What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 28 February 2018 18:10

ကျောက်ကပ်မှာ ကျောက်တည်ရခြင်းအကြောင်း

ကျောက်ကပ်မှာ ကျောက်တည်ရခြင်းအကြောင်း google.com

ကျောက်ကပ်ရဲ့ အခြေခံကျတဲ့လုပ်ငန်းစဉ်တစ်ခုက သွေးတွေကို စစ်ထုတ်သန့်စင်ပေးပြီး ဆီးကနေ တစ်ဆင့်ခန္ဓာကိုယ် ထဲက အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကိုစွန့်ထုတ်တာဖြစ်ပါတယ်။ ကယ်လ်ဆီယမ်၊ ယူရစ်အက်ဆစ်နဲ့ အချို့ သောဓာတ်တွေကို အလွန်အကျွံစားသုံးမိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ  စွန့်ပစ်ပစ္စည်း တွေစုပုံလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ 

 

သည်ပစ္စည်းတွေကို ဆီးကနေတစ်ဆင့်ပြင်ပကို မစွန့် ထုတ်နိုင်တဲ့အခါ ကျောက်ကပ်ထဲမှာ ကျောက်ခဲလို မျိုးအရာလေးတွေ ဖြစ်လာပါတော့တယ်။


ဆီးမကြာခဏသွားချင်နေပြီး ဆီးသွားတိုင်းမခံမရပ်နိုင်အောင် နာကျင်ပြီးဆီးထဲမှာသွေးစလေးတွေပါလာရင်တော့ ကျောက်ကပ်ထဲမှာကျောက်တည် နေတာသေချာပါတယ်။ ကျောက်ကအရမ်းသေးနေတဲ့အခါဆီးနဲ့အတူပါသွားတတ်ပြီး အခုပြောတဲ့ လက္ခဏာတွေကို မခံစားရတာမျိုးလည်းရှိနိုင် ပါတယ်။

 

ကျောက်တည်ရတဲ့အကြောင်းရင်း

ကယ်လ်ဆီယမ်စားသုံးမှု မမှန်တာ၊ ကယ်လ်ဆီယမ်တွေအများကြီးစားတာကလည်း ကျောက်ကပ်ထဲမှာ ကယ်လ်ဆီယမ်စုပုံတာ မျိုးဖြစ်ပြီးကျောက် တည်စေနိုင်ပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်ပမာဏကို အတန်အသင့်ပဲ စားသုံးဖို့ အကြံပြုပါရစေ။ နေ့စဉ်စားသုံးနေတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ ထဲမှာ ကယ်လ်ဆီယမ်ပါဝင်နိုင်တာမို့ မလိုအပ်ဘဲ ကယ်လ်ဆီယမ်အားဖြည့်ဆေးတွေမသောက်ပါနဲ့။

 

အငန်အစားများခြင်း

အငန်အစားများတာကသွေးတိုးတာတင်မကဘဲ ကျောက်ကပ်မှာပါ။ ကျောက်တည်စေနိုင်ပါသေးတယ်။ တိရစ္ဆာန်ကနေရတဲ့ ပရိုတင်းဓာတ်အစားများခြင်းကနေဆီးမှာ အက်ဆစ်ပါဝင်မှုများစေပြီး ကျောက်ကပ်မှာ ယူရစ်အက်ဆစ်စုမိတာမျိုးဖြစ်စေနိုင်ပါတယ်။

 

အချိုရည်တွေ အလွန်အကျွံ သောက်ခြင်း

အချိုရည်တွေအများကြီး သောက်တာကသွေးတွင်း အချိုဓာတ်မြင့်စေရုံတင်မကဘဲ ကျောက်ကပ်မှာပါ ကျောက်တည်စေနိုင်ပါတယ်။

 

ရေသောက်နည်းတာ

ရေ သောက်နည်းတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်မလုံလောက်သည့်အတွက် ကျောက်ကပ်ထဲက စွန့်ထုတ်မယ့် အရာတွေကိုဆီးနဲ့အတူ ပြင်ပကိုမစွန့်ထုတ်နိုင် တော့ဘဲ ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာက ကျောက်ကပ်ကို ရောဂါပိုးဝင်ရောက်စေနိုင်သလို ကိုယ်တွင်းအင်္ဂါတွေနဲ့ အနီးဝန်းကျင်ကတစ်သျှူးတွေကို ရောဂါကူးစက်တာမျိုး ဖြစ်စေနိုင်ပါတယ်။


ကျောက်ကပ်ကျောက်က ဆီးလမ်းကြောင်းမှပိတ်ဆို့ပြီးမခံမရပ်နိုင်အောင် နာကျင်မှုကို ဖြစ်စေနိုင်သလို၊ ထိုင်ဖို့မလွယ်တာကြောင့် နေရထိုင်ရခက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကျောက်ကပ် ပျက်စီးတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။

 

Kumudra

Read times Last modified on Friday, 05 June 2020 11:09
Rate this item
(0 votes)