What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 February 2020 12:38

ခြေတုန်၊ လက်တုန် ဖြစ်ပွားခြင်းမှ လျော့ချနည်း

အကြောင်းမဲ့ ခြေလက်တုန်ခြင်းနဲ့ လူအများစုက ရင်ဆိုင်နေရပါတယ်။ ခြေ ၊ လက် တုန်ခြင်းက ကျား ၊မ ၊အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး အမျိုးသမီး အများစုက မျိုးသာများထက် ဖြစ်ပွားမှုနည်းတဲ့အပြင် ခြေလက်တုန်ခြင်းကို အသက်ကြီးအမျိုးသားများက အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။ ခြေ ၊ လက်တုန်ခြင်းကြောင့် အရာဝတ္ထု များကိုင်တွယ်ရာတွင် အဟန့်အတားဖြစ်စေပါတယ်။ တခါတလေ ခြေလက်တုန်ရခြင်းကြောင့် အသက်အန္တရာယ်ကို ပါထိခိုက်နိုင်တဲ့အတွက် ဂရုစိုက်သင့်ပါတယ်။

 

ခြေလက်တုန်ရခြင်း အကြောင်းရင်း

Parkinson’s Disease - ပါကင်ဆန်ရောဂါဖြစ်ပွားတာ ၊ အရက်အလွန်အကျွံသောက်သုံးတာ၊ ပဋိဇီဝဆေးများအလွန်အကျွံသုံးစွဲတာ ၊ ဦးနှောက်အာရုံကြောဆိုင်ရာပြဿနာ ဖြစ်ပေါ်တာ၊ မျိုးရိုးဗီဇရှိတာ ၊ မွေးရာပါ ၊ အသဲအလုပ်မလုပ်တာ ၊ အာဟာရဓာတ်ချို့တဲ့တာ ၊ ကဖိန်းဓာတ်များတာ၊ စိတ်လှုပ်ရှားတာ၊ ပါကင်ဆန်- ဦးနှောက်ဆဲလ်ပျက်စီးရောဂါရှိတာ ၊ အိပ်ရေးပျက်တာ ၊ ခန္ဓာကိုယ်အချိုဓာတ် လျော့နည်းတာ၊ စိတ်ကျရောဂါ ဖြစ်ပွားတာ စတာတွေကြောင့် ခြေလက်တုန်ရခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

 

Medical Laboratories (ဓာတ်ခွဲစမ်းသပ်ခန်းပေါင်း ၁၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Medical Laboratories

 

ခြေလက်တုန် ဖြစ်ပွားခြင်းမှ လျော့ချနည်း

အရက်သောက်ခြင်းကို ရှောင်ကျဉ်တာ ၊ သွေးပုံမှန်တိုင်း တာ ၊ ခန္ဓာကိုယ်အာဟာရ ရရှိနိုင်သော အစားအသောက်များကို စားသုံးပေးတာ ၊ အမျှင်ဓာတ်ပါတဲ့ အစားအစာများစားပေးတာ ၊ စိတ်ဖိစီးမှုများ လျော့တာ၊ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အဆီဓာတ် နဲ့ ခန္ဓကိုယ်လိုအပ်သော အချိုဓာတ်ပြန်လည်ဖြည့်စီးတာ၊ ပုံမှန်လေ့ကျင့်ခန်းနဲ့ အိပ်ရေး၀၀အိပ်တာ ၊ ကော်ဖီ နှင့် လက်ဖက်များ စားသုံး ခြင်းမှရှောင်ကျဉ်တာ ၊ နှလုံး ၊ အာရုံကြောများကို တစ်နှစ်တစ်ခေါက် စစ်ဆေးပေးတာ ပြုလုပ်ခြင်းဖြင့် ခြေလက်တုန် ဖြစ်ပွားခြင်းမှ လျော့နိုင်ပါတယ်။

 

ခြေလက်တုန်ခြင်းမှ ကုနည်း

ခြေလက်တုန်ခြင်းကို လူတိုင်းကုသမှု ခံယူရန်မလိုအပ်ပါ။ အကြောင်းမဲ့ ခြေလက်ဆက်တိုက်တုန်နေပါက စမ်းသပ်စစ်ဆေးပြီး ဖြစ်ရတဲ့ အကြောင်းရင်းမှ လိုအပ်တဲ့ ကုသမှုမျိုးကို ဆောင်ရွက်နိုင်ပါတယ်။ စိတ်ကျရောဂါကြောင့်ဆိုရင် စိတ်ငြိမ်ဆေး သောက်သုံးတာ ၊ ဦးနှောက် နဲ့ အာရုံကြော ကြောင့်ဆိုရင် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာဆေးဝါးများ သောက်သုံးတာ ၊နှလုံးသွေးကြောင့်ဖြစ်ပေါ်တယ်ဆိုရင် နှလုံး ဆိုင်ရာဆေးများ သောက်သုံးခြင်းဖြင့် ခြေလက်တုန်ခြင်းကို ကုသနိုင်ပါတယ်။

 

ဒီဆေးများဝါးများကို ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးအတည်ပြုပြီး ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း သောက်သုံးခြင်းများကို ပြုလုပ်ပေးပါ။ မိမိဘာသာ ဖြစ်ပေါ်ရတဲ့ အကြောင်းကိုသိရှိမှုမရှိဘဲ ဆေးဝါးများ သောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။

Written By Health Products Directory


(Zawgyi)

=====

ေျခတုန္၊ လက္တုန္ ျဖစ္ပြားျခင္းမွ ေလ်ာ့ခ်နည္း

 

အေၾကာင္းမဲ့ ေျခလက္တုန္ျခင္းနဲ႔ လူအမ်ားစုက ရင္ဆိုင္ေနရပါတယ္။ ေျခ ၊ လက္ တုန္ျခင္းက က်ား ၊မ ၊အသက္အရြယ္မေရြး ျဖစ္ႏိုင္ၿပီး အမ်ိဳးသမီး အမ်ားစုက မ်ိဳးသာမ်ားထက္ ျဖစ္ပြားမႈနည္းတဲ့အျပင္ ေျခလက္တုန္ျခင္းကို အသက္ႀကီးအမ်ိဳးသားမ်ားက အမ်ားဆံုးျဖစ္ပြားေလ့ရွိပါတယ္။ ေျခ ၊ လက္တုန္ျခင္းေၾကာင့္ အရာ၀တၳဳ မ်ားကိုင္တြယ္ရာတြင္ အဟန္႔အတားျဖစ္ေစပါတယ္။ တခါတေလ ေျခလက္တုန္ရျခင္းေၾကာင့္ အသက္အႏၱရာယ္ကို ပါထိခိုက္ႏိုင္တဲ့အတြက္ ဂရုစိုက္သင့္ပါတယ္။

 

ေျခလက္တုန္ရျခင္း အေၾကာင္းရင္း

Parkinson’s Disease - ပါကင္ဆန္ေရာဂါျဖစ္ပြားတာ ၊ အရက္အလြန္အကၽြံေသာက္သံုးတာ၊ ပဋိဇီ၀ေဆးမ်ားအလြန္အကၽြံသံုးစြဲတာ ၊ ဦးေႏွာက္အာရံုေၾကာဆိုင္ရာျပႆနာ ျဖစ္ေပၚတာ၊ မ်ိဳးရိုးဗီဇရွိတာ ၊ ေမြးရာပါ ၊ အသဲအလုပ္မလုပ္တာ ၊ အာဟာရဓာတ္ခ်ိဳ႕တဲ့တာ ၊ ကဖိန္းဓာတ္မ်ားတာ၊ စိတ္လႈပ္ရွားတာ၊ ပါကင္ဆန္- ဦးေႏွာက္ဆဲလ္ပ်က္စီးေရာဂါရွိတာ ၊ အိပ္ေရးပ်က္တာ ၊ ခႏၶာကိုယ္အခ်ိဳဓာတ္ ေလ်ာ့နည္းတာ၊ စိတ္က်ေရာဂါ ျဖစ္ပြားတာ စတာေတြေၾကာင့္ ေျခလက္တုန္ရျခင္းကိုျဖစ္ေပၚေစႏိုင္ပါတယ္။

 

Medical Laboratories (ဓာတ္ခြဲစမ္းသပ္ခန္းေပါင္း ၁၆၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Medical Laboratories

 

ေျခလက္တုန္ ျဖစ္ပြားျခင္းမွ ေလ်ာ့ခ်နည္း

အရက္ေသာက္ျခင္းကို ေရွာင္က်ဥ္တာ ၊ ေသြးပံုမွန္တိုင္း တာ ၊ ခႏၶာကုိယ္အာဟာရ ရရွိႏိုင္ေသာ အစားအေသာက္မ်ားကို စားသံုးေပးတာ ၊ အမွ်င္ဓာတ္ပါတဲ့ အစားအစာမ်ားစားေပးတာ ၊ စိတ္ဖိစီးမႈမ်ား ေလ်ာ့တာ၊ က်န္းမာေရးအတြက္ ေကာင္းမြန္ေစတဲ့ အဆီဓာတ္ နဲ႔ ခႏၶကိုယ္လိုအပ္ေသာ အခ်ိဳဓာတ္ျပန္လည္ျဖည့္စီးတာ၊ ပံုမွန္ေလ့က်င့္ခန္းနဲ႔ အိပ္ေရး၀၀အိပ္တာ ၊ ေကာ္ဖီ ႏွင့္ လက္ဖက္မ်ား စားသံုး ျခင္းမွေရွာင္က်ဥ္တာ ၊ ႏွလံုး ၊ အာရံုေၾကာမ်ားကို တစ္ႏွစ္တစ္ေခါက္ စစ္ေဆးေပးတာ ျပဳလုပ္ျခင္းျဖင့္ ေျခလက္တုန္ ျဖစ္ပြားျခင္းမွ ေလ်ာ့ႏိုင္ပါတယ္။

 

ေျခလက္တုန္ျခင္းမွ ကုနည္း

ေျခလက္တုန္ျခင္းကို လူတုိင္းကုသမႈ ခံယူရန္မလိုအပ္ပါ။ အေၾကာင္းမဲ့ ေျခလက္ဆက္တိုက္တုန္ေနပါက စမ္းသပ္စစ္ေဆးၿပီး ျဖစ္ရတဲ့ အေၾကာင္းရင္းမွ လုိအပ္တဲ့ ကုသမႈမ်ိဳးကို ေဆာင္ရြက္ႏိုင္ပါတယ္။ စိတ္က်ေရာဂါေၾကာင့္ဆိုရင္ စိတ္ၿငိမ္ေဆး ေသာက္သံုးတာ ၊ ဦးေႏွာက္ နဲ႔ အာရံုေၾကာ ေၾကာင့္ဆိုရင္ ဦးေႏွာက္နဲ႔ အာရံုေၾကာဆိုင္ရာေဆး၀ါးမ်ား ေသာက္သံုးတာ ၊ႏွလံုးေသြးေၾကာင့္ျဖစ္ေပၚတယ္ဆိုရင္ ႏွလံုး ဆိုင္ရာေဆးမ်ား ေသာက္သံုးျခင္းျဖင့္ ေျခလက္တုန္ျခင္းကို ကုသႏိုင္ပါတယ္။

ဒီေဆးမ်ား၀ါးမ်ားကို ဆရာ၀န္နဲ႔ စမ္းသပ္စစ္ေဆးအတည္ျပဳျပီး ဆရာ၀န္ရဲ႕ လမ္းညႊန္ခ်က္အတိုင္း ေသာက္သံုးျခင္းမ်ားကို ျပဳလုပ္ေပးပါ။ မိမိဘာသာ ျဖစ္ေပၚရတဲ့ အေၾကာင္းကိုသိရွိမႈမရွိဘဲ ေဆး၀ါးမ်ား ေသာက္သံုးျခင္းမွ ေရွာင္က်ဥ္ပါ။

Written By Health Products Directory

Read times Last modified on Friday, 21 February 2020 13:06
Rate this item
(1 Vote)