What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 March 2020 12:03

HIV ရောဂါအကြောင်း သိကောင်းစရာ

HIV ( Human Immundeficiency Virus ) ရောဂါက ကမ္ဘာတစ်ဝိုင်း တွင်ဖြစ်ပွားနေတဲ့ ရောဂါတစ်ခုဖြစ်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးနေရပါတယ်။

HIV ရောဂါက လူမှလူကိုပြန့်နှံ့ ကူးစက်သောရောဂါ တစ်မျိုးလည်းဖြစ်ပါတယ်။ ယခုတိုင် HIV ရောဂါကိုကုသဖိုဆေးဝါးကလည်း မရှိတေးပါ ။

 

ဒါအပြင် HIV ရောဂါက လိင်ဆက်ဆံခြင်း ၊ ဆေးထိုးအပ် မျှသုံးတာ ၊ ဆေးမင်ကြောင်ထိုးတာ ၊ အပ်စိုက်ကုတာ စသည်မှ ကူးစက်နိုင်ပြီး HIV ရောဂါက သွေးကနေ ကူးဆက်နိုင်တဲ့ ရောဂါတစ်မျိုးလည်းဖြစ်တဲ့အတွက် HIV ရောဂါဝေသနာရှင် နှင့် ထိတွေ့ယုံဖြင့် မကူးစက်နိုင်ပါ။ ဒါအပြင် HIV ရောဂါပိုးများကြောင့် AIDS ရောဂါပိုးများ ဝင်ရောက်ကူးစက်နိုင်ပါတယ်။

 

HIV ရောဂါဆိုတာ ခန္ဓာကိုယ်အတွင်းခုခံအားစနစ်ကိုလျော့ချ စေတဲ့ Virus တစ်မျိုးဖြစ်ပြီး လူမှလူ ကိုသာကူးစက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါအပြင် ကိုယ်ဝန်ဆောင်မိခင်မှ ကလေးကို ကူးစက်နိုင်ပါတယ်။ HIV -1 နဲ့ HIV- 2 ဆိုပြီးအမျိုးအစားနှစ်မျိုးခွဲခြားထားကာ HIV -1 က အသက်အန္တာရာယ်အရှိဆုံး ကူးစက်ရောဂါဖြစ်ပါတယ်။

 

HIV ရောဂါ လက္ခဏာများ

အဖျားတက်တာ၊ မောပန်းတာ၊ ကြွက်သား နဲ့ အဆစ်များနာကျင်ကိုက်ခဲတာ ၊ လည်ချောင်းနာတာ ၊ခေါင်းကိုက်တာ၊ အရေးပြား အဖုအပိန့်များထွက်ပေါက်လာတာ၊ ပျိုအန် ပြီးဝမ်းသွားတာ၊ ကိုယ်အလေးချိန်ကျလာတာ ၊ ချောင်းခြောက်ဆိုးတာ၊ ညဘက်ချွေးအလွန်ထွက်တာ ၊ လက်သည်းခြေသည်း အရောင်ပြောင်းလဲတာ၊ ရေယိုပေါက်တာ ၊ ဓမ္မတာမမှန်တာ၊ ခြေလက်ထုံကျဉ်တာ ၊ ခန္ဓာကိုယ်ခုခံအားနည်းလာတာ နဲ့ အားအင်ကုန်ခံလာတာ စတဲ့ လက္ခဏာများ ဖြစ်ပေါ်လာပါတယ်။

 

Medical Laboratories (ဓာတ်ခွဲစမ်းသပ်ခန်းပေါင်း ၁၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Medical Laboratories

 

HIV ရောဂါ ကြိုတင်ကာကွယ်ခြင်း

ဆေးထိုးအပ် အတူရောသုံးခြင်းမှ ရှောင်ကျဉ်တာ ၊ ဆေးမင်ကြောင်ထိုးခြင်းမှ ရှောင်ကျဉ်တာ ၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမှရှောင်ကျဉ်တာ၊ လိင်ဆက်ဆံဖက် တစ်ဦးထက် မပိုရန် နဲ့ လိင်ဆက်ဆံရာတွင် ကွန်တုံးအသုံးပြုတာ၊ ရောဂါပိုးရှိသူ၏ သွေးများထိတွေ့ခြင်းမှ ရှောင်ကျဉ်တာခြင်းဖြင့် HIV ရောဂါကူးဆက် ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။


HIV ရောဂါကုသနည်း

HIV ရောဂါကိုပျောက်ကင်းနိုင်တဲ့ ဆေးဝါးများ ယခုတိုင်မရှိတေးပါ။ သို့ပေမဲ့ HIV ရောဂါကိုထိန်ချုပ်တဲ့ ဆေးနဲ့ ၊ တစ်ခြားရောဂါပိုးများ ဝင်ရောက်ခြင်းမရှိအောင် ကာကွယ်ဆေးထိုးတာ၊ HIV ရောဂါပိုး အရေအတွက်လျော့ချပေးတဲ့ ဆေးအသုံးပြုတာ စတဲ့နည်းလမ်းများဖြင့်တာ HIV ရောဂါကို သက်သာအောင်ကုသနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====



 


 


 


 

HIV ရောဂါ လက္ခဏာများ


 



 




HIV ရောဂါကုသနည်း



Read times
Rate this item
(1 Vote)