What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 10 February 2020 11:07

ခါးနာခြင်း ဝေဒနာမှ လျော့ချနည်း

ခါးနာကျင်ခြင်းက ကျား၊မ အသက်အရွယ်မရွှေး ဖြစ်ပွားနိုင်တဲ့အပြင် ခါးနာခြင်းက ခါးအတွင်းရှိ ကြွက်သားများ ၊ ကျောရိုးများ နှင့် သက်ဆိုင်သော ကိစ္စဖြစ်သဖြင့် ခါးနာခြင်းကိုလျှင်မြန်စွာ ကုသမှု့မခံယူပါက ရေရှည် တွင် ခန္ဓာကိုယ်လှုပ်ရှားမှုများကို ထိခိုက်စေနိုင်ပါတယ်။

 

ခါးနာခြင်းက ခါးကိုထိခိုက်မှုဖြစ်ခြင်း ၊ မူမမှန်သောအနေအထား ဖြင့် ထိုင်ခြင်း ၊ အလေးအပင်မခြင်း ၊ ကင်ဆာရောဂါဖြစ်ပွားခြင်း ၊အဆစ်ကျီးပေါင်းတတ်ရောဂါဖြစ်ခြင်း၊ အကြောညပ်ဝေဒနာခံစားရခြင်း နဲ့ ကိုယ်အတွင်းကလီစာ အစိတ်အပိုင်းရောင်ရမ်းခြင်း တို့ကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ ခါးရိုးရောင်ခြင်းက အသက် ၄၀ အောက်လူငယ်များ အများဆုံးဖြစ်ပွားသော ရောဂါဝေဒနာ တစ်ခုခြစ်ပြီး မနက်အစောတွင် ပိုနာကျင့်လေ့ရှိတယ်။ မတ်တတ်ရပ်ပြီး လက်ဖျားနဲ့ ကြမ်းပြင်ကိုထိအောင် ခန္ဓာကိုယ်ကို ကိုင်းညွတ်ကြည့်ပါ ခါးအတွင်းသာမာအချိန် ထက်အောင့်နေလျှင် အရိုးအကြောအထူးကု ဆရာဝန်နဲ့ ပြသကုသပါ။

 

တစ်ခါတရံ ခါးဆစ်များရောင်ရမ်းခြင်မရှိဘဲ အလေးပင်မခြင်း ၊ နေမကောင်းဖြစ်ပြီး ခါးကြွက်သားများ နာကျင်ခြင်း ဖြင့်လည်းခါးနာခြင်း ဖြစ်တတ်ပါတယ်။ ဒါအပြင် ကိုယ်လက်လှုပ်ရှားမှုအားနည်းခြင်းကလည်း ခါးနာခြင်းကိုဖြစ်ပေါ်စေနိုင်တဲ့အပြင် အဝလွန်ခြင်း နဲ ငြိမ်ငြိမ်လေးထိုင် အလုပ်လုပ်ရသူများတွင်လည်း ခါးနာခြင်းဝေဒနာကို ဖြစ်ပေါ် စေနိုင်ပါတယ်။ 

 

ခါနာခြင်းက အသက်အရွယ်အိုများတွင် တွေ့ရှိရသော အရိုးပွာရောဂါ (သို့) ကျောရိုးအက်ခြင်း ၊ ကျိုးခြင်းလက္ခဏာများ ၊ ကျောရိုးတွဖြစ်ပွားတတ်သောကင်ဆာရောဂါများ ၊ ကျောရိုးအာရုံကျောဆိုင်ရာ အာရုံကျောထိခိုက်မှုရှိခြင်း ၊ ကလေးငယ်များဖြစ်ပွားတတ်သော ကျောရိုး နှင့်ဆိုင်သော ရောဂါများ ၊ ကျောရိုးရောဂါကူးဆက်ခံရခြင်းများ စတဲ့ ခြေအနေများကြောင့်လဲ ဖြစ်ပေါ်နိုင်ပါတယ်။  

 

ခါးနာခြင်းကို သက်သာစေနိုင်သော အကောင်းဆုံးနည်းက အလေးပင်မ လျော့ခြင်း ၊ ခါးကိုမတ်မတ်အနေဖြင့်ထိုင်ခြင်း ၊ အိပ်ယာပေါ်တွင် ခေါင်းအုံးကိုပုခုံးနဲ့တစ်တန်းထဲရှိသောအမြင့်ဖြင့် အိပ်ခြင်း ၊ ဖုန်း ၊ ကွန်ပျူတာ များကို ကြာရှည်စွာအာရုံစူးစိုက် ကြည့်ခြင်း ၊ အိပ်ယာပေါ်တွင် ပလက်အိပ်ကာ ခေါင်းအုံးကို ဒူးအောက်တွင်ထားပြီး လဲလျောင်းခြင်း ၊ ခြေထောက်ကို ထိုင်ခုံပေါ်တင်ပြီး ဒူး နဲ့ ပေါင်ကိုကွေး ပြီးအိပ်ခြင်းစတဲ့ နည်းလမ်းများကို သုံးရက်ခန့်ပြုလုပ်ခြင်းဖြင့် ခါးနာကျင်မှုဖြစ်ပွားခြင်းကိုလျော့ချနိုင်ပါတယ်။

 

ခါးနာခြင်းဝေဒနာကို ကြာရှည်စွာခံစားရပါက လေးကျင့်ခန်းပြုလုပ်ခြင်း ၊ သင်္ဘောရွက်ကို ရေနွေးစိမ်ပြီးခါးတွင်ကပ်ပေးခြင်း ၊ မိဿလင်ဥ (သို့) အမှုန့်ကို ကြပ်ထုတ်လုပ် ရေနွေးငွေ့ ခံထားပြီးခါးနာသောနေရာကို ကပ်ပေးခြင်း ၊ နှိပ်နယ်ပေးခြင်း ၊ အပ်စိုက်ကူနည်း ၊အကိုက်ခဲပျောက်ဆေး-(Acetaminophen ၊ Buprofen ၊ Naproxen ) များကို လိုအပ်သလာက်သာသောက်ခြင်း နဲ့ ကိုယ်ကယာကုထုံးတွေပြုလုပ်ခြင်း ဖြင့်လဲသာသက်စေနိုင်ပါတယ်။

 

လဲကျခြင်း ၊ ထိခိုက်ခြင်း ၊ ခါးနာခြင်းမှ ဆီးမထိန်းနိုင်ခြင်း ၊ ဝမ်းမထိန်းနိုင်ခြင်း ခြေထောက်လမ်းမလျှောက်နိုင်ခြင်း ၊ အဖျားတတ်ခြင်း ၊ချောင်းဆိုးခြင်း နဲ့ ဆီးသွာချိန်မှာ ခါးတအားအောင့်လာခြင်း များဖြစ်ပေါ်လာရင်တော့ ဆရာဝန်များနှင့် လျှင်မြန်စွာပြသပြီးကုသမှု့ခံယူပါ။

Written By Health Products Directory

 

(Zawgyi)

=====

ခါးနာျခင္း ေ၀ဒနာမွ ေလ်ာ့ခ်နည္း

 

ခါးနာက်င္ျခင္းက က်ား၊မ အသက္အရြယ္မေရႊး ျဖစ္ပြားႏိုင္တဲ့အျပင္ ခါးနာျခင္းက ခါးအတြင္းရွိ ၾကြက္သားမ်ား ၊ ေက်ာရိုးမ်ား ႏွင့္ သက္ဆိ္ုင္ေသာ ကိစၥျဖစ္သျဖင့္ ခါးနာျခင္းကိုလွ်င္ျမန္စြာ ကုသမႈမခံယူပါက ေရရွည္ တြင္ ခႏၶာကိုယ္လႈပ္ရွားမႈမ်ားကုိ ထိခိုက္ေစႏုိင္ပါတယ္။

 

ခါးနာျခင္းက ခါးကိုထိခိုက္မႈျဖစ္ျခင္း ၊ မူမမွန္ေသာအေနအထား ျဖင့္ ထုိင္ျခင္း ၊ အေလးအပင္မျခင္း ၊ ကင္ဆာေရာဂါျဖစ္ပြားျခင္း ၊အဆစ္က်ီးေပါင္းတတ္ေရာဂါျဖစ္ျခင္း၊ အေၾကာညပ္ေ၀ဒနာခံစားရျခင္း နဲ႔ ကိုယ္အတြင္းကလီစာ အစိတ္အပိုင္းေရာင္ရမ္းျခင္း တုိ႕ေၾကာင့္ ျဖစ္ေပၚႏိုင္ပါတယ္။ ခါးရိုးေရာင္ျခင္းက အသက္ ၄၀ ေအာက္လူငယ္မ်ား အမ်ားဆံုးျဖစ္ပြားေသာ ေရာဂါေ၀ဒနာ တစ္ခုျခစ္ၿပီး မနက္အေစာတြင္ ပိုနာက်င့္ေလ့ရွိတယ္။ မတ္တတ္ရပ္ၿပီး လက္ဖ်ားနဲ႔ ၾကမ္းျပင္ကိုထိေအာင္ ခႏၶာကိုယ္ကို ကိုင္းညြတ္ၾကည့္ပါ ခါးအတြင္းသာမာအခ်ိန္ ထက္ေအာင့္ေနလွ်င္ အရိုးအေၾကာအထူးကု ဆရာ၀န္နဲ႔ ျပသကုသပါ။

 

တစ္ခါတရံ ခါးဆစ္မ်ားေရာင္ရမ္းျခင္မရွိဘဲ အေလးပင္မျခင္း ၊ ေနမေကာင္းျဖစ္ၿပီး ခါးၾကြက္သားမ်ား နာက်င္ျခင္း ျဖင့္လည္းခါးနာျခင္း ျဖစ္တတ္ပါတယ္။ ဒါအျပင္ ကိုယ္လက္လႈပ္ရွားမႈအားနည္းျခင္းကလည္း ခါးနာျခင္းကိုျဖစ္ေပၚေစႏိုင္တဲ့အျပင္ အ၀လြန္ျခင္း နဲ ၿငိမ္ၿငိမ္ေလးထုိင္ အလုပ္လုပ္ရသူမ်ားတြင္လည္း ခါးနာျခင္းေ၀ဒနာကို ျဖစ္ေပၚ ေစႏိုင္ပါတယ္။

 

ခါနာျခင္းက အသက္အရြယ္အိုမ်ားတြင္ ေတြ႔ရွိရေသာ အရိုးပြာေရာဂါ (သို႕) ေက်ာရိုးအက္ျခင္း ၊ က်ိဳးျခင္းလကၡဏာမ်ား ၊ ေက်ာရိုးတြျဖစ္ပြားတတ္ေသာကင္ဆာေရာဂါမ်ား ၊ ေက်ာရိုးအာရံုေက်ာဆိုင္ရာ အာရံုေက်ာထိခိုက္မႈရွိျခင္း ၊ ကေလးငယ္မ်ားျဖစ္ပြားတတ္ေသာ ေက်ာရိုး ႏွင့္ဆိုင္ေသာ ေရာဂါမ်ား ၊ ေက်ာရိုးေရာဂါကူးဆက္ခံရျခင္းမ်ား စတဲ့အေျခအေနမ်ားေၾကာင့္လဲ ျဖစ္ေပၚႏိုင္ပါတယ္။

 

ခါးနာျခင္းကို သက္သာေစႏိုင္ေသာ အေကာင္းဆံုးနည္းက အေလးပင္မ ေလ်ာ့ျခင္း ၊ ခါးကိုမတ္မတ္အေနျဖင့္ထိုင္ျခင္း ၊ အိပ္ယာေပၚတြင္ ေခါင္းအံုးကိုပုခံုးနဲ႔တစ္တန္းထဲရွိေသာအျမင့္ျဖင့္ အိပ္ျခင္း ၊ ဖုန္း ၊ ကြန္ပ်ဴတာ မ်ားကို ၾကာရွည္စြာအာရံုစူးစိုက္ ၾကည့္ျခင္း ၊ အိပ္ယာေပၚတြင္ ပလက္အိပ္ကာ ေခါင္းအံုးကို ဒူးေအာက္တြင္ထားၿပီး လဲေလ်ာင္းျခင္း ၊ ေျခေထာက္ကို ထိုင္ခံုေပၚတင္ၿပီး ဒူး နဲ႕ ေပါင္ကိုေကြး ၿပီးအိပ္ျခင္းစတဲ့ နည္းလမ္းမ်ားကို သံုးရက္ခန္႔ျပဳလုပ္ျခင္းျဖင့္ ခါးနာက်င္မႈျဖစ္ပြားျခင္းကိုေလ်ာ့ခ်ႏိုင္ပါတယ္။

 

ခါးနာျခင္းေ၀ဒနာကို္ ၾကာရွည္စြာခံစားရပါက ေလးက်င့္ခန္းျပဳလုပ္ျခင္း ၊ သေဘၤာရြက္ကို ေရေႏြးစိမ္ၿပီးခါးတြင္ကပ္ေပးျခင္း ၊ မိႆလင္ဥ (သို႕) အမႈန္႔ကို ၾကပ္ထုတ္လုပ္ ရေေႏြးေငြ႔ ခံထားၿပီးခါးနာေသာေနရာကို ကပ္ေပးျခင္း ၊ ႏွိပ္နယ္ေပးျခင္း ၊ အပ္စိုက္ကူနည္း ၊အကိုက္ခဲေပ်ာက္ေဆး-(Acetaminophen ၊ Buprofen ၊ Naproxen ) မ်ားကို လိုအပ္သလာက္သာေသာက္ျခင္း နဲ႔ ကို္ယ္ကယာကုထံုးေတြျပဳလုပ္ျခင္း ျဖင့္လဲသာသက္ေစႏုိင္ပါတယ္။

 

လဲက်ျခင္း ၊ ထိခိုက္ျခင္း ၊ ခါးနာျခင္းမွ ဆီးမထိန္းႏိုင္ျခင္း ၊ ၀မ္းမထိန္းႏိုင္ျခင္း ေျခေထာက္လမ္းမေလွ်ာက္ႏိုင္ျခင္း ၊ အဖ်ားတတ္ျခင္း ၊ေခ်ာင္းဆိုးျခင္း နဲ႔ ဆီးသြာခ်ိန္မွာ ခါးတအားေအာင့္လာျခင္း မ်ားျဖစ္ေပၚလာရင္ေတာ့ ဆရာ၀န္မ်ားႏွင့္ လွ်င္ျမန္စြာျပသၿပီးကုသမႈ႔ခံယူပါ။

Written By Health Products Directory

Read times Last modified on Monday, 10 February 2020 14:59
Rate this item
(1 Vote)