What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 April 2019 17:31

အဆီ စားရင် ရောဂါ ဖြစ်တယ်ဆိုတာ သေချာပြီးလား

Ketogenic diet မှာ အဆီက အဓိကဖြစ်နေတာမို့ ၊ အဆီ တွေအကြောင်းကို အရင်ဦးဆုံး သဘောပေါက် နားလည်စေချင်ပါတယ်။ 

ကျွန်မတို့တတွေ အားလုံးကို အဆီ စားရင် နှလုံးရောဂါ ဖြစ်စေတတ်တယ် ၊ အဆီ ပိတ်ပြီးသေလိမ့်မယ်ဆိုပြီး ချောက်ထားတာမို့ အဆီ ဆိုတဲ့ အသံကိုကြားရင် ၊ အားလုံးကအလိုလိုလန့် နေကြပါတယ်။ အဆီတွေ လျော့စားရင်းနဲ့ ပဲ နှလုံးသွေးကြောပိတ် ၊ လေဖြတ် ၊ သွေးတိုး ၊ ဆီးချို ၊ ကိုယ်အလေးချိန်တွေတက် ၊Thyroid ဓာတ်တွေလျော့ပါးလာ ၊ cholesterol တွေတက်ကြလို့ cholesterol ချဆေး တွေသောက်ကြရ ၊ ဘေးထွက်ဆိုးကျိုးတွေကိုမခံနိုင်ကြလို့ လိမ့်နေတဲ့ လူတွေကလဲ အများကြီး ၊ အကုန်လုံး ဗြောင်းဆန်နေတာ ကို တွေ့နေရပါတယ်။

 

ဒါက so called experts တွေရဲ့ စကားကို နားထောင်ပြီးဖြစ်နေကြတာပါ။ ဒါကြောင့်လဲ ကျွန်မပြောတာ ဖြစ်ပါတယ်။ စာဖတ်ကြပါ။ ဗဟုသုတတွေ များအောင်လုပ်ပြီး ကိုယ်ပိုင်ဉာဏ် နဲ့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ လောဘဦးဆောင်နေတာမို့ သတိထားရမဲ့ ခေတ်ကြီးလဲ ဖြစ်နေလို့ပါ။ ခေါင်းစဉ်က Saturated Fats ( ဥပမာ ထောပတ် ၊ အုန်းဆီ၊ ကြက်ဥ အနှစ်၊ ထော ပတ် သီး၊ အသားတွေနဲ့ ပါလာတဲ့အဆီ ၊ Bacon စသည်ဖြင့် ) တွေကို မကြောက်သင့်ကြောင်း အကြောင်းပြချက်များ

 

၁. Saturated fats ( ဖော်ပြပါအဆီများ)သည် LDL cholesterol ရဲ့ ပမာဏကို ကြီးမားစေပါတယ်။ လူတိုင်းထင်နေကြတာ LDL cholesterol ဆိုရင် မကောင်းဘူး ၊ ဥပါဒ်ပေးတယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာလို အကျိုးမဲ့ cholesterol လို့ တောင်ခေါ်နေကြတာကို တွေ့ရပါတယ်။ LDL cholesterol ဟာ နှစ်မျိုးရှိပါတယ်။

- VLDL ပမာဏ သေးပြီး အလွန်သိပ်သည်းတဲ့ အမျိုးအစား ။ ဒီဟာမျိုးက ဥပါဒ်ပေးတတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။

- Large fluffy type နောက်တစ်မျိုးက ပမာဏကြီးပြီး ဝါဂွမ်းလို ပေါ့ပေါ့ပါးပါး အမျိုးအစား ။ ဒီလိုမျိုးက နှလုံးရောဂါ မဖြစ်စေတဲ့ အပြင် အကျိုးပြုတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အထုးသဖြင့် ကလာပ်စည်း နံရံတွေဟာ ဒီလိုမျိုး cholesterol နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းဓာတ်တွေထုတ်ဖို့လဲ ဒီ cholesterol ကိုဘဲ အသုံးချရတာ ဖြစ်ပါတယ်။ Saturated fats တွေဟာ ဒီအကျိုးပြု large fluffy type cholesterol ကို များလာစေပါတယ်။

 

ဒါကိုကြည့်ခြင်းအားဖြင့် cholesterol level ကို သေသေချာချာ မစူးစမ်း မဆင်ချင်ဘဲ မချသင့်ပါဘူးလို့ ပြောရတာ ဖြစ်ပါတယ်။ LDL cholesterolများနေတာနဲ့ဘဲ cholesterol ချဆေးတွေကို တန်းပြီးသုံးမယ်ဆိုရင် မသင့်တဲ့ အကြောင်းကို ပြောပြတာပါ။ LDL များနေတယ်ဆိုရင် VLDL ကြောင့်လား ၊ ဒါမှမဟုတ် အကျိုး ပြု LDL များနေတာလားဆိုတာ ဆန်းစစ်မကြည့်ရင် မဖြစ်ပါ။

 

Read More : ရန်ကုန်ဆေးရုံကြီး အထူးကုပြင်ပဌာနများ သင်္ကြန်တွင်း ငါးရက် ရပ်နားမည်

 


၂. Saturated fats တွေ ဟာ အကျိုးပြု cholesterol HDL level ကိုလဲ မြှင့်တင်ပေးပါတယ်။

 

၃. Saturated fats စားခြင်းဖြင့် နှလုံး ရောဂါ မဖြစ်ပါ။ နောက်ဆုံးသုတေသန အရဆိုရင် သကြားကြောင့် ဖြစ်ပါတယ်။ အဆီစားရင် နှလုံး သွေးကြောပိတ်တယ်ဆိုတာလဲ myth အမှားကို အမှန်လို့ ထင်နေကြတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း သုတေသနတွေ အများကြီး ထွက်လာပါပြီ ။ အဆီကြောင့် သွေးကြောတွေ ပိတ်တယ်ဆိုတာ ဆရာဝန်တွေက အစ ၊ သတင်း media အဆုံးနေ့စဉ်အော်နေ ကြတော့လည်း ပြည်သူလူထုကလဲ ဒီလိုဘဲထင်နေကြတာ အဆန်း မဟုတ်တော့ပါ။

 

၎. Saturated fats တွေကို ဟင်းချက်ဖို့ အပူပေးတဲ့အခါ ဓာတုဗေဒ သတ္တိ တွေ မပြောင်းလဲကုန်ပါ ။ Oxidised လဲ မဖြစ်လွယ်ပါ။ အလွန် ကျန်းမာ လှပါတယ်ဆိုပြီး သုံးနေကြတဲ့ corn oil , soy bean oil, vegetable oil စသည်တို့ ဟာ အပူပြင်းပြင်းပေးတဲ့အခါ oxidized ဖြစ်ကုန်ပြီး ခန္ဓာကိုယ်တွင်း ယောင်ကိုင်း စေတဲ့ ဓာတ်များဖြစ် ကုန်တတ်ပါတယ်။

 

၅. Saturated fats ပါတဲ့ အစား အသောက်တွေဟာ အာဟာရ အပြည့်ရှိပါတယ်။ Fat soluble vitamins တွေ လဲပါသပေါ့။ ဥပမာ grass fed cows မှာရသော အသားများ ၊ ထောပတ် ၊ တော သဘာဝ ကြက်ဥများ ၊ ကလီစာများ

 

၆. ကိုယ်အလေးချိန် ချ ချင် ရာမှာ အစားအသောက် ထဲမှာ အဆီများများထည့် ပေးရမှာ ဖြစ်ပါတယ်။ အဆီစားရင် ခန္ဓာကိုယ်က ကျေနပ်သွားတဲ့အတွက် ခဏခဏလဲ မဆာတော့တဲ့ အတွက် တချိန်လုံး ဆာနေတဲ့ အကျင့်လဲ ပျောက်သွားနိုင်ပါတယ်။ အဆီက ရတဲ့ စွမ်းအင်တွေဟာ သကြားဓာတ်ထက်လဲ ၃ ဆ ပိုများပါတယ်။

 

၇. Saturated fats တွေဟာ အလွန်လည်း အရသာ နဲ့ ပြည့်စုံပါတယ်။ ဥပမာ bacon, eggs butter Yummy!!!!

 

၈. အ ချို့သုတေသနများ အဆိုအရ လေဖြတ်တဲ့ နှုံးတောင်လျော့ပါးစေ ပါတယ်တဲ့ ။ ဗဟုသုတအတွက် ဘာသာပြန်ပေးခြင်း ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ဒီအတိုင်းဘဲ ကျင့်သုံးပါတယ်။ Low fat diet, non fat diet တို့ ကို ပြန်လည် သုံးသပ်ရမဲ့ အချိန်ရောက်နေပါပြီ။ လူတွေ အများစုဟာ အဆီကို လျော့ပြီး သကြားစားသုံးလာတာ များလာတာ နဲ့ အမျှ ရောဂါမျိုးစုံ နဲ့ ခံနေကြတယ်ဆိုတယ်လဲ မျက် မြင်သက်သေ ဖြစ်ပါတယ်။ ဒီ Ketogenic diet ဟာ ကင်ဆာ ရောဂါရှင်တွေအတွက် အကောင်းဆုံး ဖြစ်ပါတယ် ။

 

Source: ဒေါက်တာ ခင်နွယ်ဝင်း

Read times Last modified on Thursday, 04 April 2019 17:45
Rate this item
(1 Vote)