What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 June 2022 11:58

အမျိုးသမီးများ အဖြစ်များတဲ့ ကျောနာ၊ ခါးနာခြင်း

ထိုင်နေ၊ ရပ်နေ၊ အိပ်နေစဉ်တွင် ပုံစံမမှန်၍ ဖြစ်စေ၊ ကိုယ်ခန္ဓာကို ပုံမှန်မဟုတ်သော အကွေးအဆန့်ပြုလုပ်မိလျှင်ဖြစ်စေ၊ အလေးအပင်များ မ မိလျှင်ဖြစ်စေ ကျောနာ၊ခါးနာ ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။

ဖြစ်ပွားရသော အကြောင်းရင်းများကတော့ ပုံစံမမှန်သော ကိုယ်ခန္ဓာ ကွေးဆန့်မှုများ ပြုလုပ်ခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ ခန္ဓာကိုယ်ကို ကိုင်းညွတ်ခြင်း။ လေးလံသော ပစ္စည်းများ မခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း။ ထိုင်ခုံတွင် ထိုင်စဉ် မတ်မတ်မထိုင်ဘဲ ကိုယ်ကို ကိုင်း၍ထိုင်ခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ ထိုင်၍ အလုပ်လုပ်ရခြင်း (ဥပမာ- ကားမောင်းခြင်း) ။ အားကစား လုပ်ခြင်းကြောင့် နောက်ကျော ကြွက်သားများ အသုံးများခြင်း။ အထက်ပါ အချက်များသည် ရောဂါကြောင့်မဟုတ်သော အနေအထိုင် မမှန်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် ကျောနာ၊ခါးနာစေသည့်အကြောင်းရင်းများ ဖြစ်ပါတယ်။

ရောဂါကြောင့်ဖြစ်သော ခါးနာစေသည့်အကြောင်းရင်းများကတော့ တင်ပါးရိုးအာရုံကြော ကိုက်ခဲနာ (Sciatica) ။ ကျောရိုးဆစ်များကြားရှိ အရိုးနုလွှာကျွံခြင်း၊ လွဲခြင်း( slipped or prolapsed disc) ။ အဆစ်ယောင်နာ (Arthritis) (မနက်အိပ်ရာမှ နို်းထချိန်တွင် မိနစ် ၃ဝထက်ပို၍ ခါးဆစ်နာကျင်တောင့်တင််းခြင်း။) ။ ထိခိုက်ဒဏ်ရာ ရရှိပြီးနောက် လည်ပင်းနာကျင် တောင့်တင်းခြင်း၊ ခေါင်းကိုက်ခြင်းတို့နှင့် တွဲဖြစ်သော ခါးနာခြင်း (whiplash) တို့ဖြစ်ပါတယ်။

ခါးနာ၊ကျောနာ ခြင်းကို ကုသရာတွင် ဖြစ်နေသောအချိန်အတိုင်းအတာနှင့် နာကျင်ခြင်း ပြင်းထန်မှု အပေါ်မူတည်၍ ကုသမှုအမျိုးမျိုး ရှိနိုင်ပါတယ်။

သာမန် အနေအထိုင်မမှန် မှုကြောင့်ဖြစ်သော ကျောနာ၊ခါးနာမှုများအတွက် တတ်နိုင်သမျှ လှုပ်လှုပ်ရှာရှားနေ၍ ပုံမှန်ပြုလုပ်နေကျ နေ့စဉ်အလုပ် များကိုလည်း လုပ်နိုင်အောင်ကြိုးစားသင့်သည် (ခါးနာလျှင် အိပ်ရာထဲ နားနေခြင်းထက် လှုပ်လှုပ်ရှားရှား နေခြင်းက ပို၍မြန်မြန် သက်သာစေနိုင်ပါသည်။)

အလွန်နာကျင်ပါက အကိုက်အခဲ ပျောက်ဆေးများကိုသောက်သုံးနိုင်သည်။ ရေနွေးအိတ်ကပ် ပေးခြင်း သို့မဟုတ် ရေခဲ ကပ်ပေးခြင်းများ လုပ်ပေးနိုင်ပါတယ်။ အိပ်သော ပုံစံ အနေအထား ပြောင်းပေးခြင်းကလည်း ကျောနာ၊ခါးနာခြင်းကို သက်သာစေသည်။

(ဘေးစောင်းအိပ်တတ်သူများ အနေဖြင့် ခြေထောက်များကို ရင်ဘတ်နားထိ ကွေးပြီး ခြေထောက်၂ခုကြား ခေါင်းအုံး ထားပြီး အိပ်ပေးခြင်း၊ ပက်လက်အိပ်တတ်သူများအတွက် ဒူးအောက်တွင် ခေါင်းအုံး ထားပြီး အိပ်ပေးခြင်းအားဖြင့် နာကျင်ခြင်းများကို အတော်အသင့် သက်သာစေပါတယ်။)

နာကျင်ခြင်း ၆ ပတ် နှင့် မသက်သာလျှင် သို့မဟုတ် အထက်တွင်ဖေါ်ပြခဲ့သော ရောဂါကြောင့် ဖြစ်နေသည့်ခါးနာခြင်း တစ်ခုခု ကြောင့်ဟုယူဆလျှင် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ရရှိနိုင်သော ကုသမှုများကတော့ ထိရောက်မှုပိုရှိသော အကိုက်အခဲပျောက်ဆေးများ ။ ကြွက်သားများသန်မာ၍ ခန္ဓာကိုယ် အနေအထား မှန်ကန်စေသော လေ့ကျင့် ခန်းများ ။ အကြောအဆစ် တို့ကို လှုပ်ရှားမှုဖြစ်စေသော လေ့ကျင့်ခန်းကုထုံးများ (physiotherapy)။ အပူဓါတ် ရောင်ခြည်တို့ဖြင့်ကုသခြင်း ။ အပ်စိုက်ကုသခြင်း ။ ကျွမ်းကျင်သူတို့၏ ဆွေးနွေးအကြံပေးမှုများရရှိနိုင်ခြင်း။

အလွန်ပြင်းထန်သော ခါးနာ၊ ကျောနာခြင်းများအတွက် ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါသည်။ ကျောရိုးဆစ် ကျွံခြင်း ကြောင့် ခါးနာနေသူများအတွက် Disectomy ဟုခေါ်သော ကျွံနေသော ကျောရိုးဆစ် အပိုင်းတစ်ခု ကို ဖယ်ထုတ်ခြင်း ခွဲစိတ်မှု
အာရုံကြောညပ် ခြင်းကြောင့် နာကျင်နေသူများအတွက် Spinal fusion ဟုခေါ်သော ခွဲစိတ်မှုဖြင့် ကုသနိုင်ပါတယ်။

သို့ရာတွင် ခွဲစိတ်ခြင်းတွင်လည်း ကောင်ကျိုး ရှိသကဲ့သို့ ဆိုးကျိုးလည်းရှိသည်။ ကျောရိုးခွဲစိတ်မှုဖြစ်သည့်အတွက် အာရုံကြောထိခိုက်မှု ရနိုင်ပြီး ထုံခြင်း ကျင်ခြင်းမှ စ၍ အကြောသေသည်အထိ ဖြစ်သွားနိုင်ခြင်းကိုလည်း မခွဲစိတ်မှီ သိရှိထားသင့်ပါတယ်။

Healthcare

Read times
Rate this item
(6 votes)