What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 December 2018 15:30

ဖျော်ရည်နှင့် ဂေါက်အဆစ်ရောင် ဆက်နွယ်မှု ရှိသလား

လိမ္မော်ရည် အလျဉ်းမသောက်သည့် အမျိုးသမီးများနှင့် နှိုင်းစာပါက တစ်နေ့လျှင် လိမ္မော်ရည် နှစ်ဖန်ခွက် အနည်းဆုံး သောက်သည့် အမျိုးသမီးများ၌ ဂေါက် အဆစ်ရောင် ရောဂါ ဖြစ်နိုင်ချေ နှစ်ဆမျှ ပိုသည် ဟု လေ့လာချက် အသစ်တစ်ရပ်က ဆိုပါတယ်။ 

လိမ္မော်ရည် တစ်ဖန်ခွက်သည် ဂေါက်အဆစ်ရောင် ဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းမျှ တိုးမြှင့်စေသည် ဟု လေ့လာချက်က ဖော်ပြထားပါတယ်။ လိမ္မော်ရည် တစ်ဖန်ခွက် နည်းတူ အချိုရည် သံဘူးနှစ်ဘူးမျှ သောက်သူများတွင်လည်း ဂေါက်အဆစ်ရောင် ဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းမျှ တိုးမြှင့်စေနိုင်သည် ဟု ဆိုပါတယ်။

 

အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက အမျိုးသားများ၌ ဂေါက်အဆစ်ရောင် ရောဂါ ခံစားရမှု လေးဆမျှ ရှိနိုင်ပါတယ်။ သို့ရာတွင် စိတ်ဝင်စားဖွယ်ရာ တစ်ခုမှာ လွန်ခဲ့သော နှစ်(၂၀) အတွင်းက ဂေါက်အဆစ်ရောင် ဖြစ်သည့် အမျိုးသမီး အရေအတွက်မှာ နှစ်ဆမျှ ရှိပါတယ်။ ထိုဖြစ်ရပ်သည် သကြား အနွယ်ဝင် ဖလူးတို့စ်ဓာတ်များစွာ ပါဝင်တဲ့ အစာများ စားသုံးခြင်းကြောင့် ထင်မှတ်ရသည်ဟု ကျွမ်းကျင် ပညာရှင်တို့က ဆိုပါတယ်။

 

အချိုဓာတ်များပြားစွာ ပါဝင်သော သစ်သီးဖျော်ရည်များ သောက်သုံးခြင်းဖြင့် ယူရစ်အက်ဆစ်များ အဖြစ် ဖြစ်ပေါ်စေပြီး အဆစ်အဆက်များအတွင်း စိမ့်ဝင်စေတက်ပါတယ်။ ထိုအခါ ရောင်ရမ်းခြင်း ဖြစ်လာပြီး နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်စေပါတယ်။

 

အော်စတွန် တက္ကသိုလ်မှ သုတေသီတို့၏ ဖော်ပြချက်တွင်၂၂ နှစ်တာ ကာလအတွင်း အမျိုးသမီးဦးရေ ရှစ်သောင်း၏ လူနေမှု စရိုက်အပေါ် လေ့လာခဲ့ရာ နေ့စဉ် အချိုရည် သံဘူးသောက်သူများ၌ ဂေါက်အဆစ်ရောင် ခံစားရမှု အလားအလာ ပိုများပြီး ၇၀ ရာခိုင်နှုန်းမျှ ရှိသည်ဟု ဖော်ပြခဲ့ပါတယ်။

မင်းထက်(yatanarpon)

Read: ကိုယ္၀န္ေဆာင္ထားစဥ္ ေရွာင္ရွားရမည့္ အစားအေသာက္မ်ား

ကိုယ္၀န္ေဆာင္ထားစဥ္ ေရွာင္ရွားရမည့္ အစားအေသာက္မ်ား

 

{Zawgyi}

======

ေဖ်ာ္ရည္ႏွင့္ ေဂါက္အဆစ္ေရာင္ ဆက္ႏြယ္မႈ ရိွသလား

 

လိေမၼာ္ရည္ အလ်ဥ္းမေသာက္သည့္ အမ်ဳိးသမီးမ်ားႏွင့္ ႏိႈင္းစာပါက တစ္ေန႔လွ်င္ လိေမၼာ္ရည္ ႏွစ္ဖန္ခြက္ အနည္းဆံုး ေသာက္သည့္ အမ်ဳိးသမီးမ်ား၌ ေဂါက္ အဆစ္ေရာင္ ေရာဂါ ျဖစ္ႏိုင္ေခ် ႏွစ္ဆမွ် ပိုသည္ ဟု ေလ့လာခ်က္ အသစ္တစ္ရပ္က ဆိုပါတယ္။ 

လိေမၼာ္ရည္ တစ္ဖန္ခြက္သည္ ေဂါက္အဆစ္ေရာင္ ျဖစ္ႏိုင္ေခ် ၄၀ ရာခိုင္ႏႈန္းမွ် တိုးျမႇင့္ေစသည္ ဟု ေလ့လာခ်က္က ေဖာ္ျပထားပါတယ္။ လိေမၼာ္ရည္ တစ္ဖန္ခြက္ နည္းတူ အခ်ိဳရည္ သံဘူးႏွစ္ဘူးမွ် ေသာက္သူမ်ားတြင္လည္း ေဂါက္အဆစ္ေရာင္ ျဖစ္ႏိုင္ေခ် ၄၀ ရာခိုင္ႏႈန္းမွ် တိုးျမႇင့္ေစႏိုင္သည္ ဟု ဆိုပါတယ္။

 

အမ်ဳိးသမီးမ်ားႏွင့္ ႏိႈင္းယွဥ္ပါက အမ်ဳိးသားမ်ား၌ ေဂါက္အဆစ္ေရာင္ ေရာဂါ ခံစားရမႈ ေလးဆမွ် ရိွႏိုင္ပါတယ္။ သို႔ရာတြင္ စိတ္၀င္စားဖြယ္ရာ တစ္ခုမွာ လြန္ခဲ့ေသာ ႏွစ္(၂၀) အတြင္းက ေဂါက္အဆစ္ေရာင္ ျဖစ္သည့္ အမ်ဳိးသမီး အေရအတြက္မွာ ႏွစ္ဆမွ် ရိွပါတယ္။ ထိုျဖစ္ရပ္သည္ သၾကား အႏြယ္၀င္ ဖလူးတို႔စ္ဓာတ္မ်ားစြာ ပါ၀င္တဲ့ အစာမ်ား စားသံုးျခင္းေၾကာင့္ ထင္မွတ္ရသည္ဟု ကၽြမ္းက်င္ ပညာရွင္တို႔က ဆိုပါတယ္။

 

အခ်ိဳဓာတ္မ်ားျပားစြာ ပါ၀င္ေသာ သစ္သီးေဖ်ာ္ရည္မ်ား ေသာက္သံုးျခင္းျဖင့္ ယူရစ္အက္ဆစ္မ်ား အျဖစ္ ျဖစ္ေပၚေစၿပီး အဆစ္အဆက္မ်ားအတြင္း စိမ့္၀င္ေစတက္ပါတယ္။ ထိုအခါ ေရာင္ရမ္းျခင္း ျဖစ္လာၿပီး နာက်င္ကိုက္ခဲမႈမ်ား ျဖစ္ေပၚေစပါတယ္။

 

ေအာ္စတြန္ တကၠသိုလ္မွ သုေတသီတို႔၏ ေဖာ္ျပခ်က္တြင္၂၂ ႏွစ္တာ ကာလအတြင္း အမ်ဳိးသမီးဦးေရ ရွစ္ေသာင္း၏ လူေနမႈ စ႐ိုက္အေပၚ ေလ့လာခဲ့ရာ ေန႔စဥ္ အခ်ိဳရည္ သံဘူးေသာက္သူမ်ား၌ ေဂါက္အဆစ္ေရာင္ ခံစားရမႈ အလားအလာ ပိုမ်ားၿပီး ၇၀ ရာခိုင္ႏႈန္းမွ် ရိွသည္ဟု ေဖာ္ျပခဲ့ပါတယ္။

မင္းထက္(yatanarpon)

Read times Last modified on Saturday, 11 January 2020 15:42
Rate this item
(0 votes)