What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 April 2018 11:43

စစ်တွေဘက်တွင် ခရုမှတစ်ဆင့်ကူးစက်သော Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါဆန်းတမျိုးတွေ့ရှိ

မြန်မာနိုင်ငံ ၊ စစ်တွေမြို့တွင် Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်)၊ ခရုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဆန်းတမျိုး တွေ့တယ်လို့သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းစတင် ဖြစ်ပွားခဲ့တယ်လို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

Tuesday, 03 April 2018 16:56

ခန္ဓာကိုယ်မှာ အာရုံကြောစနစ်တွေ ပျက်စီးနေရင် ပြသောလက္ခဏာ(၆)ချက်

အရွယ်မတိုင်ခင် အာရုံကြောတွေ ပျက်စီးယိုယွင်းနေပြီလားဆိုတဲ့ အချက်ကိုသင်ခန္ဓာကိုယ်က ပြသပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ အာရုံကြောပေါင်းထောင်နဲ့ သောင်းနဲ့ချီပြီးရှိနေပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းအား လုံးကို ဆက်သွယ်ပေးထားတဲ့ ကြေးနန်းမျှင်လေးတွေလိုပါပဲ။ တချို့အာရုံကြောလေးတွေက ခန္ဓာကိုယ်လှုပ်ရှားဖို့ ဦးနှောက်ကနေတစ်ဆင့်ခန္ဓာကိုယ်ဆီဆက်သွယ်ပေးပါတယ်။ တချို့ကတော့ အပူ၊အအေး၊ နာကျင်မှုတွေကို ခန္ဓာကိုယ်မှတစ်ဆင့် ဦးနှောက်ဆီသတင်းပို့ဆက်သွယ်ပေးပါတယ်။ ခန္ဓာကိုယ်မှရှိတဲ့ အထိအတွေ့အာရုံစနစ်လေးတစ်ခုပျက်စီးသွားရင်တော့ သူနဲ့ပတ်သတ်တဲ့ အစိတ်အပိုင်းမှာ လက္ခဏာလေးတွေပြပါတယ်။ ဒီတော့ ကိုယ့်အာရုံကြောစနစ်တွေ ကောင်းမွန်တယ်၊ပျက်စီးတယ်ဆိုတာ ဘယ်လိုသိလဲဆိုတာကတော့- (၁) ခြေလက်ထုံကျဉ်မယ်။ အာရုံခံအာရုံကြောစနစ်နဲ့ပတ်သတ်ပြီး ပထမဆုံးပြတဲ့လက္ခဏာကတော့ ခြေလက်တွေထုံကျဉ်လာတာပါ၊ အထူးသဖြင့် ခြေချောင်းလေးတွေ၊ လက်ချောင်းတွေမှာပါ။ မကုသဘဲထားလိုက်မယ်ဆိုရင်တော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။ ခြေလက်ထုံကျဉ်တာဟာ ခြေလက်ကို အကြာကြီးဖိထားမိတာ၊ အအေးကိုအချိန်အကြာကြီးကိုင်ထားတာ၊ အထိုင်များလွန်းတာ၊ နဲ့ ဗီတာမင် ဘီ12 (သို့) Magnesium ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (၂) ကိုယ်လက်တွေ နာကျင်မယ်၊ ဦးနှောက်ကို အထိအတွေ့အာရုံသယ်ဆောင်ပေးတဲ့အာရုံခံအာရုံကြော ထိခိုက်မိတဲ့အတွက် ကြောင့်လည်း နာကျင်မှုခံစားရနိုင်ပါတယ်။ဒီနာကျင်တဲ့ဧရိယာက တဖြည်းဖြည်းနဲ့ ခန္ဒာကိုယ်အနှံ့ပျံ့သွားပြီး ညအိပ်တဲ့အခါပိုပြီးဆိုးရွားစေပါလိမ့်မယ်။ အာရုံကြောစနစ်ပျက်စီးတာမဟုတ်ပဲဆီးချို၊ ဗီတာမင် B12 ချို့တဲ့တာကြောင့်လည်း နာကျင်မှုခံစားရနိုင်ပါသေးတယ်။ (၃) ကြွက်သားအားနည်းမယ်၊ ခန္ဓာကိုယ်မှာ ရွေ့လျားနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ အာရုံကြောစနစ်လေးတွေပျက်စီးလာတဲ့အခါမှာ ကြွက်သားတွေကို ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာတာကြောင့် ကြွက်သားတွေအားနည်းတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ (၄) ကြွက်တတ်မယ်၊ အာရုံကြောအားနည်းတဲ့ အခါမျိုးတွေမှာ ကြွက်တတ်တာမျိုးတွေလည်းဖြစ်တတ်ပါသေးတယ်။ တခါတရံကြွက်တတ်တဲ့အတွက် အာရုံကြောလေးတွေကိုပါ ဆွဲသလိုဖြစ်စေပြီး ပိုပျက်စီးစေနိုင်ပါတယ်၊ လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်မိတာ၊ ရေဓာတ်ခမ်းခြောက်တာနဲ့ သတ္တုဓာတ်ချို့တဲ့ တာကြောင့်လည်း ကြွက်တတ်နိုင်ပါတယ်။ (၅) ဆီးခဏခဏသွားမယ်၊ ဆီးစနစ်ကောင်းဖို့အတွက် ကြွက်သားနဲ့ အာရုံကြောတွေစုပေါင်းပြီး လုပ်ဆောင်ရတာပါ။ သို့သော် ဆီးစနစ်ပျက်စီးသွားတဲ့အခါမှာတေ့ာ ဆီးမကြာမကြာသွားချင်စိတ်ဖြစ်ပေါ်စေပါတယ်။ (၆) ခေါင်းအရမ်းကိုက်မယ်၊ မကြာမကြာခေါင်းအပြင်းအထန်ကိုက်တာ ၊ ဓာတ်လိုက်သလိုကျဉ်ကနဲ၊ ကျဉ်ကနဲ ခံစားရတာတွေက အာရုံကြောစနစ်ပျက်စီးနေတဲ့ လက္ခဏာတွေပါ။ Pann Chit Thu

Monday, 02 April 2018 16:43

Appendicitis (အူအတက်ရောင်ခြင်း) ဆိုသည်မှာ..

အူအတက်မပေါက်ခင် Appendicitis ဆိုတာ( အူအတက် ရောင်ခြင်း)ကို ပြောတာပါ။အူအတက်ဆိုတာ အူမကြီးမှာ တွယ်ကပ်နေတဲ့ ပြွန်ပုံစံ အင်္ဂါအစိတ်အပိုင်း သေးသေးလေးဖြစ်ပါတယ်။

Friday, 30 March 2018 15:56

သွေးတိုး၊ ဆီးချို ရှိသူများ နှလုံးရောဂါပိုဖြစ်ပွားနိုင်ချေများ

နှလုံးရောဂါသည် ကျန်းမာသောစားသောက်မှုနှင့်နေထိုင်မှု ပုံစံမရှိပါကလူတိုင်းတွင်ဖြစ်နိုင်သော ပြင်းထန်သည့်ရောဂါဖြစ် ပါတယ်။ နှလုံးရောဂါသည်ဆီးချို၊ သွေးတိုးရောဂါတို့နှင့်ပတ် သက်ဆက်နွယ်နေပါတယ်။

Friday, 30 March 2018 15:25

သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်နည်းများ

သွေးလွန်တုပ်ကွေးဟာ ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး လေးမျိုးကြောင့် ဖြစ်ပွားပါတယ်။ ဒီရောဂါကို တခါတရံ ပြင်းထန်တဲ့ အဆစ်နဲ့ ကြွက်သားနာကျင်မှုတွေ ဖြစ်ပွားစေပြီး အရိုးကျိုးသလို ခံစားရတာမို့ break bone fever လို့လဲ ခေါ်ပါတယ်။

Thursday, 29 March 2018 11:49

မျက်စိထဲတွင် ကိုလက်စထရောအနည်ထိုင်၍ ဖြစ်လာသော အဆီကျိတ်များ

မျက်စိထဲတွင် ကိုလက်စထရောအနည်ထိုင်ပြီး အဝါရောင် အဆီ ကျိတ်များ ဖြစ်ပေါ်နိုင်ပါသည်။

Wednesday, 28 March 2018 17:16

Dehydration (ရေဓာတ်ဆုံးရှုံးခြင်း) ဆိုသည်မှာ…

ရေဓာတ်ဆုံးရှုံးခြင်း ဆိုတာ မိမိသောက်သုံးတဲ့ရေပမာဏထက် ဆုံးရှုံးမှုကပိုများနေတဲ့အခါ ဖြစ်လာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

Monday, 26 March 2018 17:06

နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း

angina ဆိုတာ နှလုံးကို သွေးမရောက်နိုင်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတဲ့ နှလုံးအောင့်ခြင်းကို ခေါ်ပါသည်။

Monday, 26 March 2018 11:13

အာရုံကြောအားနည်းရခြင်း အကြောင်းရင်း (၇) ချက်

အာရုံကြောအားနည်းခြင်း (Neuropathy) မှာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သော ဝေဒနာတစ်ခုဖြစ်ပါတယ်။