What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 March 2019 17:17

အမျိုးသမီးများ လျစ်လျူရှုမိလေ့ရှိသော ကင်ဆာ သတိပေး လက္ခဏာများ

အခု ဖော်ပြပေးမယ့် လက္ခဏာတွေ ပေါ်ရင် ကင်ဆာ ဖြစ်နေပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။

ဒါပေမဲ့ ကင်ဆာရဲ့ လက္ခဏာ အနေနဲ့ တွေ့ရတတ်တာကြောင့် ဒီလို သတိပေး လက္ခဏာတွေ တွေ့နေရရင် မပေါ့ဆသင့်ပါဘူး။

 

၁။ ချွဲသလိပ်သံနှင့် ခက်ခက်ခဲခဲ အသက်ရှူရခြင်း၊ အသက်ရှူမဝခြင်း

အဆုတ်ကင်ဆာ လူနာတွေမှာ ပထမဆုံး တွေ့ရတဲ့ လက္ခဏာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ပန်းနာရင်ကျပ် ရောဂါလည်း မရှိဘဲ အရင်တုန်းက တစ်ကြိမ်မှ မဖြစ်ဖူးတဲ့ ခက်ခက်ခဲခဲ အသက်ရှူရတာလိုမျိုး ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

 

၂။ နာတာရှည် ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း

လူကီးမီးယား သွေးကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ အပါအဝင် ကင်ဆာရောဂါ အမျိုးမျိုးတို့မှာ တွေ့ရတတ်တဲ့ လက္ခဏာ တစ်ခု ဖြစ်ပြီး ဆိုးဆိုးရွားရွား ချောင်းဆိုးတာ၊ လေပြွန်ရောင်တာတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒီဝေဒနာက အကြာကြီး ဆက်တိုက် ဖြစ်နေရင် ဒါမှမဟုတ် ပျောက်ပြီးမှ ပြန်ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

 

၃။ မကြာခဏ ဖျားခြင်း သို့မဟုတ် မကြာခဏ ကူးစက်ပိုးဝင်ခြင်း

ဒီလက္ခဏာတွေက ပုံမှန် သွေးဖြူဥနဲ့ သွေးနီဥတို့ ထုတ်လုပ်မှု ကျဆင်းတာကြောင့် ကိုယ်ခံစွမ်းအားစနစ် ကျဆင်းတဲ့ လူကီးမီးယား သွေးကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်ပါတယ်။

 

၎။ အစာမျိုရခက်ခဲခြင်း

အစာရေမျိုပြွန် ကင်ဆာ၊ လည်ချောင်းကင်ဆာတွေကြောင့် အစာမျိုချရ ခက်ခဲတတ်သလို တစ်ခါတစ်ရံ အဆုတ်ကင်ဆာရဲ့ ပထမဆုံး လက္ခဏာ တစ်ရပ်လည်း ဖြစ်နေတတ်ပါတယ်။

 

၅။ လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတို့ရှိ သားနံရည်ကျိတ်များ ရောင်ခြင်း

သားနံရည်ကျိတ်တွေ ကြီးတာက ပြန်ရည်ကြော စနစ် အပြောင်းအလဲကို ဖော်ပြနေသလို ကင်ဆာရဲ့ သတိပေး လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ချိုင်းအောက်ရှိ သားနံရည်ကျိတ် ကြီးတာက ရင်သားကင်ဆာရဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။

 

 

၆။ သွေးထွက်လျှင် မရပ်ခြင်း

သွေးနီဥနဲ့ သွေးချပ်ပြားတွေ ပုံမှန် မဟုတ်တာကြောင့် သွေးထွက်ရင် မတိတ်တော့တာမျိုး ဖြစ်တာက သွေးကင်ဆာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ လက်ချောင်းနဲ့ လက်လို နေရာတွေမှာ သွေးစို့နေတာမျိုး ဖြစ်တတ်သလို သွားဖုံး သွေးယိုတာလည်း ဖြစ်တတ်ပါတယ်။

 

၇။ အားနည်းခြင်းနှင့် နုံးချည့် ညောင်းညာခြင်း

အလုပ်မှာ ထိုင်ပြီး လုပ်နေရပေမယ့် ညဘက် ကားမောင်းပြီး အိမ်ပြန်တဲ့ အခါမှာ ပင်ပန်းလွန်းနေတာမျိုးပါ။ ဒီလို အလိုလိုနေရင်း အားနည်းတာ၊ နုံးတာတွေက ကင်ဆာရောဂါ အမျိုးမျိုးနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒါကြောင့် အကြောင်းရင်း မသိဘဲ ပင်ပန်းနေရင် ဆရာဝန်နဲ့ ပြပါ။

 

၈။ လေပွခြင်း၊ ဗိုက်တင်းခြင်းနှင့် ဗိုက်ပူလွန်းခြင်း

ဒီလက္ခဏာတွေက မမျိုးဥအိမ် ကင်ဆာရဲ့ သတိပေး လက္ခဏာ ဖြစ်တတ်တာကြောင့် ရုတ်တရက် ဖြစ်လာရင်နဲ့ တာရှည် ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

 

၉။ အစာကို မစားနိုင်ခြင်း သို့မဟုတ် ဗိုက်ပြည့်နေခြင်း

ဒါကလည်း မမျိုးဥအိမ်ကင်ဆာနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဘာမှ မစားရသေးပေမယ့် စားချင်စိတ်လည်း မရှိ၊ စားလည်း မစားနိုင်ဘူးလို့ အမျိုးသမီးတွေက ဆိုလာရင် ဗိုက်ပူနေသလား၊ လေပွနေသလား ဆန်းစစ်ပြီး ဆရာဝန်ထံ သွားဖို့ တိုက်တွန်းပါ။

 

၁၀။ တင်ပဆုံ သို့မဟုတ် ဝမ်းဗိုက်နာခြင်း

ဒီလက္ခဏာတွေက သားအိမ် အသားလုံးနဲ့ တခြား မျိုးဆက်ပွား လမ်းကြောင်း ပြဿနာတွေကြောင့် ဖြစ်တတ်သလို တချို့ ကင်ဆာတွေနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။

 

၁၁။ စအိုမှ သွေးထွက်ခြင်း၊ ဝမ်းထဲ သွေးပါခြင်း

အူမကြီးနဲ့ အစာဟောင်းအိမ် ကင်ဆာက လိပ်ခေါင်းနဲ့ လွဲမှားတတ်ပါတယ်။ ဒါကြောင့် ဒီလို လက္ခဏာတွေ ပြခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

၁၂။ အကြောင်းရင်း မရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း

ကိုယ်အလေးချိန် ကျလာပြီး အစားအသောက်၊ လေ့ကျင့်ခန်း စတဲ့ အနေအထိုင် ပြောင်းလဲမှု မရှိဘူးဆိုရင် ဘာကြောင့်လဲ ဆိုပြီး အဖြေရှာသင့်နေပါပြီ။ ကိုယ်အလေးချိန် ကျတာက အူမကြီးနဲ့ တခြား အစာခြေစနစ် တစ်လျှောက်ရှိ ကင်ဆာတွေရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်ပါတယ်။

 

၁၃။ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း

ဒီလို လက္ခဏာတွေကို တာရှည် ခံစားရတာက အူမကြီးနဲ့ အစာဟောင်းအိမ် ကင်ဆာတွေနဲ့ ဆက်စပ်မှု ရှိတတ်ပါတယ်။

 

၁၄။ ရင်သားနီခြင်း၊ နာခြင်းနှင့် ရောင်ရမ်းခြင်း

ရင်သားမှာ ဖြစ်တဲ့ အကျိတ်တွေကိုလည်း အမျိုးသမီးတိုင်း သတိပြုမိပါလိမ့်မယ်။ ဒါပေမဲ့ ရင်သားနီတာ၊ နာတာနဲ့ ရောင်တာတွေ ပေါ်ခဲ့ရင်လည်း မပေါ့ဆသင့်ပါဘူး။

 

၁၅။ နို့သီးခေါင်း ပြောင်းလဲခြင်း

နို့သီးခေါင်းက ယားတာ၊ အဖတ်တွေ လန်တာ၊ (ကိုယ်ဝန်မရှိဘဲ၊ နို့တိုက်မိခင် မဟုတ်ဘဲ) အရည်ထွက်တာ၊ ပုံစံပြောင်းတာတွေကလည်း ရင်သားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

 

၁၆။ ပုံမှန် မဟုတ်ဘဲ ရာသီသွေးဆင်းများခြင်း၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း

အမျိုးသမီး အများစုက ဒီလို လက္ခဏာတွေ ခံစားရရင် သားအိမ်ကင်ဆာနဲ့ ဆက်စပ်မှု ရှိနေတတ်ပါတယ်။

 

Source: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)(Yatanarpon)

Read times Last modified on Friday, 29 March 2019 17:26
Rate this item
(1 Vote)