What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 February 2018 13:37

အလုပ္ခြင္ေသာကမ်ားျခင္းေၾကာင့္ ဆီးခ်ိဳေရာဂါပိုျဖစ္နုိင္

အလုပ္ခြင္ေသာကမ်ားျခင္းေၾကာင့္ ဆီးခ်ိဳေရာဂါပိုျဖစ္နုိင္ google.com

­­­­­

ကမာၻ႔က်န္းမာေရးအဖြဲ႕၏ စာရင္းဇယားမ်ားအရ ၂၀၁၄ ခုနစ္တြင္ အရြယ္ေရာက္သူ ၁၀ ဦးအနက္ တစ္ဦးသည္ ဆီးခ်ိဳေရာဂါျဖစ္ေနေၾကာင္း သိရပါတယ္။

ထို႕ေၾကာင့္ ၂၀၃၀ ျပည့္နွစ္ တြင္ ဆီးခ်ိဳေရာဂါေၾကာင့္ အသက္ဆံုးရႈံးမႈသည္ ကမာၻေပၚတြင္ ထိပ္တန္းေသႏႈန္း အဆင့္ ၇ တြင္ရွိမည္ဟု ခန္႕မွန္းထားၾကပါတယ္။

ဆီးခ်ိဳေရာဂါသည္ အဝလြန္သူမ်ား၊ အသက္ႀကီးသူမ်ားတြင္ျဖစ္နုိင္ေခ်မ်ားပါတယ္။ ခႏၶာကိုယ္ မွ အင္ဆူလင္ဆိုလာ ဟိုမုန္း ၈ မ်ိဳး ထုတ္ျခင္းမလံုေလာက္ေသာေၾကာင့္ ၎၊ ပံုမွန္ပမာဏ ရွိ ေနေသာ အင္ဆူလင္ကို အသုံးျပဳသည့္ေနရာတြင္ အဆင္မေျပ၍ ၎၊ ေသြးထဲမွာ သၾကား ဓာတ္ေတြ မ်ားလာၿပီး အဲဒီသၾကားဓာတ္ေတြက ဆီးထဲေရာက္သြားေတာ့ ဆီးခ်ိဳ၊ ေသြးထဲမွာ သၾကားဓာတ္ေတြမ်ားေနေတာ့ ေသြးခ်ိဳလို႕ ေခၚၾကတာပါ။

ဒီေရာဂါေတြက မကုသဘူးဆိုရင္ ဦးေႏွာက္အာရံုေၾကာေတြ ထိခိုက္မယ္၊ ေျခေခ်ာင္းေတြ ပုပ္ကုန္မယ္၊ ျဖတ္ရမယ္၊ မ်က္စိကန္းမယ္၊ ေက်ာက္ကပ္ပ်က္စီးမယ္၊ ႏွလံုးေသြးေၾကာပိတ္ မယ္၊ ေလျဖတ္မယ္စတဲ့ေနာက္ဆက္တြဲေရာဂါေတြျဖစ္နိုင္ပါတယ္။

ဆီးခ်ိဳေရာဂါေတြမျဖစ္ေအာင္ အစားအစာနဲ႕လည္းထိန္း၊ ေဆးဝါနဲ႕လည္းထိန္း၊ ကိုယ္လက္ လႈပ္ရွားမႈလည္း လုပ္၊ က်န္းမာေရးနဲ႕ညီညြတ္တာပဲစား၊ ေသြးေပါင္ကိုလည္း ထိန္းမယ္ဆိုရင္ လံုးဝမျဖစ္နုိင္ပါဘူး။

ဆီးခ်ိဳေရာဂါမျဖစ္ေအာင္ လုပ္ငန္းခြင္ေသာကမ်ားတတ္နိုင္သမွ်ေလ်ာ့ ခ်သင့္ပါတယ္။  လုပ္ငန္းခြင္ေသာကမ်ားေၾကာင့္ ဆီးခ်ိဳေရာဂါျဖစ္နုိင္ေခ် မ်ားရံုတင္မကဘဲ ဆီးခ်ိဳေရာဂါရဲ႕ ေနာက္ဆက္တြဲေရာဂါမ်ားလည္း ျမန္ျမန္ပိုျဖစ္နုိင္ပါတယ္။

မိမိစိတ္ကို တတ္နိုင္သမွ် အစြန္းမေရာက္ေအာင္ ထိန္းသိမ္းၿပီးလုပ္ငန္းခြင္ေသာကမ်ား ေလ်ာ့ခ်ျခင္းျဖင့္ ဆီးခ်ိဳေရာဂါမျဖစ္ေအာင္ အစိတ္တေဒသ ကာကြယ္နုိင္ပါတယ္။

Source: Myawadi

Read: ဆီးခ်ိဳရွိရင္ အေရျပားကိုဂရုစိုက္ပါ

 

Unicode

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ ၂၀၁၄ ခုနစ်တွင် အရွယ်ရောက်သူ ၁၀ ဦးအနက် တစ်ဦးသည် ဆီးချိုရောဂါဖြစ်နေကြောင်း သိရပါတယ်။ ထို့ကြောင့် ၂၀၃၀ ပြည့်နှစ် တွင် ဆီးချိုရောဂါကြောင့် အသက်ဆုံးရှုံးမှုသည် ကမ္ဘာပေါ်တွင် ထိပ်တန်းသေနှုန်း အဆင့် ရ တွင်ရှိမည်ဟု ခန့်မှန်းထားကြပါတယ်။

ဆီးချိုရောဂါသည် အဝလွန်သူများ၊ အသက်ကြီးသူများတွင်ဖြစ်နိုင်ချေများပါတယ်။ ခန္ဓာကိုယ် မှ အင်ဆူလင်ဆိုလာ ဟိုမုန်း ၈ မျိုး ထုတ်ခြင်းမလုံလောက်သောကြောင့် ၎င်း၊ ပုံမှန်ပမာဏ ရှိ နေသော အင်ဆူလင်ကို အသုံးပြုသည့်နေရာတွင် အဆင်မပြေ၍ ၎င်း၊ သွေးထဲမှာ သကြား ဓာတ်တွေ များလာပြီး အဲဒီသကြားဓာတ်တွေက ဆီးထဲရောက်သွားတော့ ဆီးချို၊ သွေးထဲမှာ သကြားဓာတ်တွေများနေတော့ သွေးချိုလို့ ခေါ်ကြတာပါ။

ဒီရောဂါတွေက မကုသဘူးဆိုရင် ဦးနှောက်အာရုံကြောတွေ ထိခိုက်မယ်၊ ခြေချောင်းတွေ ပုပ်ကုန်မယ်၊ ဖြတ်ရမယ်၊ မျက်စိကန်းမယ်၊ ကျောက်ကပ်ပျက်စီးမယ်၊ နှလုံးသွေးကြောပိတ် မယ်၊ လေဖြတ်မယ်စတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါတွေမဖြစ်အောင် အစားအစာနဲ့လည်းထိန်း၊ ဆေးဝါနဲ့လည်းထိန်း၊ ကိုယ်လက် လှုပ်ရှားမှုလည်း လုပ်၊ ကျန်းမာရေးနဲ့ညီညွတ်တာပဲစား၊ သွေးပေါင်ကိုလည်း ထိန်းမယ်ဆိုရင် လုံးဝမဖြစ်နိုင်ပါဘူး။

ဆီးချိုရောဂါမဖြစ်အောင် လုပ်ငန်းခွင်သောကများတတ်နိုင်သမျှလျော့ ချသင့်ပါတယ်။ လုပ်ငန်းခွင်သောကများကြောင့် ဆီးချိုရောဂါဖြစ်နိုင်ချေ များရုံတင်မကဘဲ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါများလည်း မြန်မြန်ပိုဖြစ်နိုင်ပါတယ်။

မိမိစိတ်ကို တတ်နိုင်သမျှ အစွန်းမရောက်အောင် ထိန်းသိမ်းပြီးလုပ်ငန်းခွင်သောကများ လျော့ချခြင်းဖြင့် ဆီးချိုရောဂါမဖြစ်အောင် အစိတ်တဒေသ ကာကွယ်နိုင်ပါတယ်။

Source: Myawadi

Read times
Rate this item
(0 votes)