What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 August 2022 11:07

ရင်သားကင်ဆာ လက္ခဏာများ နှင့် ကုသခြင်း နည်းလမ်းများ

ရင်သားကင်ဆာ လက္ခဏာများ နှင့် ကုသခြင်း နည်းလမ်းများ Sahyadri Hospital

ရင်သားကင်ဆာရောဂါက သားအိမ်ကောင်းကင်ဆာထက် ကျော်တက်ပြီး နံပါတ် ၁ နေရာမှာ ရှိလာတဲ့ ကင်ဆာရောဂါ တစ်မျိုးဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း ဒီအတိုင်းဆက်သွားမလားဆိုတာကတော့ သေချာမသိနိုင်ပါဘူး။

ရင်သားကင်ဆာဟာအမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး လက်ရှိချိန်ထိ အသက်သေစေနိုင်တဲ့ဒီရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါပေမယ့် ကုသရေးနည်းပညာက အင်မတန်တိုးတက်လာတဲ့အတွက် ကုသရေးပိုင်းမှာလည်း ထိရောက်မှုတွေရှိလာပါတယ်။

ရင်သားကင်ဆာ လက္ခဏာများကတော့

- ရင်သား (သို့) ရင်ဘတ် နာကျင်ခြင်း

- ရင်သားအကျိတ်

- ချိုင်းအကျိတ်များ

- ပုံသဏ္ဍာန်ပြောင်းခြင်း၊ နို့သီးခေါင်းမှ အရည်ကျခြင်း

- ခါးနာခြင်း၊ ပခုံးနာခြင်း

- ရင်သားရောင်ခြင်း၊ နီခြင်း စတဲ့ ကက္ခဏာများဘဲ ဖြစ်ပါတယ်။

BI1.jpg

ရင်သားကင်ဆာ ကုသတဲ့ ကုထုံးများကတော့

- ကီမိုဓါတုဆေးကုထုံး

- ဓါတ်ရောင်ခြည်ကုထုံး

- ဟော်မုန်းကုထုံး

- ကင်ဆာ ဆေးသွင်း ကုသခြင်း

- ပစ်မှတ်ထားကုထုံး များဘဲ ဖြစ်ပါတယ်။

နို့တိုက်နေချိန်မှာ ဆေးသွင်းတာ၊ ဟော်မုန်းကုသမှု၊ biological treatment တွေကို မပြုလုပ်သင့်ပါဘူး။

 

ရင်သားကင်ဆာခွဲစိတ်ကုသခြင်း

ရင်သားကင်ဆာဖြစ်ပါက ခွဲစိတ်ခြင်းသည် ပထမဆုံးစဉ်းစားသည့်နည်းဖြစ်သည်။ ဆရာဝန်များခွဲစိတ်ရာ၌ ကင်ဆာဖြစ်သောနေရာကိုသာ ခွဲစိတ်ထုတ်ပြီး ဘေးပတ်ဝန်းကျင်မှ တစ်ရှုးများကို တတ်နိုင်သမျှချန်ထားတတ်ပါတယ်။ ထိုသို့ကုသခြင်းက ရင်သားထိန်းသိမ်းစောင့်ရှောက် ခွဲစိတ်ခြင်းဟု ခေါ်ပါတယ်။

ရင်သားထိန်းသိမ်းစောင့်ရှောက်ခွဲစိတ်ခြင်းနှင့် ချိုင်းအောက်ပြန်ရည်ကြိတ်ခွဲစိတ်ခြင်း နည်းပညာအသစ်များကြောင့် လူနာများ သဘာဝရင်သားပုံစံကို တတ်နိုင်သမျှထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ယခုနည်းသည် ယခင်နည်းများကဲ့သို့ပင် ထိရောက်မှုရှိပါတယ်။ သို့သော် ယခုနည်းဖြင့်ပြုလုပ်နိုင်ရန် ကင်ဆာအရွယ် သေးငယ်ရမည်ဖြစ်ပြီး ရင်သားအရွယ်သည် ခွဲစိတ်ပြီးပုံမပျက်အောင် သတ်မှတ်ထားသော အရွယ်ပမာဏာမျှ ရှိဖို့လိုပါတယ်။

Myanmar Health Products Guide

BI.jpg

Read times
Rate this item
(1 Vote)