What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 02 April 2018 16:43

Appendicitis (အူအတက်ရောင်ခြင်း) ဆိုသည်မှာ..

Appendicitis (အူအတက်ရောင်ခြင်း) ဆိုသည်မှာ.. google.com

အူအတက်မပေါက်ခင် Appendicitis ဆိုတာ( အူအတက် ရောင်ခြင်း)ကို ပြောတာပါ။အူအတက်ဆိုတာ အူမကြီးမှာ တွယ်ကပ်နေတဲ့ ပြွန်ပုံစံ အင်္ဂါအစိတ်အပိုင်း သေးသေးလေးဖြစ်ပါတယ်။

၎င်းက ဗိုက်အောက်ပိုင်းညာဘက်ခြမ်းမှာ တည်ရှိပါတယ်။ပုံမှန်အားဖြင့်တော့ ၄င်းက ဘာမှမလုပ်ပေမဲ့ ပိတ်ဆို့မှု ဖြစ်သွားတဲ့ အခါမှာတော့ ခန္ဒာကိုယ်ကို ဒုက္ခပေးလာနိုင်ပြီး အသက်အန္တရာယ်ပါရှိလာနိုင်ပါတယ်။

Appendicitis (အူအတက်ရောင်ခြင်း ) ရဲ့လက္ခဏာတွေကတော့

အဓိကရောဂါလက္ခဏာကတော့ ဗိုက်အောင့်တာဖြစ်ပြီး ချက်ရဲ့ အနီးအပေါ်အလယ်ပိုင်းမှာ စပြီးအောင့်လေ့ရှိပါတယ်။ ၄င်းနာတာက တဖြည်းဖြည်းနဲ့ ၀မ်းဗိုက်၏ ညာအောက်ပိုင်းထောင့်တစ်နေရာထိ ရွေ့သွားတတ်ပါတယ်။ လှုပ်ရှားမှု၊ ချောင်းဆိုးခြင်း၊ နှင့် ခန္ဒာကိုယ်လိမ်လိုက်တာတို့မှာဆိုလျှင် ပိုဆိုးတတ်ပါတယ်။

Image result for Appendicitis

တခြားလက္ခဏာတွေကတော့

  • ပျို့ခြင်း၊နှင့် အန်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ၀မ်းချုပ်ခြင်း သို့ ၀မ်းလျှောခြင်း
  • လေမလည်နိုင်ခြင်း
  • ၀မ်းဗိုက်ရောင်ခြင်း
  • အဖျားငွေ့ရှိနေခြင်း

ကုသမှု ခံယူရန်နှောင့်နှေးခြင်းဟာ ရောင်နေတဲ့ အူအတက်ကို ပေါက်ထွက်စေပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

အူအတက်ရောင်သေတာကို အဓိကဖြစ်စေတာကတော့ ပိတ်ဆို့မှုကြောင့်ဖြစ်ပါတယ်။ ပိတ်ဆို့မှုက မစင်ကြောင့်၊ တခြားပြင်ပအရာ သို့ ကင်ဆာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ပိတ်ဆို့မှု ဖြစ်လျှင် ဘက်တီးရီးယားပိုးတွေက ကြီးထွားပြီး ပွားများလာနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းက အူအတက်ကို ရောင်စေပြီး ပြည်တွေနဲ့ ပြည့်စေပါတယ်။အူအတက်ပေါက်သွားလျှင် ဘက်တီးရီးယားတွေက ပြန့်နှံသွားပြီး ခန္ဒာကိုယ်မှ တခြားအစိတ်အပိုင်းတွေကို ကူးစက်စေပါတယ်။ တချို့လူနာတွေမှာ အူအတက်က ရောဂါပိုးတခုခုကြောင့်လဲ ရောင်တတ်ပါတယ်။

Appendicitis( အူအတက်ရောင်ခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အူနှင့်ဆိုင်တဲ့ ရောဂါပိုးဝင်နေခြင်း
  • မိသားစုဝင်တွေမှာ အူအတက်ရောင်ခြင်း (သို့) cystic fibrosis ဖြစ်ဖူးခြင်း
  • အမျှင်ဓာတ်နည်းပြီး ကဆီဓာတ်များတဲ့ အစာများ စားခြင်း

တို့ကြောင့်ဖြစ်နိုင်ပြီး ဖြစ်ပွားပါက နီးစပ်ရာဆရာဝန်ဆီ အမြန်ဆုံး ပြသသင့်ပါတယ်။

Source: hello doctor

Read times Last modified on Monday, 02 April 2018 16:59
Rate this item
(1 Vote)