ္နဲ႔ အဆင္ေျပတဲ့ပစၥည္း၊ သေဘာက်တဲ့ ပစၥည္းဆိုရင္ ေန႔တိုင္းကို သံုးခ်င္မိေတာ့တာေပါ့။

 

ဒါေပမယ့္ ေန႔တိုင္းသံုးဖို႕ မသင့္ေတာ္တဲ့ ပစၥည္းေတြလည္း ရွိေနပါတယ္။ ကိုယ့္အတြက္ အသင့္ေတာ္ဆံုးနဲ႕ အလြယ္တကူသံုးႏိုင္တဲ့ အလွျပင္ပစၥည္းေတြကို မေရြးခ်ယ္ခင္ ခဏခဏမသံုးသင့္တဲ့ ပစၥည္းေတြ၊ အႀကိမ္ေရ ကန္႔သတ္ၿပီးပဲ သံုးသင့္တဲ့ ပစၥည္းေတြကို သိရွိႏိုင္ဖို႕ စုစည္းေဖာ္ျပေပးထားပါတယ္။

 

Dry Shampoo

ေရခ်ိဳးဖို႕အခ်ိန္လည္းမရွိဘူး၊ ဆံပင္ကိုလည္း တစ္ေန႔လံုး အဆင္ေျပေျပေလး ျဖစ္ေစခ်င္တယ္ဆိုရင္ေတာ့ Dry Shampoo က အသင့္ေတာ္ဆံုးပါပဲ။ ဒါေပမယ့္ ေခါင္းေလွ်ာ္စရာမလုိဘဲ ဆံပင္အလွအပကို ခဏတာထိန္းသိမ္းေပးတဲ့ ဒီ အ့ံၾသစရာ ျဖန္းေဆးဘူးေလးက သံုးတာမ်ားလာရင္ ဆံပင္ေတြကို ထိခိုက္လာေစပါတယ္။ Beverly Hills မွာ ရွိတဲ့ Andy Lecompte Salon ရဲ႕ co-owner နဲ႔ Stylist ျဖစ္တဲ့ Leanne Citrone ကေတာ့ အခုလိုမ်ိဳးေျပာခဲ့ပါတယ္။

 

“ကၽြန္မက Dry Shampoo ကို အရမ္းသေဘာက်ၿပီး အၿမဲသံုးျဖစ္တဲ့ ပစၥည္းတစ္ခုပါပဲ။ ေန႔တိုင္းနီးပါး Dry Shampoo ကို သံုးတာမ်ားလာတဲ့အခါ ဆံပင္ေတြက ၾကြတ္ဆတ္ၿပီး က်ိဳးေၾကလြယ္လာတယ္။ ခဏခဏသံုးတာက အခ်ိန္ၾကာလာတာနဲ႕အမွ် ဆံပင္ကို ထိခိုက္ ပ်က္စီးေစပါတယ္။ ေခါင္းကိုေသခ်ာေလွ်ာ္ဖို႕နဲ႕ ဆံပင္ေတြကို ေကာင္းေကာင္းထိန္းသိမ္းဖို႔ မေမ့ပါနဲ႔” အလုပ္အရမ္းမ်ားၿပီး အျမန္သြားရေတာ့မယ့္ မနက္မ်ိဳးမွာ စိတ္ခ်ရတဲ့ Dry Shampoo ကို ယူၿပီး သံုးလုိက္ပါ။ ဒါေပမယ့္ အက်င့္လိုမ်ိဳးျဖစ္ၿပီး ေန႕တိုင္းသံုးမိတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔ ။ Dry Shampoo ကို ၂ ရက္ထပ္ပိုၿပီး ဆက္တိုက္မသံုးသင့္ပါဘူး။

 

Deep Conditioner

ေျခာက္ေသြ႔ေနတဲ့ ဦးေရျပားနဲ႕ ဆံပင္အျမစ္ေတြအတြက္ အစိုဓါတ္ျပည့္ဝတဲ့ Deep Conditioner ကို သံုးေပးျခင္းက ဆံပင္ေတြကို က်န္းမာသန္စြမ္းတဲ့ ပံုစံရဖို႕အတြက္ အေကာင္းဆံုးပါပဲ။ ဒါေပမယ့္ တစ္ပတ္ကို တစ္ႀကိမ္ ဒါမွမဟုတ္ ႏွစ္ႀကိမ္ပဲ သံုးေပးသင့္ပါတယ္။ ဒီအႀကိမ္ေရထက္ ပိုသံုးမယ္ဆိုရင္ေတာ့ ဆံပင္ေတြကို ပိုၿပီးေျခာက္ကပ္ေအာင္ လုပ္မိသလို ျဖစ္သြားပါလိမ့္မယ္။ Citrone က “ပရိုတင္းဓါတ္ျပည့္ဝတဲ့ Deep Conditioning Treatment ေတြက သံုးတာမ်ားရင္ ဆံပင္ကို ထိခိုက္ေစပါတယ္။

 

အဲ့ဒါက ဆံပင္မွာ ရွိရမယ့္ PH ပမာဏကို ေလွ်ာ့နည္းေစၿပီး ဆန္႕က်င္ဘက္ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေစလို႕ ဆံပင္ေတြ ပ်က္စီးေစပါတယ္။ ဆံပင္ေတြကို ပိုၿပီးဂရုစိုက္ဖို႔လိုတယ္လို႔ ခံစားရရင္ေတာ့ တစ္ပတ္တစ္ခါ အုန္းဆီကိုသံုးၿပီး ဆံပင္သားေကာင္းေအာင္ လုပ္ႏိုင္ပါတယ္။”

 

Read More:>> ေဆးဆိုင္ေပါင္း ၁၀၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ။

 

Medicated Lip Balm

Lip Balm ဆိုတာ မိန္းကေလးတိုင္းရဲ႕ အိတ္ထဲမွာ ဘယ္အခ်ိန္ခ်ိန္ရွာရွာ ေတြ႕ႏိုင္တဲ့ ပစၥည္းတစ္ခုပါ။ ကြဲအက္ေနတဲ့ ႏႈတ္ခမ္းေတြအတြက္ လန္းဆန္းေအးျမတဲ့ အထိအေတြ႕နဲ႕ Medicated Lip Balm ေလးေတြက ကယ္တင္ရွင္ပါပဲ။ ဒါေပမယ့္ အဲ့ဒါေတြကို အၿမဲတမ္း မသံုးသင့္ပါဘူးလို႕ ဆိုပါတယ္။ The Derm Institute ရဲ႕ MD ျဖစ္တဲ့ Dermatologist Annie Chiu က Medicated Lip Balm ကို ပံုမွန္အသံုးျပဳျခင္းဟာ ေရွာင္ၾကဥ္သင့္တဲ့ အရာပါလို႔ ေျပာခဲ့ပါတယ္။ ဘာလို႔လဲဆိုရင္ ေျခာက္ေသြ႕အက္ကြဲေနတဲ့ ႏႈတ္ခမ္းေတြကို ပိုၿပီးဆိုးသြားေစမွာေၾကာင့္ပါ။

 

“အလြန္အကၽြံသံုးျခင္းက ႏႈတ္ခမ္းအစိုဓါတ္ျပည့္ဝဖို႕အတြက္ ဒီပစၥည္းေပၚမွာပဲ လံုးဝပံုအပ္လိုက္သလိုျဖစ္သြားမွာပါ။ ဒါေၾကာင့္ ႏႈတ္ခမ္းေတြ ကြဲအက္တာ ေပ်ာက္သြားၿပီဆိုရင္ ပံုမွန္ Lip Balm ကိုပဲ ျပန္ေျပာင္းၿပီး သံုးသင့္ပါတယ္။”

 

Makeup Primer

Primer ဆိုတာ မိတ္ကပ္လိမ္းတဲ့အခါ ၾကာရွည္ခံေအာင္၊ မ်က္နွာေခ်ာေမြ႕ၿပီး အနာအဆာကင္းတဲ့ပံုစံေလးရဖို႕အတြက္ မိတ္ကပ္ေအာက္က ခံလိမ္းေပးရတဲ့ ပစၥည္းပဲျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူ႕ရဲ႕ ပါဝင္ပစၥည္းေတြကေတာ့ အသားအရည္အတြက္ မေကာင္းလွပါဘူး။ Primer ကို ေန႔တိုင္းမသံုးပါနဲ႔လို႔ Chiu က ေျပာပါတယ္။ Primer ထဲမွာပါတဲ့ Silicone က ေခၽြးေပါက္ေတြကို အဆီေတြ ေခၽြးေတြနဲ႕အတူပိတ္ေစၿပီး ဝက္ျခံေတြ ထြက္ေစပါတယ္။

 

မိတ္ကပ္လိမ္းတိုင္း သံုးတာမ်ိဳးမဟုတ္ဘဲ လိုအပ္တဲ့အခ်ိန္မွာသာ သံုးၿပီး မ်က္ႏွာကိုလည္း ေသခ်ာျပန္သစ္ေပးဖို႕လိုပါတယ္။ ခ်စ္သူနဲ႕ ခ်ိန္းထားထာလား။ Primer ေလးလိမ္းသြားလိုက္ပါ။ ၿပီးရင္ေတာ့ တစ္ပတ္လံုး ေခၽြးေပါက္ေတြကို အနားေပးၿပီး ေနာက္တစ္ခါအတြက္ အသင့္ျပင္ထားလိုက္ေနာ္။

 

Read More:>> ေဆးဝါးထုတ္လုပ္ေရး လုပ္ငန္းေပါင္း ၁၇၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ။

 

Waterproof Mascara

မ်က္ေတာင္ေလးေတြ ရွည္လ်ုားၿပီး ထူထဲေနေစဖို႕ သူငယ္ခ်င္းေကာင္း Mascara ကို မနက္တိုင္း မေတြ႕မျဖစ္ ေတြ႕ရတာေပါ့။ Los Angeles က နာမည္ေက်ာ္ Makeup Artist Jamie Greenberg က Mascara ကို လံုးဝစြန္႕လႊတ္လိုက္ဖို႔ မဟုတ္ဘဲ ေရစိုခံ အမ်ိဳးအစားကိုပဲ ေရွာင္ၾကဥ္ဖို႕ ေျပာခဲ့ပါတယ္။ ေတာ္ေသးတာေပါ့ေနာ္။


“အဲဒါက မ်က္ေတာင္ေတြကို ေျခာက္ကပ္ေစလို႕ နည္းနည္းပဲ သံုးသင့္ပါတယ္။ ပံုမွန္ Mascara ကို အရင္သံုးၿပီးမွ Waterproof ကို နည္းနည္းထပ္တင္တာ ပိုေကာင္းပါတယ္” လို႕ Greenberg က ေျပာခဲ့ပါတယ္။

 

Self Tanner

အသားျဖဴတဲ့သူေတြ ေႏြရာသီမွာ ေနေလာင္ခံစရာမလိုဘဲနဲ႕ ေနေလာင္ခံထားရသလိုမ်ိဳး အသားေရာင္ေလးရဖို႔နဲ႕ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ဖို႕အတြက္ Self Tanner က ေပ်ာ္စရာေကာင္းတဲ့ နည္းလမ္းတစ္ခုပါပဲ။ ဒါေပမယ့္လည္း သူက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုမ်ားေနပါတယ္။ Greenberg ကေတာ့ အလြန္အကၽြံမသံုးဖို႕ ေျပာခဲ့ပါတယ္။ “မ်ားေသာအားျဖင့္ ဒါက လိေမၼာ္ေရာင္ အသားတစ္ ထပ္ခံထားသလိုမ်ိဳး ျဖစ္ေစပါတယ္။ အဲ့ဒါက ၾကည့္လို႕မေကာင္းသလို သဘာဝလဲမက်ပါဘူး။ လူေတာ္ေတာ္မ်ားမ်ားက ဒီလိုမ်ိဳးအသားအေရကို မွန္မွန္ကန္ကန္ရဖို႕အတြက္ အခ်ိန္ကိုလံုေလာက္ေအာင္ မယူၾကဘူး။

 

ဒီေတာ့ Something About Mary ရုပ္ရွင္ကားထဲက Magda လိုမ်ိဳးျဖစ္တဲ့အထိ ကိုယ့္ကိုယ္ကိုယ္ အလႊာတစ္ခု ထပ္တင္လိုက္ၾကတာပါပဲ” ဒါကို အထူးအခ်ိန္ေတြအတြက္ပဲ သံုးသင့္ပါတယ္။ အထူးသျဖင့္ Self Tanner မွာပါတဲ့ DHA က DNA ေတြ ပ်က္စီးေစျခင္းနဲ႕ ဆက္ႏြယ္ေနပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ဒီလိုမ်ိဳး အသားအေရလိုခ်င္သူ ရွားတယ္ဆိုေပမယ့္လည္း သံုးဖို႔ လိုအပ္လာတဲ့အခါ သူ႔မွာပါတဲ့ အသံုးျပဳနည္းကို ေသခ်ာဖတ္ၿပီးမွ သံုးသင့္ပါတယ္။

Read times Last modified on Friday, 07 February 2020 16:02
Rate this item
(0 votes)