What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 14:26

ဆီး အနံ့ က ကော်ဖီ အနံ့ သင်းနေပြီလား...

ဆီးသွားတဲ့အခါ ပုံမှန်ဆီးအနံ့မဟုတ်ဘဲ ကော်ဖီနံ့ထွက်လာရင် အရမ်းကြီး ကျေနပ်ဝမ်းမြောက်မနေပါနဲ့ဦး။ သာမန်ဖြစ်စဉ်တစ်ခုလည်းဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတစ်စုံတစ်ရာကြောင့်ဖြစ်နိုင်တာကိုလည်း သတိထားဖို့လိုပါတယ်။ ကော်ဖီနံ့ဘာကြောင့်ထွက် ဆီးဟာ ခန္ဓာကိုယ်ကနေ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို အရည်အဖြစ်နဲ့ စွန့်ထုတ်တဲ့ စွန့်ပစ်ပစ္စည်းပါ။ ဘာကြောင့်ကော်ဖီနံ့ထွက်ရသလဲဆိုတာ လေ့လာကြည့်ရအောင်။

 

ကော်ဖီအသောက်များခြင်း

ဒါကတော့ သိပ်ကို သိသာထင်ရှားလှတဲ့အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ ကဖိန်းဓာတ်ဟာ ဆီးရွှင်စေပါတယ်။ ပြီးတော့ သောက်ပြီးချိန်မှာ ခန္ဓာကိုယ်က အလျင်မှီအောင် ပြည့်ပြည့်ဝဝ ခြေဖျက်နိုင်ခြင်းမရှိတာလည်း ဖြစ်နိုင်ပါတယ်။

 

ဒီတော့ ခန္ဓာကိုယ်ဟာ အထဲမှာရှိတဲ့ ကဖိန်းပမာဏကို ထိန်းညှိဖို့အတွက် ရှိနေတဲ့ ကဖိန်းတစ်ချို့ကို ကျောက်ကပ်ကနေ အညစ်အကြေးအဖြစ် စွန့်ထုတ်လိုက်ရာက ဆီးဟာ ကော်ဖီနံ့သင်းသွားတာပဲ ဖြစ်ပါတယ်။ ကော်ဖီပမာဏအမြောက်အမြားသောက်လိုက်ပြီးချိန်မှာ ကဖိန်းဓာတ်တွေကြောင့် ဆီးဟာ ကော်ဖီနံ့ရနေတာပါ။

 

ရေဓာတ်ချို့တဲ့ခြင်း

တစ်နေကုန်ရေကောင်းကောင်းမသောက်ဘူးဆိုရင် ခန္ဓာကိုယ်က ရေကို ရနိုင်သမျှများများ မစွန့်ထုတ်ပစ်အောင် ဆွဲထားတတ်ပါတယ်။ အဲဒါရဲ့ရလဒ်အဖြစ် ဆီးသွားနည်းသွားပြီး ဆီးသိပ်သည်းဆပိုများ/ ပိုပျစ်လာပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ရှိနေအောင် ဆွဲထားလို့ပါ။ ဒီလိုအနေအထားမှာ ဆီးဟာ အရောင်ရင့်နေမှာဖြစ်ပြီး အနံ့ကလည်း ပြင်းနေမှာပါ။ တစ်ချို့တွေအတွက်တော့ အဲဒီအနံ့စူးစူးဟာ ကော်ဖီနံ့လိုဖြစ်နေမှာပါ။

 

ဆီးထွက်ရှိမှုအပေါ် ကဖိန်းဓာတ်ရဲ့ အကျိုးသက်ရောက်မှု ဆီးရွှင်စေသောဂုဏ်သတ္တိ- ကဖိန်းမှာ ဆီးရွှင်စေတဲ့ဂုဏ်သတ္တိနည်းနည်းရှိတာကြောင့် ကော်ဖီသောက်ပြီးရင် ဆီးသွားချင်တတ်လာပါတယ်။ ကဖိန်းဟာ ကျောက်ကပ်ကိုလျှောက်တဲ့ သွေးထုထည်ပမာဏကို မြှင့်တင်ပေးနိုင်စွမ်းရှိခြင်း၊ ဆီးအိမ်ကြွက်သားတွေကို ပြေလျော့စေခြင်းနဲ့ ကျောက်ကပ်အတွင်းရှိ သွေးကြောမျှင်လေးတွေရဲ့ သွေးဖိအားကို မြှင့်တင်ပေးနိုင်စွမ်းရှိခြင်းတွေကြောင့် ဆီးရွှင်ရတာဖြစ်ပါတယ်။

 

သိပ်သည်းဆကို ပြောင်းလဲစေခြင်း

ကဖိန်းဟာ ဆိုဒီယံ အိုင်ယွန်းစွန့်ထုတ်မှုကို တားဆီးပေးတာကြောင့် သွေးထဲမှာ ဆိုဒီယံဓာတ်တွေများများရှိနေစေခြင်းက ဆီးရဲ့ သိပ်သည်းဆကို ပိုစေပါတယ်။

 

အရောင်နဲ့အနံ့ပြောင်းလဲခြင်း

သိပ်သည်းဆများတဲ့ဆီးထဲမှာ ယူရီးယား၊ အမိုးနီးယားနဲ့ တခြားပေါင်းစပ်စွန့်ပစ္စည်းတွေ ပြွတ်သိပ်ပါဝင်နေတတ်ပါတယ်။ အဲဒီဟာတွေကြောင့် ဆီးဟာ အရောင်ရင့်နေပြီး အနံ့ပြင်းမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆီးကကော်ဖီနံ့ထွက်နေပါက ကော်ဖီသောက်တာလျှော့ပြီး ရေပိုသောက်ပေးပါ။ ဒီလိုတွေလိုက်နာတာတောင် ဆီးအနံ့က ရှိနေတုန်းပဲဆိုရင် တတ်ကျွမ်းသူနဲ့ တိုင်ပင်ပါ။

 

ဒေါက်တာချစ်ဆွေ

Read times Last modified on Wednesday, 29 July 2020 14:32
Rate this item
(1 Vote)