What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 July 2020 12:50

ကူးစက်ရောဂါသည် အဘယ်ကြောင့် အရှေ့တောင်အာရှရှိ ဗုဒ္ဓဘာသာဝင်များကို အသက်ချမ်းသာပေးခဲ့သနည်း..?

ကမ္ဘာလုံးဆိုင်ရာဖြစ်ပွားခဲ့တဲ့ တုပ်ကွေးရောဂါ၏ ပိုကြီမားသည့်ပဟေဠိ တစ်ခုကို အရှေ့တောင်အာရှတွင်တွေ့ရှိရသည်။ ကိုဗစ် စတင်ခဲ့ရာနေရာဖြစ်သော တရုတ်နိုင်ငံနှင့် နီးနီးကပ်ကပ် တည်ရှိနေကြပြီး  ကပ်ရောဂါ ဖြစ်ပွားမှုမျာပြားသည့် အိန္ဒိယနှင့်လည်း မဝေးကွာသော မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံမှလာအိုတို့တွင် ကိုဗစ်ကူးစက်မှုများကို နိုင်အောင် ထိန်းနိုင်ကြသည်ကို တွေ့ကြရသည်။

 

တူညီသည့်အချက်မှာ ၎င်းနိုင်ငံများသည် ဗုဒ္ဓဘာသာ နိုင်ငံများ ဖြစ်နေကြသည့်အချက် ဖြစ်သည်။ ဗီယက်နမ်သည် ထူးခြားထင်ရှားသည်။ လူဦးရေ ၉၇ သန်းရှိပြီး Covid-19 တွင် သေဆုံးမှု မရှိသေးပါ။ ထိုင်းနိုင်ငံသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၇၀ အကွာတွင်ရှိပြီး ၅၈ ဦး သာ သေဆုံးခဲ့သည်။

 

ပြည်တွင်း ကူးစက်မှု မရှိသည်မှာ တစ်လခွဲ ရှိပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှု ၃၁၇ ခုတွင် ၆ ခုသာသေဆုံးခဲ့ရပြီး ကမ္ဘောဒီးယား (အတည်ပြုပြီးသောအမှုပေါင်း ၁၄၁ ခု) နှင့်သေးငယ်သော လာအိုနိုင်ငံ၏ (ဖြစ်ပွားမှု ၁၉ ခု) တွင်သေဆုံးမှု မရှိဘဲ ဧပြီလမှစပြီ းပြည်တွင်းကူးစက်ခြင်း မရှိခဲ့ပါ။ ဤအချက်ကို အင်ဒိုနီးရှား (ဖြစ်ပွားမှု ၆၈,၁၀၀ ခန့်နှင့်သေဆုံးမှု ၃၄၀၀) နှင့်ဖိလစ်ပိုင် (ရောဂါ ၅၀,၄၀၀ နှင့်သေဆုံးမှု ၁၃၀၀) တို့နှင့်နှိုင်းယှဉ်ကြည့်ပါ။ ထိုနှစ်နိုင်ငံတို့တွင် ကိုဗစ် အရှိန်ကောင်းနေဆဲ ဖြစ်သည်။

 

အထူးသဖြင့် ဗီယက်နမ်၏ ကွန်မြူနစ်အာဏာရှင်စနစ်သည် ဘုရားမဲ့ဝါဒီဖြစ်ခြင်းကြောင့် ကံတရား အကြောင်းပြခြင်းကို ဘေးချိတ်ထားသည်။ ကိုဗစ် နှိမ်နင်းရေးတွင် ဗီယက်နမ်၏အောင်မြင်မှုသည် အမှန်ပင် ရှင်းပြရန် လွယ်ကူသည်။ နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းအရ အပြန်အလှန်အမြစ်တွယ်နေသည့်မြောက်ဘက်တွင် အိမ်နီးချင်း နိုင်ငံကြီးဖြစ်သော တရုတ်ကို အမြဲတစေ သံသယရှိသည်။

 

ယခုနှစ်အစတွင် ဗီယက်နမ်က ကိုဗစ်ရောဂါနှင့် ပတ်သက်၍ တရုတ်နိုင်ငံက စိတ်ချလက်ချ ရှိစေဖို့ ပြောဆိုသည်များကို မယုံကြည်ခဲ့ချေ။ ရောဂါကူးစက်မှု အခြေအနေနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သောသတင်းအချက်အလက်များ ရယူနိုင်ရန် ဆိုက်ဘာတိုက်ခိုက်မှုများကိုပင် ပြုလုပ်ခဲ့သည်။ ဗီယက်နမ်သည်နယ်စပ်ကို ပိတ်ပြီး လူအများ ခရီးသွားလာမှုများကို ပိတ်ဆို့တားမြစ်ခြင်းနှင့် ရောဂါဖြစ်ပွားသည့် ဒေသများကို သီးခြားပိတ်ဆို့ခြင်းတို့ကို အာဏာရှင်ဆန်ဆန် ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့သည်။

 

ထိုနည်းကို တရုတ်ကွန်မြူနစ်အာဏာပိုင်များကလည်း အခြေခံအားဖြင့် ကျင့်သုံးခဲ့သည်။ ထိုသို့ အာဏာစက်ကို အစွမ်းကုန် ထုတ်သုံးနိုင်သည့် အစိုးရဟူ၍ အနည်းသာ ကမ္ဘာပေါ်တွင် ရှိသည်။ အာဏာစက်အပြင် ထိရောက်သော ကျန်းမာရေးစနစ်များ ရှိနေသည်။ 

 

ထိုင်းနိုင်ငံသည် ဗိုလ်ချုပ်များက ကြီးကြပ်ကွပ်ကဲသော ဒီမိုကရေစီပုံစံ ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးသည် မြင့်မားသည်. ဆေးကုသမှု ခံယူရန် ပြည်ပမှ လာရောက်ကြသည့် ကျန်းမာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းအတွက် လူကြိုက်များသောနေရာတစ်ခုဖြစ်နေစေသည်။ ထို့ပြင် အစိုးရက အပြင်းအထန် လုပ်ဆောင်သော လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး ကိုဗစ်ကို တားဆီးခဲ့သည်။

 

ထိုင်းနိုင်ငံသည် တရုတ်နှင့် နီးကပ်စွာ ဆက်နွယ်မှုများ ရှိနေသော်လည်း ကိုဗစ် တားဆီးရေးတွင် အောင်မြင်မှု ရရှိခဲ့သည်။ လူလူချင်းကူးစက်မှုသည် ကိုဗစ်ကူးစက်မှုကို ပျံ့နှံ့စေနိုင်သည်။ သို့သော် လာအိုတွင် ထိုသို့ကူးစက်ခြင်း မဖြစ်ပွားခဲ့ချေ။

 

တရုတ်ကုန်သည်များနှင့် မှောင်ခိုများ ဝင်ထွက်သွားလာနေသော မြန်မာတွင်လည်း ထိုသို့ကူးစက်ခြင်း မဖြစ်ပွားခဲ့ချေ။ တရုတ်ကို လိုလားမှု ြမင့်မားသော အစိုးရ အုပ်ချုပ်နေသည့် ကမ္ဘောဒီးယားတွင်လည်း ထိုသို့ကူးစက်ခြင်း မဖြစ်ပွားခဲ့ချေ။ ကပ်ရောဂါ ပျံ့နှံ့ကူးစက်နေစဉ် နယ်ခြားကို ပိတ်ထားခြင်း မရှိခဲ့ချေ။ ရောဂါကူးစက်မှဒ အမြင့်မားဆုံးအချိန်ဖြစ်သည့် ဖေဖော်ဝါရီလတွင် ကမ္ဘောဒီးယားနိုင်ငံ အကြီးအကဲ ဟွန်စိန်က တရုတ်နိုင်ငံ ဘီကျင်းမြို့တော်သို့ အလဉ်အပတ် ခရီး သွား‌ရောက်ခဲ့သည်။


ထိုင်းနိုင်ငံသည် တရုတ်ဧည့်ခရီးသည်များကို မတ်လအနှောင်းပိုင်းအထိ လက်ခံပေးနေခဲ့သည်။ မြန်မာတရုတ်နိုင်ငံ နယ်စပ်သည် ခိုးဝင်ခိုးထွက်ပေါက်များ များပြားပြီး ကူးသန်းသွားလာမှုများ ရှိနေခဲ့သည်။ သို့သော် တရုတ်ဧည့်ခရီးသည်များကြောင့် အအဆိုပါနိုင်ငံများတွင် အကြီးအကျယ် ကူးစက်မှုများ မရှိခဲ့ချေ။
ထိုနိုင်ငံများတွင် ရောဂါကူးစက်မှုများ ရှိလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် သံသယရှိနေကြသော်လည်း အထောက်အထား မပေါ်ပေါက်ချေ။

 

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ သံသယရှိရှိ မရှိရှိ ဆေးစစ်ကြည့်သည့် ဉီးရေ အလွန်နည်းသဖြင့် မသိရခြင်း ဖြစ်မည်ဟု ဆိုကြသည်။ နိုင်ငံတစ်လွှားတွင် ဆေးခန်းများ ဖွင့်ထားသည့် ပရဟိတ Medical Action Myanmar မှ Frank Smithuis က အကယ်၍ ရောဂါပျံ့ပွားမှုများ အကြီးအကျယ် ဖြစ်ပွားနေသည်ဆိုပါက သူ့အဖွဲ့အစည်းအနေဖြင့် သတိပြုမိမှာ မလွဲသေချာသည်။


ဖုံးကွယ်ထားဖို့ ဆိုသည်မှာ မဖြစ်နိုင်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် သတင်းပျံ့ဖို့ အလွန်လွယ်သည့် Facebook ကို သုံးကြသောကြောင့် ဖြစ်သည်။ အလားတူပင် ကမ္ဘောဒီးယား၊ ထိုင်းနှင့်ဗီယက်နမ် နိုင်ငံများမှ ကျွမ်းကျင်သူများက ဆေးရုံတက်နေရသောလူများ များပြားနေခြင်း ကဲ့သို့သော ကျယ်ပြန့်သောကူးစက်မှုကို မတွေ့ရကြောင်း ပြောကြားကြသည်။

 

ကျန်းမာရေး အစီအမံ ချို့တဲ့သော နိုင်ငံ ဖြစ်သော်လည်း coronavirus ပြန့်ပွားမှုကို တားဆီးရန် ကူညီနိုင်သည့် အစီအမံများချမှတ် လုပ်ဆောင်ကြသည်။ ဘန်ကောက်ရှိ Chulalongkorn တက္ကသိုလ်မှ Thitinan Pongsudhirak က တင်ပြသည်မှာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံရှိ၎င်းတို့၏ကျေးရွာများသို့ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့ရွာအပြင်ဘက်ရှိ တဲတွင် ၁၄ ရက်ကြာ တသီးတခြား နေထိုင်ရလေ့ရှိသည်ဟု အစီရင်ခံသည်။

 

ကိုဗစ်တားဆီးရေးကို အထောက်အကူ ပြုသော အခြားအချက်များ ရှိနေသည်။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများအဆိုအရ လူဦးရေထူထပ်သောမြို့များထက် လူနေကြဲသည့် ကျေးလက်ဒေသတွင်နေထိုင်သောလူဦးရေက ပိုများသည်။ ထိုလူများသည် လေအေးပေးစက်များထက် ယပ်တောင်များနှင့်ပြတင်းပေါက်များ ဖွင့်လှစ်ထားဖြင်းဖြင့် နေထိုင်ကြသည်။ လူအများတို့သည် တြေ့ဆုံကြသည့်အခါ လက်ဆွဲနှုတ်ဆက်ခြင်း မပြုကြချေ။

 

ဗုဒ္ဓဘာသာနှုတ်ဆက်ခြင်းတစ်မျိုးဖြစ်သော လက်အုပ်ချီခြင်း၊ ရှေ့သို့ကိုင်း၍ အရိုအသေပြခြင်းတို့ဖြင့်သာ နှုတ်ဆက်ကြခြင်းသည် လူချင်း ခပ်ခွာခွာ အနေအထားမှာ ရှိနေစေသည်။ မေးခွန်းတစ်ခုမှာ ထိုဗုဒ္ဓဘာသာနိုင်ငံများ၏ ကိုဗစ်တားဆီးရေး အောင်မြင်မှုများသည် ဒုတိယ သို့မဟုတ် တတိယလှိုင်းကို ခံနိုင်ရည်ရှိမရှိဖြစ်သည်။

 

Thitinan က ပြောသည်မှာ ယခုအခါ ကိုဗစ်ကူးစက်မှု လားရာသည် ပြောင်းပြန် ဖြစ်နေပြီ ဖြစ်သည်။ အာရှမှ အနောက်တိုင်းနှင့် အခြားနိုင်ငံများသို့ ပျံ့ပွာခြင်း မဟုတ်တော့ချေ။ ထိုနိုင်ငံများမှ အာရှနိုင်ငံသို့ ရောက်လာကြသူထံမှ ကူးစက်ခြင်း ဖြစ်နေသည်။ ထိုသို့ ပြည်ပမှ ဝင်လာသူတို့ထံမှာ ရောဂါကူးစက်ခံထားရခြင်းနှင့် ပြည်တွင်းမှာ ကူးစက်မှု ဖြစ်ပွားခြင်းကို မကြာသေးမီက ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သည်။ ထိုသို့ ပြည်တော်ဝင်တို့ထံမှ ပြည်တွင်းနေသူတို့ထံသို့ ကူးစက်မှု မရှိအောင် ဟန့်တားထားနိုင်မည် ဆိုပါက ဒုတိယ သို့မဟုတ် တတိယလှိုင်း ပေါ်ပေါက်ဖို့ ခဲယဉ်းနေမည် ြဖစ်သည်။

Ref; economist.com/asia

Read times
Rate this item
(1 Vote)