What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 April 2019 13:17

တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃ဝ)တွင် မြန်မာပါဝင်နေပြီး နှစ်စဉ်တိုးလာသည့် လူနာသစ် (၅ဝ,ဝဝဝ)ခန့်မှာ ကုသမှုမရရှိဟု ခန့်မှန်းထား

တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃ဝ)တွင် မြန်မာပါဝင်နေပြီး နှစ်စဉ်တိုးလာသည့် လူနာသစ် (၅ဝ,ဝဝဝ)ခန့်မှာ ကုသမှုမရရှိဟု ခန့်မှန်းထား google

ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃ဝ)တွင် မြန်မာနိုင်ငံပါဝင်နေပြီး နှစ်စဉ် ခန့်မှန်းခြေ လူနာသစ် (၁၉ဝ,ဝဝဝ)ခန့် တိုးပွားနိုင်သည့်အနက် (၁၄ဝ,ဝဝဝ)ခန့်ကိုသာ ရောဂါရှာဖွေကုသမှု ပေးနေနိုင်ကြောင်း သိရပါတယ်။

တီဘီရောဂါလူနာများ အနေဖြင့် ဆေးမှန်မှန်မသောက်ပါက ကုသရန်အချိန်ပိုကြာပြီး ကုန်ကျစရိတ် အဆ (၃ဝ) မှ (၁ဝဝ) အထိမြင့်တက်နိုင်သည့် ဆေးယဉ်ပါးတီဘီဖြစ်ပွားနိုင်သည့်အပြင် ယင်းအဆင့်တွင် စနစ်တကျ ကုသမှု မခံယူပါက အလွန်ကုသရန်ခက်ခဲသည့် ဆေးပေါင်းစုံယဉ်ပါး တီဘီရောဂါဖြစ်ပွားနိုင်သဖြင့် သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အခမဲ့စစ်ဆေးကုသမှုခံယူနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၌ ၂ဝ၁၇ ခုနှစ်အတွင်း လူဦးရေတစ်သိန်းတွင် (၃၅၈) ဦးမှာ တီဘီရောဂါဖြစ်ပွားနေကြောင်း Global TB Report (2018) ခန့်မှန်းချက်တွင် ဖေါ်ပြထားပြီး ၂ဝ၁၈ ခုနှစ် တီဘီ/ အိပ်ခ်ျအိုင်ဗွီစစ်တမ်းအရ တီဘီလူနာသစ်များ၏ (၉.၃) ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗွီကူးစက်နေကာ ဆေးယဉ်ပါးတီဘီစစ်တမ်းအရ တီဘီလူနာသစ်များ၏ (၅) ရာခိုင်နှုန်းတွင် ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနေသည်ကို တွေ့ရကြောင်း သိရပါတယ်။

 

 Read More >>> မြိတ်ပြည်သူ ဆေးရုံတွင် အမေရိကန်နိုင်ငံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ အခမဲ့ဆေးကုသ

 

မြန်မာနိုင်ငံတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး (၅)နှစ်မဟာဗျူဟာစီမံကိန်းကို ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အထိ ရေးဆွဲအကောင်အထည်ဖေါ်နေခြင်းဖြစ်ရာ၂ဝ၁၈ ခုနှစ်အတွင်း တီဘီလူနာ (၁၄ဝ,ဝဝဝ) နီးပါးကို အခမဲ့ ရှာဖွေကုသပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

တီဘီရောဂါတိုက်ဖျက်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်း (၃ဝ)ခန့်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြင်ပ အထွေထွေရောဂါကုဆရာဝန် စုစုပေါင်း(၂,၄ဝဝ)ခန့်က ပါဝင်ဆောင်ရွက်နေကြောင်း သိရပါတယ်။

Source : Tachileik News Agency

Read times Last modified on Tuesday, 02 April 2019 17:58
Rate this item
(0 votes)