What's New



Sunday, 12 November 2023 00:07

တောင်ကိုရီးယား ကြမ်းပိုးနှိမ်နင်းရေး ၄ ပတ်ကြာ ဆင်နွှဲမည်

တောင်ကိုရီးယား ကြမ်းပိုးနှိမ်နင်းရေး ၄ ပတ်ကြာ ဆင်နွှဲမည်

Sunday, 08 October 2023 21:06

မျက်မြှေးရောင်ရောဂါ/ မျက်စိနာရောဂါ နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

မျက်မြှေးရောင်ရောဂါ/ မျက်စိနာရောဂါ နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

Wednesday, 04 October 2023 12:03

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနှင့် ရွှေလီအစိုးရ ပူးပေါင်း၍ မျက်စိရောဂါများ အခမဲ့ ကုသပေးမည်

မူဆယ်မြို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မူဆယ်ရုံးခွဲ) နှင့် ရွှေလီမြို့အစိုးရတို့ ပူးပေါင်း၍ မျက်စိအတွင်းတိမ်၊ အပြင်တိမ်နှင့် မျက်စိရောဂါ ဝေဒနာရှင်များအား တရုတ်နိုင်ငံမှ မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများမှ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။   ထို့အတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများသည် မူဆယ်နယ်စပ်ဒေသတွင် မျက်စိရောဂါဝေဒနာ ခံစားနေရသူများအား ကြိုတင် အမည်စာရင်း ကောက်ခံလျက် ရှိသည်။   မည်သူမဆို မျက်စိရောဂါဝေဒနာ ကုသလိုသူများအနေဖြင့် စာအုပ်အနီရှိသူများအပြင် ယခုအခါ မူဆယ် - ရွှေလီခရီးသွား အစိမ်းကတ်များ ထုတ်ပေးနေပြီ ဖြစ်သဖြင့် မျက်စိဝေဒနာရှင်များ အမြန်ဆုံး စမ်းသပ် စစ်ဆေးရန်နှင့် ဆေးကုသမှု ခံယူနိုင်ရန်... ဦးရန်ဆူမြင့်နှင့် ဦးအားမြင့် ဦးစီးအဖွဲ့က တရုတ်ဘုံကျောင်း ဦးအုန်းမောင် (ရွှေညာသားမြတ်မင်း) မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မူဆယ်ရုံးခွဲ) ရုံးအဖွဲ့မှူး ဦးသန့်ဇင် (တပ်ခွဲမှုး) မိုင်းယု (၁၀၅) မိုင် ကြက်ခြေနီအသင်းရုံးတို့ကို ဆက်သွယ်၍ အမည်စာရင်း ပေးသွင်းနိုင်မည် ဖြစ်သည်။   Advertisement Click Here >Ko Thein Zaw’s   မျက်စိရောဂါဝေဒနာ ခံစားနေရသူများ အနေဖြင့် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပြီး တရုတ်နိုင်ငံမှ မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများမှ စမ်းသပ် စစ်ဆေးကာ လိုအပ်သူများကို ရွှေလီမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ် ကုသပေးသွားမည်ဟု ဆိုသည်။   လက်ရှိတွင် မူဆယ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ မျက်စိရောဂါဝေဒနာရှင် (၃၀) ကျော်၊ မိုင်းယု (၁၀၅) မိုင် ကျေးရွာနှင့် မန့်မော်ကျေးရွာ၊ ရွာမကျေးရွာများတွင် မျက်စိရောဂါဝေဒနာရှင် (၂၀) ကျော် စာရင်းကောက်ခံထားပြီး ဖြစ်ကြောင်း သိရသည်။   ယခင်ကလည်း ယခုကဲ့သို့ မျက်စိရောဂါ ဝေဒနာရှင်များအား တရုတ်ဘက်မှ မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများဖြင့် ချိတ်ဆက်၍ စမ်းသပ် ခွဲစိတ် ကုသပေးမှုများ လုပ်ဆောင်ပေးခဲ့သည်။

Wednesday, 27 September 2023 15:33

အဖြစ်များနေသော မျက်စိနာခြင်းအကြောင်း (Adenoviral Conjunctivitis)

အဖြစ်များနေသော မျက်စိနာခြင်းအကြောင်း (Adenovial Conjunctivitis)

Monday, 25 September 2023 16:44

ကမ္ဘောဒီးယားတွင် ၇ နှစ်အတွင်း ဇီကာကူးစက်မှု ပထမဆုံးဖြစ်ပွားကြောင်း ကြေညာ

ကမ္ဘောဒီးယားတွင် ၇ နှစ်အတွင်း ဇီကာကူးစက်မှု ပထမဆုံးဖြစ်ပွားကြောင်း ကြေညာ

Monday, 24 July 2023 11:51

လူငယ်တွေမှာပါ အဖြစ်များလာတဲ့ အရိုးပါးခြင်းနဲ့ အရိုးပွခြင်း

အရိုးပါး၊ အရိုးပွရောဂါသည် သက်ကြီးပိုင်း အရွယ်များတွင် ပို၍ အဖြစ်များသော်လည်း မျက်မှောက်ကာလတွင် နေ့စဉ် အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ ဆေးလိပ်နှင့် အရက်သောက်သုံးမှု များပြားခြင်းတို့ကြောင့် လူငယ်လူလတ်ပိုင်းများပါ ဖြစ်လာကြသည်။   ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ကောင်း၏ ဆိုသည့်အတိုင်း အရိုးပါး၊ အရိုးပွရောဂါ မဖြစ်စေရန် အကောင်းဆုံးနည်းလမ်းမှာလည်း ကြိုတင် ကာကွယ်ခြင်းပင် ဖြစ်သည်။    မိမိကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်းနှင့် အစားအသောက် ဂရုစိုက်ခြင်းတို့ကို ပြုလုပ်သင့်ပြီး အရက်နှင့် ဆေးလိပ်သောက်သုံးခြင်း၊ အငန်စားသုံးမှု များခြင်း၊ အချိုမှုန့်များ သုံးစွဲခြင်းနှင့် ကော်ဖီ သောက်သုံးမှု အလွန်အကျွံ ပြုလုပ်ခြင်း စသည်တို့ကို အဓိက ရှောင်ကြဉ်ကြရမည် ဖြစ်သည်။   အဓိကဖြစ်ပွားသော အကြောင်းရင်းများ  မိသားစုမျိုးရိုးထဲတွင် အရိုးပွရောဂါ ဖြစ်ခဲ့ဖူးသော  မိသားစုဝင်များ၊  အချိန်ကြာကြာ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ  နေတတ်သူများ၊  ခန္ဓာကိုယ်အရပ်အမောင်းနှင့်  အလေးချိန်တွင် အချိုးအစား မမျှတသောသူများ၊  ဆေးလိပ်နှင့် အရက်ကို အလွန်အကျွံ သောက်သုံးကြသူများတွင် အရိုးပါး၊ အရိုးပွမှု ဖြစ်နိုင်ခြေ ပိုများသည်။    ရောဂါလက္ခဏာများ အရိုးနှင့် ခါးရိုးများ နာကျင်ခြင်း၊  အရိုးကျိုးလွယ်ခြင်း၊  အရပ်အမောင်း နိမ့်ဆင်းသွားခြင်း၊  အရိုးပွခြင်းကြောင့် ကျောရိုးမှာ ဒဏ်မခံနိုင်တော့ဘဲ ခါးကုန်းလာခြင်း စသည်တို့သည် အရိုးပါး၊ အရိုးပွရောဂါ၏ သိသာ ထင်ရှားသော လက္ခဏာများဖြစ်ပြီး ရောဂါပိုမို မဆိုးရွာလာစေရန် အပြုအမူ၊ အနေအထိုင်ကို ဆင်ခြင်သင့်သည်။   အရိုးပါး၊ အရိုးပွရောဂါ စတင် ဖြစ်ပွားပါက ရောဂါအခြေအနေ ပိုဆိုးမလာစေရန်နှင့် အရိုး၏ သိပ်သည်းဆကို ပို၍ ကျမသွားအောင် ထိန်းထားရမည် ဖြစ်ပြီး အစားအသောက် ဂရုစိုက်ခြင်း၊ မပြင်းထန်သော လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ရောဂါသက်သာအောင် လုပ်ဆောင်နိုင်သည်။         Advertisement Click Here > Golden Myanmar   ရောဂါကာကွယ်ရေးအတွက် ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝသော အစားအစာများကို ပုံမှန် စားသုံးပေးသင့်သည်။ ကယ်လ်ဆီယမ်ဓာတ်သည် အရိုးများကို သန်မာစေပြီး အရိုးတည်ဆောက်ရေး လုပ်ငန်းများကို မျှတအောင် ထိန်းညှိပေးသောကြောင့် ဖြစ်သည်။   ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝသော အစားအစာများ နို့၊ ဒိန်ချဉ်၊ ပဲနို့၊ ချိစ် ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး ဂေါ်ဖီ၊ ကိုက်လန်၊ ဟင်းနုနွယ်ရွက် နှံစားသီးနှံများ သစ်သီးဖျော်ရည်များ အခွံမာသီးများနှင့် အစေ့အဆန်များ ပဲအမျိုးမျိုး   ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူရာတွင် ဗီတာမင်ဒီ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါလှသည်။ ထို့ကြောင့် နေရောင်ခြည်ကို (၁၅) မိနစ်ခန့် ထိတွေ့ပေးခြင်း၊ ဖြည့်စွက်အာဟာရအဖြစ် ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများကို နေ့စဉ် စားသုံးပေးခြင်းတို့ ပြုလုပ်သင့်သည်။    ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများ ငါးကြီးဆီ၊ ဆော်လမွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ကာဗီးယားငါးဥ၊ မက်ကရယ်ငါး ပြုပြင်ထားသော Oat အုတ်ဂျုံ အစေ့အဆန်များ ကြက်ဥအနှစ် နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဒိန်ချဉ်၊ ထောပတ်၊ ချိစ်၊ ဆိတ်နို့၊ ဒိန်ခဲ၊ ပဲနို့ ကြက်သားအဆီ၊ ကြက်ဆင်သား၊ ဝက်နံရိုး၊ ဝက်သားကင်၊ ဝက်မိုးခိုသား၊ အမဲသားအသည်း ပင်လယ်စာ ကမာ၊ ပုဇွန်၊ ငါးရှဉ့် လိမ္မော်သီး၊ သင်္ဘောသီး၊ သရက်သီး၊ မက်မွန်သီး၊ ထောပါတ်သီး မုန်လာဥနီ၊ ကန်စွန်းဥ၊ ပန်းပွင့်စိမ်း၊ ရုံးပတီသီး၊ မှို၊ ပန်းငရုတ်ပွ တိုဖူး   အရိုးပါး၊ အရိုးပွရောဂါ ကာကွယ်ရန်အတွက် လိုအပ်ပါက အားဆေးလည်း သောက်ပေးရမည်။ သောက်ရမည့် အားဆေး အမျိုးအစားနှင့် သောက်သုံးရန် အချိန်တို့ကိုမူ တတ်သိ နားလည်သော ဆရာဝန်နှင့် ဆွေးနွေးပြီးမှ သောက်သုံးသင့်သည်။   သက်ကြီးရွယ်အိုများအတွက် သတိပေးချက်   သက်ကြီးရွယ်အိုများသည် မိမိခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်နှင့် တည်ငြိမ်အောင် မထိန်းထားနိုင်သည့်အတွက် မကြာခဏ လဲကျတတ်သည်။ ထိုသို့ လဲကျလျှင် အရိုးကျိုးနိုင်သောကြောင့် လဲကျစေနိုင်သည့် ပြဿနာများကို ဦးစွာ ဖြေရှင်းရမည် ဖြစ်သည်။   မျက်စိမှုန်ခြင်းကြောင့် ချော်လဲသည်ဆိုလျှင် မျက်မှန်တပ်ခိုင်းရမည်။ ဟန်ချက်ညီအောင် မထိန်းနိုင်၍ လဲကျတတ်သည်ဆိုလျှင် အရိုးသန်မာစေသည့် မပြင်းထန်သော လေ့ကျင့်ခန်းများကို ပြုလုပ်ခိုင်းရမည်။ ထို့ပြင် မချော်လဲစေရန် ရေချိုးခန်းနှင့် အိမ်သာတို့တွင် လက်ရန်းများ ပြုလုပ်ပြီး တပ်ဆင်ပေးထားသင့်သည်။  

Monday, 05 June 2023 17:00

မိုးဦးကာလ ရာသီတုပ်ကွေး မဖြစ်ပွားအောင် ဘယ်လိုဂရုစိုက်မလဲ

ရာသီတုပ်ကွေးရောဂါ ( Seasonal Influenza ) သည် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး နှာခေါင်း၊ လည်ပင်းနှင့် အဆုတ်တို့ကို ထိခိုက်စေကာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အခြားလူများသို့ ကူးစက်နိုင်သည်။ 

Tuesday, 02 May 2023 09:48

(၁၀) ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ (၆၀၀) ကျော်ထိ ရှိလာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့မှ ယမန့်နေ့ မေလ (၁) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၆၀၂) ဦးထိ ရှိလာကြောင်း သိရသည်။ ၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၃၃၁,၇၀၂) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၅၉၉) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၇၅၂) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။ လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာမူ ယခင်အတိုင်း (၁၉,၄၉၀) ဦးပင် ဖြစ်သည်။ နေ့အလိုက် ကူးစက်လူနာစာရင်း ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦးဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦးဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦးဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦးဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦးဧပြီလ ၂၈ - ၂၉ ရက်အထိ (၁၃၀) ဦးဧပြီလ ၂၉ - ၃၀ ရက်အထိ (၇၁) ဦးဧပြီလ ၃၀ - မေလ ၁ ရက်အထိ (၁၀၆) ဦး AdvertisementClick Here > DM Trading   ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။ ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ရောဂါကူးစက်မှုကို ကာကွယ်ဆေးထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်သည်။

Friday, 31 March 2023 10:00

ရောဂါဖြစ်ကြောင်း သိချိန်မှာ အများဆုံး (၆) လပဲ အသက်ရှင်နိုင်တဲ့ ပန်ကရိယကင်ဆာ

မုန့်ချိုအိတ်ကင်ဆာ (ပန်ကရိယကင်ဆာ) ဆိုတာ အစာအိမ်ရဲ့ အနောက်မှာရှိတဲ့ မုန့်ချိုအိတ်ရဲ့ တစ်ရှူးထဲမှာ ဖြစ်တတ်တဲ့ ကင်ဆာဖြစ်ပါတယ်။ မုန့်ချိုအိတ်ဟာ အစာခြေဖျက်ရာမှာ အရေးပါတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။    မုန့်ချိုအိတ်က ဂလူကဂွန်၊ အင်ဆူလင် စတဲ့ သွေးတွင်းသကြားဓါတ် ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်ဟာ ဂလူးကို့စ်ကနေ စွမ်းအင်ဖြစ်စေပြီး ဂလူကဂွန်ဟာ သကြားဓါတ်နည်းနေချိန်မှာ မြှင့်တင်ပေးပါတယ်။   ပန်ကရိယကင်ဆာဟာ အမေရိကန်နိုင်ငံမှာ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ သေဆုံးမှုတွေမှာ စတုတ္ထမြောက် သေဆုံးမှုအမြင့်ဆုံး ဖြစ်ပါတယ်။ မုန့်ချိုအိတ်ရဲ့ တည်နေရာကြောင့် ရောဂါရှာသိဖို့ ခဲယဉ်းပြီး ကြာမှ သိလာရတတ်ပါတယ်။    “ ကင်ဆာတွေထဲမှာ အဆိုးဆုံးကင်ဆာကတော့ Pancreatic Cancer ပန်ကရိယကင်ဆာ ( မုန့်ချိုအိတ်ကင်ဆာ ) ဖြစ်ပါတယ်။ ဒီရောဂါ ဖြစ်ပြီဆိုရင် များသောအားဖြင့် (၂) လမှ (၆)လ လောက်ပဲ အသက်ရှင်ပါတယ်။ ဒါကြောင့် ကင်ဆာဘုရင်လို့ ခေါ်ပါတယ်။ “ လို့ ဒေါက်တာမော်နီကာသူရိန်က ပြောပါတယ်။   ရောဂါလက္ခဏာများ   ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ပြီး နောက်ကျောကိုပါ ပြန့်နှံ့ခြင်း အသားရောင်ဝါပြီး မျက်လုံးဖြူခြင်း အစားအသောက်ပျက်ခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း စိတ်ကျခြင်း သွေးခဲခြင်း တို့ ဖြစ်ပြီး ရောဂါဆိုးလာတဲ့ အချိန်မတိုင်မီထိ လက္ခဏာ မပြတတ်ပါဘူး။    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ   စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေ ပိုဆိုးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။   Advertisement  Click Here > Beauty Promo Pwal   ဒေါက်တာက “ အစောပိုင်းမှာ ဒီကင်ဆာရောဂါ ဖြစ်နေတာကို မသိဘဲ အစာအိမ်ရောဂါအနေနဲ့ မှားယွင်းပြီး ကုသနေတတ်ကြပါတယ်။ ပန်ကရိယရဲ့ ကိုယ်နဲ့ အမြီးမှာ ကင်ဆာဖြစ်နေရင် လူနာက ဗိုက်နာပါတယ်။ အစာအိမ်နဲ့ ကပ်နေတာကြောင့် အစာအိမ်က နာတယ်၊ အစာအိမ်ရောဂါ ဖြစ်တယ်လို့  ဆရာဝန်တွေက ထင်ကြပြီး အစာမကြေတာ၊ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာလို့ မှားယွင်းစွာ ဆုံးဖြတ်ကြပါတယ်။ အဲဒီလို တခြားရောဂါအနေနဲ့ မှားယွင်းစွာ ကုသနေပြီး ပန်ကရိယကင်ဆာ ဖြစ်နေတယ်ဆိုတာ သိတဲ့အချိန်မှာတော့ အရမ်း အရမ်း နောက်ကျနေပါပြီ။ “ လို့ ဆိုပါတယ်။   ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ   ပန်ကရိယကင်ဆာ ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ ယနေ့တိုင် မသိရသေးပါဘူး။ ဒီကင်ဆာအမျိုးအစားဟာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ မုန့်ချိုအိတ်ထဲမှာ ကြီးထွားလာပြီး အကျိတ်ဖြစ်ပေါ်ရာကနေ စတင်ဖြစ်ပွားပါတယ်။ ပုံမှန်ဆဲလ်တွေဟာ သူ့ပမာဏအတိုင်းပဲ ကြီးထွားလာပြီး သေဆုံးတတ်ပါတယ်။ ကင်ဆာဖြစ်ရင်တော့ ဆဲလ်အရေအတွက် ပုံမှန်ထက်များပြားလာပြီး ပုံမှန်ဆဲလ်တွေကိုပါ ဝါးမြိုသွားပါတယ်။   ရောဂါဖြစ်နိုင်ခြေများ ဆေးလိပ်သောက်ခြင်း အဝလွန်ခြင်း လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း အသီးအနှံအစားနည်းခြင်း အဆီများသော အစာစားခြင်း အရက်သောက်လွန်းခြင်း ဆီးချီုရှိခြင်း ပိုးသတ်ဆေး၊ ဓါတုဆေးဝါးများဖြင့် အလုပ်လုပ်နေရခြင်း မုန့်ချိုအိတ်နာတာရှည်ရောင်ရမ်းခြင်း အသည်းပျက်စီးခြင်း မုန့်ချိုအိတ်ကင်ဆာနှင့်ပတ်သက်၍ မိသားစုရာဇဝင်ရှိခြင်း၊ ကင်ဆာနှင့် ဆက်နွယ်သော မျိုးရိုးဗီဇ ချို့ယွင်းမှုရှိခြင်း စတဲ့ အခြေအနေတွေမှာ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားစေပါတယ်။   “ ပန်ကရိယကင်ဆာမဖြစ်ခင် တစ်နှစ်ခွဲကနေ ခြောက်လအတွင်းမှာ သွေးထဲက သကြားဓာတ်က ပိုမြင့်လာပါတယ်။ ကိုလက်စထရော စတဲ့ သွေးတွင်းအဆီဓာတ်တွေက ကျဆင်းလာပါတယ်။ အရေပြားအောက်က အဆီတွေ ကျလာပြီး ကိုယ်အလေးချိန်က ကျမသွားဘူး။ ပန်ကရိယကင်ဆာ မဖြစ်ခင် ခြောက်လအတွင်းမှာ သိသိသာသာ ပိန်သွားတယ်။ သွေးတွင်းအဆီဓာတ်တွေ ထပ်ပြီး ကျဆင်းလာတယ်။ သွေးတွင်းအချိုဓာတ် တဖြည်းဖြည်း တက်လာပြီး အကြောင်းထူးမရှိဘဲ တဖြည်းဖြည်း ကိုယ်အလေးချိန် ကျသွားရင် အထူးသတိထားဖို့ ကောင်းပါတယ်။ “ လို့ ဒေါက်တာမော်နီကာသူရိန်က သတိပေးပါတယ်။   Advertisement Click Here > Central Ko Soe Myint   ရောဂါအဖြေရှာခြင်းနှင့် ကုသမှု   ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ လက္ခဏာတွေကို သုံးသပ်ပြီး ရောဂါရာဇဝင် မေးပါလိမ့်မယ်။ အောက်ပါစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။ မုန့်ချိုအိတ်အနေအထားကို အသေးစိတ်သိနိုင်ရန် CT၊ MRI ရိုက်ခြင်း အစာအိမ်လမ်းကြောင်းအတွင်း မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်း အသားစနမူနာစစ်ဆေးခြင်း အကျိတ်လက္ခဏာ CA 19-9 ရှိမရှိ သွေးစစ်ခြင်း   ရောဂါအတည်ပြုပြီးရင် အောက်ပါအတိုင်း အဆင့်သတ်မှတ်ပါလိမ့်မယ်။ အဆင့် ၁။ အကျိတ်ဟာ မုန့်ချိုအိတ်အတွင်းမှာပဲ ရှိနေပါတယ်။   အဆင့် ၂။ အကျိတ်များဟာ နီးစပ်ရာ ဝမ်းဗိုက်အတွင်းက တစ်သျှူးနဲ့ ပြန်ရည်ကြောဖုတွေဆီ ပြန့်နေပါတယ်။   အဆင့် ၃။ အကျိတ်များဟာ အဓိကကျတဲ့ သွေးကြောနဲ့ ပြန်ရေကြောဖုတွေဆီ ပြန့်နှံ့နေပါတယ်။   အဆင့် ၄။ အကျိတ်များဟာ တခြား အင်္ဂါအစိတ်အပိုင်းများ ( ဥပမာ - အသည်း ) ကို ပြန့်နှံ့နေပါတယ်။   ဘယ်လိုကုသနိုင်သလဲ   ကင်ဆာအဆင့်ပေါ် မူတည်ပါတယ်။ ကုသမှုမှာ ရည်ရွယ်ချက် (၂) ခု ရှိပါတယ်။ ပထမတစ်ချက်က ကင်ဆာဆဲလ်တွေကို သေစေဖို့နဲ့ ဒုတိယတချက်က ရောဂါပြန့်နှံ့ခြင်းကို တားဆီးဖို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသည်းပျက်စီးခြင်း စတာတွေဟာ မုန့်ချိုအိတ်ကင်ဆာကုသစဉ်မှာ တွေ့ရများတဲ့ နောက်ဆက်တွဲပြသနာတွေပဲ ဖြစ်ပါတယ်။   ခွဲစိတ်ခြင်း   အကျိတ်ဟာ မုန့်ချိုအိတ်ထဲမှာပဲ ရှိသေးရင် ခွဲစိတ်ကုသပါတယ်။ နေရာအတိအကျ သိရပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းနဲ့ လည်ပင်းပိုင်းမှာရှိရင် ဖြတ်တောက်ဖယ်ရှားတဲ့နည်း သုံးပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းပိုင်းနဲ့ ကိုယ်ပိုင်းရဲ့ (၂၀) ရာခိုင်နှုန်းကို ဖယ်ရှားပါတယ်။ သည်းခြေအိတ် အောက်ခြေတစ်ဝက်နဲ့ အူရဲ့ အစပိုင်းကိုပါ ဖယ်ထုတ်ရပါတယ်။ နောက်နည်းလမ်းတစ်ခုမှာတော့ အစာအိမ်ရဲ့ တစိတ်တပိုင်းပါ ဖယ်ရှားပါတယ်။   Advertisement Click Here > Central Ko Soe Myint   ဒေါက်တာက “ ပန်ကရိယကင်ဆာကို ပျောက်အောင်ကုသနိုင်တဲ့ နည်းကတော့ ခွဲစိတ်ကုသခြင်းပါပဲ။ အထက်က ပြောသလို ဒီရောဂါကို သိတဲ့အချိန်မှာ နောက်ကျနေပြီ ဖြစ်တဲ့အတွက် လူနာ ၈၀% က ခွဲစိတ်လို့ မရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ကီမိုဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်း တွေကလည်း ပန်ကရိယကင်ဆာအပေါ် ထိရောက်မှု မရှိပါဘူး။ အခြား ကုသနည်းတွေ၊ ဆေးဝါးအသစ်တွေကလည်း စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ “ လို့ ပြောပါတယ်။   ဓါတ်ရောင်ခြည်သုံး ကုသခြင်း   မုန့်ချိုအိတ်အပြင်ကို အကျိတ်တွေ ပြန့်လာရင် X Ray နဲ့ တခြားစွမ်းအားမြင့် ရောင်ခြည်တွေကို ကင်ဆာဆဲလ်တွေ သတ်ဖို့ သုံးပါတယ်။   ကင်ဆာဆေးသွင်းခြင်း   ကင်ဆာဆဲလ်တွေ ထပ်မံမပြန့်ပွားရအောင် တခြားနည်းလမ်းတွေနဲ့ပါ ပေါင်းစပ် အသုံးပြုပါတယ်။   နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ   ဆေးလိပ်ဖြတ်ခြင်း အာဟာရပြည့်ဝအောင် စားသောက်ခြင်း တနေ့လျှင် နာရီဝက်ခန့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း အသီးအရွက် များများစားခြင်း အဆီများသော အစာများ ရှောင်ခြင်း အရက်ရှောင်ခြင်း စတဲ့ နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပန်ကရိယကင်ဆာအတွက် အထောက်အကူ ပြုပါတယ်။   ပန်ကရိယကင်ဆာကို ကုသခြင်းထက် ကြိုတင်ကာကွယ်ရေးက ပိုအရေးကြီးပါတယ်။ ဒါကြောက့် ဆေးလိပ်ဖြတ်တာ၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ အချိုရည် အလွန်အကျွံ သောက်ခြင်းကို ရှောင်ကျဉ်တာ၊ ပြုပြင်ထားတဲ့ အသားနဲ့ အသားကင်တွေကို လျှော့စားပြီး သန့်ရှင်း လတ်ဆတ်တဲ့ အသီးအနှံ၊ အရွက်တွေကို စားသုံးတာမျိုး အလေ့အကျင့် လုပ်ထားသင့်ပါတယ်။   အထူးသဖြင့် လူကြီးပိုင်းတွေအနေနဲ့ အသက် (၅၀) ကျော်ရင် သွေးတွင်းအချိုဓာတ် Blood Glucose Levels ကို အမြဲတိုင်းပါ။ သွေးအချိုဓာတ်တွေ တဖြည်းဖြည်း တက်လာမယ်၊ အဆီဓာတ်တွေ တဖြည်းဖြည်း ကျသွားမယ်၊ အကြောင်းထူးမရှိဘဲ ကိုယ်အလေးချိန်ကျမယ်  ဆိုရင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။   Ref : Hello Sayarwon, ဒေါက်တာမော်နီကာသူရိန်