What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 May 2018 16:22

မျက်စိ အနီးမှုန်ခြင်း

မျက်စိ အနီးမှုန်ခြင်း google.com

Farsighted ကို Hyperopia လို့ခေါ်ကြပြီး အဝေးကပစ္စည်းတွေကို ကွဲကွဲပြားပြားမြင်နိုင်ပေမဲ့ အနီးကပစ္စည်းတွေ ကို မမြင်နိုင်တာပါ။

Farsighted ဟာအာရုံစူးစိုက်မှုကို ထိခိုက်နိုင်တယ်။ ရောဂါပြင်းထန် သူတွေမှာ အလွန်ဝေးတဲ့ နေရာက ပစ္စည်းတွေကိုသာ မြင်ကြရတော့တယ်။ ဒီအခြေအနေဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အသက်ငယ်စဉ်မှာ အဖြစ်များပြီး မျိုးရိုးလည်းလိုက်တတ်ပါတယ်။

Related image

မျက်စိအနီးမှုန်ခြင်း၏ ရောဂါလက္ခဏာတွေကတော့-

(၁) အနီးမှ အရာဝတ္ထုတွေကို ဝါးနေခြင်း၊

(၂) မျက်လုံးနာကျင်ခြင်း၊ ဖိအားများခြင်း၊

(၃) စိတ်ပူခြင်း၊ ပင်ပန်းခြင်း၊

(၄) အရာဝတ္ထုတွေကို သေချာမြင်ချင်ရင် မျက်မှောင်ကျုံကြည့်ရခြင်း၊

(၅) ခေါင်းကိုက်ခြင်း၊ စာဖတ်စဉ် ခေါင်းမူးခြင်း၊

(၆) အချို့ကလေးငယ်တွေမှာ Strabismus ဖြစ်နိုင်ပါတယ်။

အခြားလက္ခဏာများ ရှိနေနိုင်သေးတာကြောင့် ရောဂါလက္ခဏာတစ်ခုခုခံစားရပါက နီးစပ်ရာဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပေးပါရစေ။

အနီးမှုန်ခြင်းဟာ အမြင်အာရုံက ပုံရိပ်တွေမျက်ကြည်လွှာပေါ်မှာ တိုက်ရိုက်ပေါ်ရမယ့်အစား အနောက်ဘက်ကို ပြန်သွားတဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။ ဒါဟာ မျက်လုံးတိုလွန်းခြင်း၊ cornea လုံလောက်စွာ မကွေးခြင်း၊ Lens တွေဟာ ပုံမှန်မဟုတ်ပဲ မျက်လုံးအနောက်ပို ရောက်ခြင်း စသည့်တို့ကြောင့်ဖြစ်နိုင်ပြီး ရှားပါးအခြေအနေတွေမှာ retinopathy သို့ မျက်လုံးအကျိတ်တွေဟာလည်း အနီးမှုန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကလေးတွေမှာ ဖြစ်တဲ့ အနီးမှုန်ခြင်းဟာ ဒီအချိန်မှာ မျက်လုံးတွေ Flexible ဖြစ်ပြီး အသက်ကြီးလာရင် ပြန်ကောင်းတတ်တာကြောင့်ကုဖို့သိပ်မလိုပါဘူး။ လူကြီးတွေမှာဖြစ်ရင် ဆရာဝန်၏ စမ်းသပ်မှုခံယူပြီး တော့ မျက်မှန်တတ်သင့်ရင် တတ်ရပါမယ်။

ရောဂါအခြေအနေမဆိုးအောင် မျက်လုံးကိုပုံမှန်စစ်ဆေးခြင်း၊ ဆီးချို၊သွေးချိုရှိ၊ မရှိစစ်ဆေးခြင်း၊ ရောဂါဖြစ်မှန်သိသိချင်း စောစောကုသခြင်း၊ သင့်လျော်တဲ့ မျက်မှန်၊ မျက်ကပ်မှန်သုံးခြင်း ၊ကျန်းမာစွာ နေထိုင်ခြင်း၊ ဆေးလိပ်ရှောင်ကျဉ်ခြင်း၊ အလင်းရောင်ကောင်းတဲ့နေရာမှာ အလုပ်လုပ်ခြင်း စသဖြင့် ကာကွယ်နိုင်ပါတယ်။

Source: Hello Doctor

Read: နှလုံးအားနည်းခြင်း၏ လက္ခဏာရပ်များ

နှလုံးအားနည်းခြင်း၏ လက္ခဏာရပ်များ

Read times Last modified on Tuesday, 08 May 2018 11:04
Rate this item
(1 Vote)