What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 30 March 2018 15:56

သွေးတိုး၊ ဆီးချို ရှိသူများ နှလုံးရောဂါပိုဖြစ်ပွားနိုင်ချေများ

သွေးတိုး၊ ဆီးချို ရှိသူများ နှလုံးရောဂါပိုဖြစ်ပွားနိုင်ချေများ google.com

နှလုံးရောဂါသည် ကျန်းမာသောစားသောက်မှုနှင့်နေထိုင်မှု ပုံစံမရှိပါကလူတိုင်းတွင်ဖြစ်နိုင်သော ပြင်းထန်သည့်ရောဂါဖြစ် ပါတယ်။ နှလုံးရောဂါသည်ဆီးချို၊ သွေးတိုးရောဂါတို့နှင့်ပတ် သက်ဆက်နွယ်နေပါတယ်။

ဆီးချိုရောဂါသည်သွေးတွင်းရှိသကြားဓာတ်ကိုမထိန်းညှိနိုင် သောကြောင့်ပုံမှန်ထက်များ နေခြင်းကိုဆိုလိုပါတယ်။ ဆီးချို ကိုမကုသဘဲကြာလာပါကသွေးတွင်းအဆီများ များလာပြီး သွေးကြောများမာလာနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်များသည် နောက်ဆက်တွဲသွေးတိုး၊ နှလုံး သွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါဖြစ်ပွားနှုန်းများနိုင်ပါတယ်။

ဆီးချိုဝေဒနာရှင် ၇၅% ကျော်သည်နှလုံးရောဂါကြောင့်ဆေးရုံတက်နေရပြီး ၆၅% သည်နှလုံးရောဂါကြောင့် သေဆုံးနေရပါတယ်။ နှလုံးရောဂါကြောင့်သေဆုံးနှုန်းနှင့်လေဖြတ်ရောဂါကြောင့် သေဆုံးနှုန်းသည်ဆီးချိုဝေဒနာရှင်များတွင် ၂ဆမှ၎ဆထိမြင့် တက်နိုင်ပါတယ်။

ဆီးချိုဝေဒနာရှင်များသည် သွေးအတွင်းတွင်ကောင်းသော အဆီနည်းပါးပြီး မကောင်းသောအဆီများသောကြောင့်နှလုံး ရောဂါနှင့် လေဖြတ်နှုန်းများနိုင်ပါတယ်။ ထို့အပြင်သွေးတိုး ရောဂါသည် ဆီးချိုလူနာများတွင်ရုတ်တရက်သေဆုံးရသော အကြောင်းအရင်းများထဲတွင်တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

သွေးတွင်းသကြားဓာတ်များခြင်းကြောင့်သွေးပျစ်လာပြီးသွေး ကြောနံရံများထူလာကာ သွေးကြောများကျဉ်းလာပါတယ်။  ထိုအခါသွေးကြောထဲတွင်ဖိအားများလာပြီးသွေးတိုးရောဂါကို ဖြစ်စေပါတယ်။ သွေးတိုးရောဂါသည်နှလုံးရောဂါကိုဖြစ်စေ သောအဓိကအကြောင်းအရင်းဖြစ်ပါတယ်။ သွေးတိုးရောဂါ၏ နောက်ဆက်တွဲအနေဖြင့် ဦးနှောက်၊ ကျောက်ကပ်၊ နှလုံးနှင့် မျက်လုံးကိုထိခိုက်စေနိုင်ပါတယ်။ သွေးတိုးရောဂါသည် လည်းနှလုံးရောဂါနှင့် လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါသည်နှလုံးအလုပ်ကိုပိုစေပြီး နှလုံးကြွက်သား ကိုထူစေပါတယ်။

ထိုအခါ နှလုံးညှစ်အားနည်းလာကာခန္ဓာ ကိုယ်ရှိအင်္ဂါအစိတ်အပိုင်းများကိုသွေးရောက်မှု၊ အောက်ဆီ ဂျင်နှင့် အာဟာရပို့ဆောင်မှုနည်းပါးစေပြီး သွေးကြောထဲတွင် သွေးအိုင်စေနိုင်ပါတယ်။ ထိုသို့ကြာလာသောအခါတွင်နာ တာရှည်နှလုံးရောဂါကိုဖြစ်စေနိုင်ပါတယ်။

ထို့ပြင်သွေးတိုးဝေဒနာရှင်များတွင် နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးခုန်းနှုန်းမမှန်ခြင်း၊ နှလုံးသွေးကြောကျယ်ခြင်း အစရှိသည့်နောက်ဆက်တွဲရောဂါများဖြစ်ပွားနိုင်ပါတယ်။

နှလုံးရောဂါ၊ ဆီးချိုနှင့် သွေးတိုးရောဂါတို့၏ဆက်နွယ်ပုံကို အထက်တွင်ဖော်ပြထားပါတယ်။ ထိုရောဂါများကိုကာကွယ် နိုင်ရန် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု၊ ကျန်းမာသောစား သောက်မှုနှင့် နေထိုင်မှုပုံစံများလိုအပ်ပါတယ်။

Source: hello doctor

Read: နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း

https://goo.gl/CqdJTk

နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း

Read times Last modified on Friday, 30 March 2018 16:02
Rate this item
(1 Vote)