What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 27 December 2018 17:21

ဆီးကျိတ်ကြီးခြင်း

ဆီးအိမ် အောက်ဘက်မှာ ရှိတဲ့ ဆီးသီးအရွယ် ဆီးကျိတ်မှ သုက်ရည်တချို့ကို ထုတ်လုပ် ပေးပါတယ်။ ဆီးပြွန်ဟာ ဆီးကျိတ် အလယ်မှဖြတ်ပြီး စီးဆင်းပါတယ်။

အသက် ၅၀ ကျော်လာရင် တချို့ အမျိုးသားတွေမှာ ဆီးကျိတ်ဟာ ပန်းသီးအရွယ်ခန့် ကြီးလာတတ်ပြီး ဆီးလမ်းကြောင်းကို ပိတ်ဆို့တတ်ပါတယ်။

 

ရောဂါလက္ခဏာ

- မကြာခဏ ဆီးသွားခြင်း၊ အထူးသဖြင့် ညဘက် အချိန်တွေမှာပါ။

- ဆီးနည်းခြင်း

- ဆီးသွားပြီးပေမယ့် ဆီးအိမ်မှာ ဆီးကျန်နေသလို ခံစားရခြင်း

-လိင်အင်္ဂါ ကြာရှည်စွာ ထောင်မတ်နေပြီး နာကျင်နေခြင်း

- ဆီးလုံးဝ မထွက်တော့ခြင်း

 

ရောဂါကြာချိန်

- နှစ်ပေါင်းများစွာ ကြာနေ တတ်ပါတယ်။ ရောဂါလက္ခဏာ အနည်းအကျဉ်းသာ ပြတတ်ပါတယ်။

 

ဘာကြောင့် ဖြစ်သလဲ

- အသက် ကြီးတာကြောင့် ဆီးကျိတ်မှ အရည်အိတ် ဖြစ်တတ်ပြီး တဖြည်းဖြည်း ကြီးထွားကာ ဆီးအိမ်နဲ့ ဆီးပြွန်ပေါ် ဖိအား ကျရောက်တတ်ပါတယ်။

- ဆီးအိမ်မှာ ရောဂါပိုး ဝင်တာကြောင့်

- အရက်ကြောင့် အခြေအနေ ပိုဆိုး တတ်ပါတယ်။

 

အိမ်မှာ ဘယ်လို ကုမလဲ

- လိင်တံမှ ဆီး တစ်စက်စက် ထွက်နေတာကြောင့် အဝတ်အစားတွေ စွတ်စိုနေတတ်ပြီး အနံ့ထွက်ကာ လူမှုရေး ပြဿနာ ဖြစ်တတ်ပါတယ်။ ဒီလို မဖြစ်အောင် ဆီးသွားပြီးတိုင်း လက်တစ်ဖက်နဲ့ ကပ်ပယ်အိတ် အနောက်မှ ဆီးပြွန်ကို အရှေ့အပေါ်ဘက်သို့ ဖိထားပေးပြီး ကျန်လက်တစ်ဖက်နဲ့ လိင်တံကို ကိုင်ပြီး ဆီးညှစ်ပေးပါ။

- ဆီးသွားရ ခက်ခဲနေရင် အရေးပေါ် ကုသမှု အနေနဲ့ ရေနွေးဇလုံပေါ် ထိုင်ပြီးနောက် ဆီးသွားပါ။

 

ဆရာဝန်နဲ့ ဘယ်အချိန် ပြမလဲ

- ရောဂါလက္ခဏာ မပြင်းထန်ရင်၊ ဆရာဝန်နဲ့ ပုံမှန်သာပြပါ။

- ဆီးမထိန်းနိုင်ရင် ၂၄ နာရီအတွင်း ဆရာဝန်နဲ့ပြပါ။

- ဆီးလုံးဝ မထွက်တော့ရင် ချက်ချင်းပြပါ။

 

ဆရာဝန် ဘာလုပ်ပေးမလဲ

- ဆီးစစ်ပေးမယ်၊ သွေးစစ်ပေးမယ်။

- စအိုတွင်း လက်ထည့်ပြီး စစ်ဆေးပေးမယ်။

 

ဘယ်လို ကာကွယ်မလဲ

- အရက် အလွန်အကျွံ မသောက်ပါနဲ့။

- ဆီးအိမ်တင်းအောင် ဘယ်တော့မှ မထားပါနဲ့။

Source: ဒေါက်တာ ခင်မိုးမိုး(yatanarpon)

 

Read: သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက်

သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက်

Read times Last modified on Wednesday, 27 February 2019 15:12
Rate this item
(0 votes)