What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 May 2018 11:59

ရာသီအကူးအပြောင်းနှင့် သတိပြုစရာ အအေးမိတုပ်ကွေးရောဂါ

ရာသီအကူးအပြောင်းနှင့် သတိပြုစရာ အအေးမိတုပ်ကွေးရောဂါ Google.com

မိုးဦးလေဦးရာသီရောက်သည်နှင့် ရာသီဥတုက မိုးရွာလိုက် နေပူလိုက် ဖြစ်လာသည်။ နေပူသည်ထင်ပြီး ထီးမယူသွားသည့်အခါမျိုးတွင် တိုက်တိုက်ဆိုင်ဆိုင်မိုးက ထစ်ချုန်းရွာချကာ စိုရွှဲသွားတတ်သည်။

အဝတ်အစားလဲဖို့ အသင့်မရှိသည့် အခါမျိုး တွင် စိုထိုင်းထိုင်းနှင့်ပင် နေလိုက်ကြရသည်။ သည်လို ပူလိုက်အေးလိုက် ရာသီအကူးအပြောင်းတွင် အဖြစ်များသည်က အအေးမိတုပ်ကွေးဖျားဖြစ်သည်။

အအေးမိတုပ်ကွေးဟု လွယ်လွယ်ပြောလိုက်သော်လည်း အအေးမိခြင်းနှင့် တုပ်ကွေးမှာ ခင်ဆင်ဆင်တူသော်လည်း ထပ်တူထပ်မျှ မတူပါ။ အကြမ်းဖျင်းအားဖြင့် အအေးမိခြင်းက ရောဂါဝေဒနာသိပ်မပြင်းထန်ဘဲ တုပ်ကွေးက ပိုမိုပြင်းထန်စွာ ခံစားရလေ့ရှိသည်။ သည်ရောဂါနှစ်မျိုးစလုံး၏ တူသည့်အချက်က

အသက်ရှူလမ်းကြောင်းတွင် ဖြစ်ပွားသည့်ရောဂါအမျိုးအစားဖြစ်ခြင်းနှင့် ရောဂါလက္ခဏာ ဆင်ဆင်တူခြင်းဖြစ်သည်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့တတ်သည့်အတွက် တစ်ခါ တစ်ရံတွင် အတူနေတစ်မိသားစုလုံး၊ တစ်ခန်းတည်းအတူနေသူ 

အားလုံး ဖြစ်ပွားတတ်ပါသည်။ အများစုက အအေးမိတုပ်ကွေး ဖြစ်ခြင်းကို အာဂ္တုအဖျားအဖြစ် ပေါ့ပေါ့တန်တန်သဘောထား တတ်ကြသည်။ အအေးမိတုပ်ကွေးရောဂါက လူအများအတွက် သိပ်မစိုးရိမ်ရသော ရောဂါဖြစ်သော်လည်း အသက်ကြီးသူများ၊ 

အခြားရောဂါအခံ ရှိသူများ၊ ကလေးငယ်များနှင့် ကိုယ်ခံအား နည်းနေသူများတွင် အန္တရာယ်ရှိသည့်အတွက်ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါ။

အအေးမိခြင်း

Related image

နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းတို့ကို စတင်ခံစားရလေ့ရှိသည်။ ထို့နောက် တဖြည်းဖြည်းချင်း ရောဂါလက္ခဏာ တိုးတိုးခံစားလာရကာ ရက်သတ္တ တစ်ပတ်ကျော်အထိ ဆက်ဖြစ်နေတတ်သည်။ ကိုယ်ပူ ဖျားခြင်း၊ အင်အားကုန်ခန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုး ခြင်း၊ နားအူခြင်း၊ နားလေထွက်ခြင်းတို့ ဖြစ်နိုင်သည်။ တစ်ပတ် ကျော်အကြာတွင် ရောဂါလက္ခဏာများ လျော့ပါးသက်သာ သွားနိုင်သည်။

တုပ်ကွေးဖြစ်ခြင်း

Image result for တုပ်ကွေး

ကောင်းနေသေးရာက ချက်ချင်းဆိုသလို ကိုယ်ပူကြီးဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲ ခြင်းတွေ ဖြစ်စေနိုင်သည်။ အအေးမိခြင်းနှင့် မတူသည့် အချက် မှာ ဆိုင်းမပါ ဗုံမဆင့် ချက်ချင်းဆိုသလို ရုတ်တရက်ထဖြစ်ခြင်း နှင့် ကိုယ်ပူဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်

ကိုက်ခဲ ခြင်းများ ပိုမိုဆိုးရွားစွာ ဖြစ်တတ်ခြင်းတို့ဖြစ်သည်။ တုပ်ကွေး ဖြစ်ပြီးနောက် ရက်သတ္တ သုံးပတ်လောက်အထိ နုံးကာ အားအင်ကုန်သလို ခံစားရနိုင်သည်။ တုပ်ကွေးရောဂါပိုး အမျိုး အစားပေါ်မူတည်ကာ ပြင်းထန်ပါက ကိုယ်ပူကြီးလွန်းခြင်း၊ ကလေးများတွင်တက်ခြင်း၊ ချောင်းတာရှည်ဆိုးခြင်း၊ ရင်ဘတ် အောင့်ြ

ခင်း၊ နောက်ဆက်တွဲ နမိုးနီးယား အဆုတ်ရောင်ရောဂါ ဖြစ်ခြင်းများအထိ ဖြစ်လာစေနိုင်သည်။

အအေးမိတုပ်ကွေးရောဂါသည် ရာသီနာအဖြစ် မိုးဦးကျ ရာသီအကူးအပြောင်းနှင့် ဆောင်းဦးရာသီအကူးအပြောင်း တွင် ပိုမိုဖြစ်ပွားတတ်သည့်အတွက် ထိုသို့သော ရာသီအကူး အပြောင်းကာလတွင် အထူးသတိပြုမိရန် လိုအပ်ပါသည်။

 

source:”yatanarpon”

Read:သွေးကြောပိတ်တာ ကာကွယ်နိုင်တဲ့ တလည်းသီးဖျော်ရည်

သွေးကြောပိတ်တာ ကာကွယ်နိုင်တဲ့ တလည်းသီးဖျော်ရည်

Read times Last modified on Tuesday, 29 May 2018 14:32
Rate this item
(1 Vote)