What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 January 2020 13:18

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိရေး လွိုင်ကော်လေဆိပ်တွင် စောင့်ကြည့်စစ်ဆေး

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့က စတင်ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကယားပြည်နယ်မှာ ကြိုတင်စီမံ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း သံသယလူနာမတွေ့ရသေးပေမယ့် ကူးစက်မှုမရှိစေဖို့ ကယားပြည်နယ် ပြည်နယ်ကျန်းမာရေးဌာနက ကြိုတင်စီမံဆောင်ရွက်နေသလို နိုင်ငံခြားသား အဝင်အထွက်များတဲ့ လေဆိပ်မှာ ဖျားနာ​ချောင်းဆိုးခြင်းစ​တဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာတွေ ရှိ/မရှိ စစ်ဆေး လုပ်ဆောင်နေပါတယ်။

83399652_10218998504126937_3735895148291162112_o

လွိုင်ကော်လေဆိပ်မှာ ဇန်နဝါရီ ၂၉ ရက်ကစပြီး စတင်စစ်ဆေးနေသလို အဝေးပြေး ကားဂိတ်နဲ့ ဟိုတယ်တွေမှာလည်း ရောဂါကူးစက်မှုမရှိရေး ကြိုတင်ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းနေဝင်းက ပြောပါတယ်။

 

“ ကျနော်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ မီဒီယာ ကွန်ဖရန့်လုပ်တယ်။ ပြီးတော့ ညနေပိုင်းမှာ ကားဂိတ်တွေ၊ လေဆိပ်တွေမှာ ရောဂါလက္ခဏာ သတိပေးကြေညာချက်တွေ လိုက်ကပ်တယ်။ လေယာဉ်ကွင်းမှာ မနေ့က စပြီးတော့ ဝင်လာတဲ့လူတွေ နိုင်ငံခြားသားတွေ ဖျားနာတာ၊ ချောင်းဆိုတာရှိမရှိ စစ်ဆေးတယ်ပေါ့နော်။ ” ဒီလိုစစ်ဆေးမှုတွေကို ရောဂါကူးစက်ပျံ့နှံ့မှု စိုးရိမ်စရာအခြေအနေ မရှိတော့တဲ့အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး လေဆိပ်မှာ စစ်ဆေးပြီးတဲ့ ၂ ရက်အတွင်းမှာ ဖျားနာတာ ချောင်းဆိုးတာ စတဲ့ သံသယလူနာမတွေ့ရသေးဘူးလို့ ပြောပါတယ်။

83345897_10218998502926907_7833809778542379008_o

ဒါပြင် လေယာဉ်နဲ့မဟုတ်ဘဲ ကုန်းလမ်းနဲ့ဝင်လာတဲ့ နိုင်ငံခြားသား ခရီးသည်စာရင်းတွေကို ကောက်ခံထားပြီး ဟိုတယ်တွေ၊ ကားဂိတ်တွေမှာ ဖျားနာချောင်းဆိုးတဲ့ သံသယလူနာတွေ့ရှိပါကလည်း ကျန်းမာရေးဌာနကို အချက်ချင်း အကြောင်းကြားဖို့ သတိပေးထား တယ်လို့လည်း ပြောပါတယ်။

 

ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးမှူး ဒေါက်တာဌေးအောင်က “ပြည်သူတွေအနေနဲ့ မိမိကျန်းမာရေးကို ဂရုစိုက်ကြဖို့၊ တကိုယ်ရေသန့်ရှင်းရေးနဲ့ လက်ကိုဆေး ကြောဖို့၊ ချောင်းဆိုးနှာချေရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ တတ်နိုင်သမျှ လူအုပ်စုထဲ မသွားဖို့၊ အထူးသဖြင့် အသက်အရွယ်ကြီးတဲ့လူတွေနဲ့ အသက် ၅ နှစ်အောက်ကလေးငယ်တွေကို အထူးဂရုစိုက်ဖို့လိုအပ်ကြောင်း” ဇန်နဝါရီ ၂၈ ရက်က မီဒီယာတွေကို တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေဟာ ၁၇၀ ယောက်ထိ မြင့်တက်သွားပြီး ကူးစက်ခံ ဦးရေ ၇၈၀၀ ကျော်ရှိသွားပြီလို့ တရုတ်အစိုးရက ထုတ်ပြန်ပါတယ်။

Burmese DVB

 

(Zawgyi)

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမရွိေရး လြိဳင္ေကာ္ေလဆိပ္တြင္ ေစာင့္ၾကည့္စစ္ေဆး

 

တ႐ုတ္ႏိုင္ငံအလယ္ပိုင္း၊ ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕က စတင္ပ်ံ႕ႏွံ႔ျဖစ္ပြားေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈမရွိေစေရးအတြက္ ကယားျပည္နယ္မွာ ႀကိဳတင္စီမံ စစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံတြင္း သံသယလူနာမေတြ႕ရေသးေပမယ့္ ကူးစက္မႈမရွိေစဖို႔ ကယားျပည္နယ္ ျပည္နယ္က်န္းမာေရးဌာနက ႀကိဳတင္စီမံေဆာင္႐ြက္ေနသလို ႏိုင္ငံျခားသား အဝင္အထြက္မ်ားတဲ့ ေလဆိပ္မွာ ဖ်ားနာ​ေခ်ာင္းဆိုးျခင္းစ​တဲ့ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ သံသယလကၡဏာေတြ ရွိ/မရွိ စစ္ေဆး လုပ္ေဆာင္ေနပါတယ္။

83399652_10218998504126937_3735895148291162112_o

လြိဳင္ေကာ္ေလဆိပ္မွာ ဇန္နဝါရီ ၂၉ ရက္ကစၿပီး စတင္စစ္ေဆးေနသလို အေဝးေျပး ကားဂိတ္နဲ႔ ဟိုတယ္ေတြမွာလည္း ေရာဂါကူးစက္မႈမရွိေရး ႀကိဳတင္ပညာေပးလုပ္ငန္းေတြ လုပ္ေဆာင္ေနတယ္လို႔ လြိဳင္ေကာ္ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးမႉး ေဒါက္တာထြန္းေနဝင္းက ေျပာပါတယ္။

 

“ က်ေနာ္တို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၈ ရက္ေန႔မွာ မီဒီယာ ကြန္ဖရန႔္လုပ္တယ္။ ၿပီးေတာ့ ညေနပိုင္းမွာ ကားဂိတ္ေတြ၊ ေလဆိပ္ေတြမွာ ေရာဂါလကၡဏာ သတိေပးေၾကညာခ်က္ေတြ လိုက္ကပ္တယ္။ ေလယာဥ္ကြင္းမွာ မေန႔က စၿပီးေတာ့ ဝင္လာတဲ့လူေတြ ႏိုင္ငံျခားသားေတြ ဖ်ားနာတာ၊ ေခ်ာင္းဆိုတာရွိမရွိ စစ္ေဆးတယ္ေပါ့ေနာ္။ ” ဒီလိုစစ္ေဆးမႈေတြကို ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ စိုးရိမ္စရာအေျခအေန မရွိေတာ့တဲ့အထိ လုပ္ေဆာင္သြားမွာျဖစ္ၿပီး ေလဆိပ္မွာ စစ္ေဆးၿပီးတဲ့ ၂ ရက္အတြင္းမွာ ဖ်ားနာတာ ေခ်ာင္းဆိုးတာ စတဲ့ သံသယလူနာမေတြ႕ရေသးဘူးလို႔ ေျပာပါတယ္။

 

ဒါျပင္ ေလယာဥ္နဲ႔မဟုတ္ဘဲ ကုန္းလမ္းနဲ႔ဝင္လာတဲ့ ႏိုင္ငံျခားသား ခရီးသည္စာရင္းေတြကို ေကာက္ခံထားၿပီး ဟိုတယ္ေတြ၊ ကားဂိတ္ေတြမွာ ဖ်ားနာေခ်ာင္းဆိုးတဲ့ သံသယလူနာေတြ႕ရွိပါကလည္း က်န္းမာေရးဌာနကို အခ်က္ခ်င္း အေၾကာင္းၾကားဖို႔ သတိေပးထား တယ္လို႔လည္း ေျပာပါတယ္။

83345897_10218998502926907_7833809778542379008_o

ကယားျပည္နယ္ ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးမႉး ေဒါက္တာေဌးေအာင္က “ျပည္သူေတြအေနနဲ႔ မိမိက်န္းမာေရးကို ဂ႐ုစိုက္ၾကဖို႔၊ တကိုယ္ေရသန႔္ရွင္းေရးနဲ႔ လက္ကိုေဆး ေၾကာဖို႔၊ ေခ်ာင္းဆိုးႏွာေခ်ရင္ လက္ကိုင္ပုဝါအသုံးျပဳဖို႔၊ တတ္ႏိုင္သမွ် လူအုပ္စုထဲ မသြားဖို႔၊ အထူးသျဖင့္ အသက္အ႐ြယ္ႀကီးတဲ့လူေတြနဲ႔ အသက္ ၅ ႏွစ္ေအာက္ကေလးငယ္ေတြကို အထူးဂ႐ုစိုက္ဖို႔လိုအပ္ေၾကာင္း” ဇန္နဝါရီ ၂၈ ရက္က မီဒီယာေတြကို ေတြ႕ဆုံရွင္းလင္းခဲ့ပါတယ္။

 

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆုံးသူ ဦးေရဟာ ၁၇၀ ေယာက္ထိ ျမင့္တက္သြားၿပီး ကူးစက္ခံ ဦးေရ ၇၈၀၀ ေက်ာ္ရွိသြားၿပီလို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ပါတယ္။

Burmese DVB

Read times Last modified on Monday, 03 February 2020 21:16
Rate this item
(0 votes)