What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 24 May 2017 13:55

ကျောက်ကပ်ကင်ဆာ ရှိကြောင်း သိရှိနိုင်သော ရောဂါလက္ခဏာ (၅) ချက်

ကျောက်ကပ်ကင်ဆာ ရှိကြောင်း သိရှိနိုင်သော ရောဂါလက္ခဏာ (၅) ချက် Google.com

၁. ဆီးထဲသွေးပါခြင်း

ဆီးထဲသွေးပါရင် ဆီးအရောင်က ပန်းရောင်၊ အညိုရောင်၊ အနီရောင်စတဲ့ အရောင်အမျိုးမျိုး ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ ဆီးထဲမှာ သွေးပါတာရဲ့ နောက်ထပ် ဖြစ်နိုင်တဲ့ အချက်ကတော့ ဆီးအိတ်ပိုးဝင်တာ၊ ဆီးကျောက်တည်တာ၊ အရည်အိတ်တည်တာနဲ့ ရောင်းရမ်းတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးထဲမှာ သွေးပါခဲ့ရင် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုကို မဖြစ်မနေ ခံယူဖို့ လိုပါတယ်။

 

၂. ခါးနာခြင်း

ကျောက်ကပ်ကင်ဆာမှာ ခန္ဓာကိုယ်ရဲ့ဘေးဘက် ခါးနေရာမှာ တစ်ဖက်မှာသာ နာပြီး နာကျင်မှုက တဖြည်းဖြည်းချင်း တင်ပါးဆုံးပိုင်းနှင့် နံရိုးအောက် ဝမ်းဗိုက်ပိုင်း ရောက်သွားတတ်ပါတယ်။ ရုတ်တရက် နာကျင်မှုကို ၁-၂ ရက်အတွင်း မသက်သာပါက ဆရာဝန်ထံ ပြသသင့်ပါတယ်။

 

၃. အဖု၊ အလုံးအကျိတ်

ဝမ်းဗိုက်ထဲမှာ အဖု၊ အလုံး၊ အကျတ်တွေ တွေ့ရရင်တော့ ကျောက်ကပ်ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ ကျောက်ကပ်မှာ အလုံးအကျိတ်ပေါ်က ဝမ်းဗိုက်ရဲ့ အတွင်းဘက်ကျတာကြောင့် လက်နဲ့စမ်းကြည့်ဖို့ ခက်ခဲတတ်ပါတယ်။ ဝမ်းဗိုက်ပိုင်းမှာ အလုံးအကျိတ်တွေ့ရပါက ဆရာဝန်က အာထရာဆောင်း၊ CT Scan တွေ ရိုက်ကြည့်ပြီး စစ်ဆေးမှုကို ဆောင်ရွက်ပါလိမ့်မယ်။

 

၄. မောပန်းနွမ်းနယ်နေခြင်း

ကင်ဆာရောဂါ ရရှိသူတွေမျာ မောပန်းနွမ်းနယ်တာမျိုးက လှုပ်ရှားမှုတွေကြောင့် မောပန်းတာမျိုးနဲ့ မတူပါဘူး။ ကင်ဆာကြောင့် မောပန်းနွမ်းနယ်နေတာမျိုးက အနားယူတာ၊ အိပ်စက်တာတွေက ပြုလုပ်လိုက်ပေမယ့် မပြေပျောက်တတ်ပဘူး။ ကင်ဆင်ရောဂါရှိသူတွေရဲ့ မောပန်းနွမ်းနယ်မှုက နေ့စဉ်လုပ်ငန်းဆောင်တာတွေ မလုပ်ချင် မကိုင်ချင်လောက်အောင် ဖြစ်တတ်ပါတယ်။

 

၅. ကိုယ်အလေးချိန်နည်းခြင်း၊ အစာစားချင်စိတ်မရှိခြင်းနှင့် ဖျားနာခြင်း

ကျောက်ကပ်ကင်ဆာရဲ့ နောက်ထပ်ထင်ရှားတဲ့ လက္ခဏာတစ်ရပ်ကတော့ ကိုယ်အလေးချိန်ချနေတာ မဟုတ် ရုတ်တရက် ကိုယ်အလေးချိန် လျော့နည်းသွားတတ်ပါတယ်။ အစားအသောက် စားချင်စိတ် မရှိဘဲ ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကိုတောင် စားချင်သောက်ချင်စိတ် ပျောက်ဆုံးနေတတ်ပြီး ဘာကြောင့်မှန်းမသိဘဲ ဖျားနာနေတတ်ပါတယ်။

 

Source: health care

 

{Zawgyi}

======

ေက်ာက္ကပ္ကင္ဆာ ရွိေၾကာင္း သိရွိႏိုင္ေသာ ေရာဂါလကၡဏာ (၅) ခ်က္

 

၁. ဆီးထဲေသြးပါျခင္း

ဆီးထဲေသြးပါရင္ ဆီးအေရာင္က ပန္းေရာင္၊ အညိဳေရာင္၊ အနီေရာင္စတဲ့ အေရာင္အမ်ိဳးမ်ိဳး ျဖစ္ေနတာကို ေတြ႕ရတတ္ပါတယ္။ ဆီးထဲမွာ ေသြးပါတာရဲ႕ ေနာက္ထပ္ ျဖစ္ႏိုင္တဲ့ အခ်က္ကေတာ့ ဆီးအိတ္ပိုး၀င္တာ၊ ဆီးေက်ာက္တည္တာ၊ အရည္အိတ္တည္တာနဲ႔ ေရာင္းရမ္းတာေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ ဆီးထဲမွာ ေသြးပါခဲ့ရင္ ဆရာ၀န္နဲ႔ ျပသၿပီး စစ္ေဆးမႈကို မျဖစ္မေန ခံယူဖို႔ လုိပါတယ္။

 

၂. ခါးနာျခင္း

ေက်ာက္ကပ္ကင္ဆာမွာ ခႏၶာကိုယ္ရဲ႕ေဘးဘက္ ခါးေနရာမွာ တစ္ဖက္မွာသာ နာၿပီး နာက်င္မႈက တျဖည္းျဖည္းခ်င္း တင္ပါးဆုံးပိုင္းႏွင့္ နံရိုးေအာက္ ၀မ္းဗိုက္ပိုင္း ေရာက္သြားတတ္ပါတယ္။ ရုတ္တရက္ နာက်င္မႈကို ၁-၂ ရက္အတြင္း မသက္သာပါက ဆရာ၀န္ထံ ျပသသင့္ပါတယ္။

 

၃. အဖု၊ အလုံးအက်ိတ္

၀မ္းဗိုက္ထဲမွာ အဖု၊ အလုံး၊ အက်တ္ေတြ ေတြ႕ရရင္ေတာ့ ေက်ာက္ကပ္ကင္ဆာရဲ႕ လကၡဏာ တစ္ရပ္ျဖစ္ပါတယ္။ ေက်ာက္ကပ္မွာ အလုံးအက်ိတ္ေပၚက ၀မ္းဗို္က္ရဲ႕ အတြင္းဘက္က်တာေၾကာင့္ လက္နဲ႔စမ္းၾကည့္ဖို႔ ခက္ခဲတတ္ပါတယ္။ ၀မ္းဗိုက္ပိုင္းမွာ အလုံးအက်ိတ္ေတြ႕ရပါက ဆရာ၀န္က အာထရာေဆာင္း၊ CT Scan ေတြ ရိုက္ၾကည့္ၿပီး စစ္ေဆးမႈကို ေဆာင္ရြက္ပါလိမ့္မယ္။

 

၄. ေမာပန္းႏြမ္းနယ္ေနျခင္း

ကင္ဆာေရာဂါ ရရွိသူေတြမ်ာ ေမာပန္းႏြမ္းနယ္တာမ်ိဳးက လႈပ္ရွားမႈေတြေၾကာင့္ ေမာပန္းတာမ်ိဳးနဲ႔ မတူပါဘူး။ ကင္ဆာေၾကာင့္ ေမာပန္းႏြမ္းနယ္ေနတာမ်ိဳးက အနားယူတာ၊ အိပ္စက္တာေတြက ျပဳလုပ္လုိက္ေပမယ့္ မေျပေပ်ာက္တတ္ပဘူး။ ကင္ဆင္ေရာဂါရွိသူေတြရဲ႕ ေမာပန္းႏြမ္းနယ္မႈက ေန႕စဥ္လုပ္ငန္းေဆာင္တာေတြ မလုပ္ခ်င္ မကိုင္ခ်င္ေလာက္ေအာင္ ျဖစ္တတ္ပါတယ္။

 

၅. ကိုယ္အေလးခ်ိန္နည္းျခင္း၊ အစာစားခ်င္စိတ္မရွိျခင္းႏွင့္ ဖ်ားနာျခင္း

ေက်ာက္ကပ္ကင္ဆာရဲ႕ ေနာက္ထပ္ထင္ရွားတဲ့ လကၡဏာတစ္ရပ္ကေတာ့ ကိုယ္အေလးခ်ိန္ခ်ေနတာ မဟုတ္ ရုတ္တရက္ ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းသြားတတ္ပါတယ္။ အစားအေသာက္ စားခ်င္စိတ္ မရွိဘဲ ႀကိဳက္ႏွစ္သက္တဲ့ အစားအေသာက္ေတြကိုေတာင္ စားခ်င္ေသာက္ခ်င္စိတ္ ေပ်ာက္ဆုံးေနတတ္ၿပီး ဘာေၾကာင့္မွန္းမသိဘဲ ဖ်ားနာေနတတ္ပါတယ္။

 

Source: health care

Read times Last modified on Friday, 03 January 2020 16:21
Rate this item
(1 Vote)