What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 January 2020 17:15

အသည်းခြောက် ရောဂါ (Cirrhosis ) ဖြစ်စေသည့်အရာများ

အသည်းခြောက်ရောဂါ ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။

အ့ဒါတွေကတော့ ရေရှည်အရက်သောက်သုံးခြင်း ၊ အသည်းရောင်အသားဝါ ဘီ၊ စီ နှင့် ဒီ ၊ မိမိကိုယ်ကိုပြန်တိုက်သည့် ခုခံအားကြောင့်ဖြစ်သော အသည်းရောင်ရောဂါ ၊ ခန္ဓာကိုယ်အတွင်း သံဓာတ်များစုပုံခြင်း ၊ အသည်းအတွင်း ကြေးနီဓာတ်များစုပုံခြင်းကြောင့်ဖြစ်ပေါ်သော ဝီလ်ဆင်ရောဂါ ၊ သည်းခြေပြွှန်ပိတ်ခြင်း - သည်းခြေရည် အသည်းတွင်များလာပြီး အသည်းအမာရွတ်ဖြစ်ကာ အသည်းခြောက်သွားခြင်း ၊ အသည်းအဆီဖုံးခြင်း - နာတာရှည် အသည်းရောင်ရမ်းခြင်းကိုဖြစ်စေပြီး အသည်းခြောက်စေပါတယ်။

 

အချို့ဆေးဝါးများကို ရေရှည်သောက်သုံးခြင်း ၊ အဆိပ်အတောက်များကို ရေရှည်ထိတွေ့မှုရှိခြင်း ၊ မကြာခဏ နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း တို့ကြောင်းလည်း အသည်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အသည်းခြောက်ရောဂါလက္ခဏာများ

 

လူနာအတော်များများတွင် အသည်းခြောက်ရောဂါသည် လက္ခဏာမပြခြင်း သို့မဟုတ် အနည်းငယ်သာပြခြင်းတို့ ဖြစ်တတ်သော်လည်း ရောဂါ၏ပြောင်းလဲဆိုးရွားလာမှုအပေါ်မူတည်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ပါသည်။ ထိုသို့လက္ခဏာများ ပြသသည့်အခါတွင် ဖြစ်နိုင်သည်များမှာ မောပန်းခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ပြီး အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း ၊ အမျိုးသမီးများတွင် ရာသီမမှန်ခြင်း၊ အမျိုးသားများတွင် ရင်သားကြီးလာခြင်းနှင့် လိင်စိတ်ပျောက်ခြင်း ၊ အယ်လ်ဗျူမင် ပမာဏလျော့ကျမှုကြောင့် ခြေထောက်များ သို့မဟုတ် ဝမ်းဗိုက်တွင်ဖောရောင်ခြင်းနှင့် ရေများစုဝေးခြင်း ၊ သွေးတိတ်ခြင်းအတွက်လိုအပ်သော ပရိုတင်းဓာတ်များ လျော့ကျမှုကြောင့် အလွယ်တကူ သွေးခြေဥခြင်း သို့မဟုတ် သွေးထွက်ခြင်း ၊ မယ်လနင်ဓာတ်စုဝေးမှုကြောင့် အသားနှင့်မျက်စိများဝါခြင်း ၊ အရေပြားတွင်သည်းခြေမှထွက်သောဓာတ်များစုဝေးမှုကြောင့် အရေပြားအလွန်ယားယံခြင်း ၊ အသည်းမှ အဆိပ်အတောက်များကို ထိရောက်စွာမစွန့်ထုတ်နိုင်တော့သောကြောင့် သွေးထဲတွင် အဆိပ်အတောက်များ စုပုံစေပြီး အာရုံစူးစိုက်မှုအားနည်းလာခြင်း သို့မဟုတ် မေ့လျော့ခြင်း စသဖြင့် စိတ်မူမမှန်ခြင်းများကို ဖြစ်ပေါ်စေပါတယ်။

 

ဆေးဝါးများကို အသည်းမှပုံမှန်အတိုင်း ကောင်းစွာမစစ်ထုတ်နိုင်တော့သည့်အတွက် ဆေးဒဏ်မခံနိုင်တော့ဘဲ တခါတရံတွင် ခန္ဓာကိုယ်ထဲ၌ဆေးဝါးများစုပုံလာပြီး ဆေးဝါးများ၏ အာနိသင်များပိုလျှံမှုဖြစ်တတ်ပါတယ်။ သွေးစီးဆင်းမှုပုံမမှန်သောကြောင့် အစာအိမ်ထဲတွင် သို့မဟုတ် အစာရေမျိုပြွှန်တွင် အလွန်အမင်းသွေးယိုစိမ့်ခြင်းကိုဖြစ်စေသည်။ ထိုအခါမျိုးတွင် အသက်အန္တရာယ်များကာ ချက်ခြင်းကုသမှုခံယူရန်လိုအပ်ပါတယ်။

 

ကုသမှု၏ရည်ရွယ်ချက်မှာ အသည်းတွင် အမာရွတ်ပိုမိုကြီးထွားလာမှုနှေးကွေးစေရန် နှင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန် နဂိုရှိနေသော ရောဂါအခြေအနေကို ကုသရေးဖြစ်ပါတယ်။ ဆရာဝန်များသည် ဖြစ်ပွားနေသော အခြေအနေကို ကုသပေးပြီး လူနာများသည် မိမိတို့၏အသည်းကို ပျက်စီးစေနိုင်သော ထပ်မံထိခိုက်မှုမရှိစေရန် ဂရုစိုက်ရမည်မှာ ဖြစ်ပါတယ်။

 

အသည်းခြောက်ရောဂါကုသရေးနှင့် နောက်ဆက်တွဲပြဿနာများဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် အကြံပေးချက်များကတော့ အရက်သောက်သုံးခြင်းမှ ရပ်ပါ။ အသည်းကို ပိုမိုထိခိုက်မှုဖြစ်စေသည့် ဆေးဝါးနှင့်အစားအစာများကို ရှောင်ကျဉ်ပါ။ ဘတ်တီးရီးယားပိုးကူးစက်စေတတ်သည့်အတွက် အစားအစာအစိမ်းများ အထူးသဖြင့် ပင်လယ်စာအစိမ်းများကို စားသုံးခြင်းမှ ရှောင်ကျဉ်ပါ။ သင့်တော်သော ပရိုတင်းပမာဏကို စားသုံးပါ။ ငါးကဲ့သို့ အဆီနည်းပရိုတင်း သို့မဟုတ် ပဲပုပ်ကဲ့သို့သော ပဲမှရသည့်ပရိုတင်းများကို ရွေးချယ်ပါ။

 

ခြေထောက်များနှင့် ဝမ်းဗိုက်တွင် ဖောရောင်မှုရှိပါက အစားအစာများတွင် ဆားထည့်စားသောက်ခြင်းမှ ရှောင်ကျဉ်ပါ။ အသည်းရောင်အသားဝါရောဂါ အေနှင့်ဘီ၊ တုပ်ကွေးရောဂါ၊ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများထိုးပါ။ အဘယ်ကြောင့်ဆိုသော် အသည်းခြောက်ရောဂါရှိသောသူသည် ရောဂါပိုးများကို ပြန်လည်တိုက်ထုတ်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။ ရောဂါအခြေအနေကို သုံးသပ်စောင့်ကြည့်ရန်အတွက် ဆရာဝန်နှင့်ပြသပါ။

 

Bumrungrad

{Zawgyi}

======

အသည္းေျခာက္ ေရာဂါ (Cirrhosis ) ျဖစ္ေစသည့္အရာမ်ား

 

အသည္းေျခာက္ေရာဂါ ျဖစ္ေစတဲ့ အေၾကာင္းအရာေတြ အမ်ားႀကီးရွိပါတယ္။ အ့ဒါေတြကေတာ့ ေရရွည္အရက္ေသာက္သုံးျခင္း ၊ အသည္းေရာင္အသားဝါ ဘီ၊ စီ ႏွင့္ ဒီ ၊ မိမိကိုယ္ကိုျပန္တိုက္သည့္ ခုခံအားေၾကာင့္ျဖစ္ေသာ အသည္းေရာင္ေရာဂါ ၊ ခႏၶာကိုယ္အတြင္း သံဓာတ္မ်ားစုပုံျခင္း ၊ အသည္းအတြင္း ေၾကးနီဓာတ္မ်ားစုပုံျခင္းေၾကာင့္ျဖစ္ေပၚေသာ ဝီလ္ဆင္ေရာဂါ ၊ သည္းေျခႁပႊန္ပိတ္ျခင္း - သည္းေျခရည္ အသည္းတြင္မ်ားလာၿပီး အသည္းအမာ႐ြတ္ျဖစ္ကာ အသည္းေျခာက္သြားျခင္း ၊ အသည္းအဆီဖုံးျခင္း - နာတာရွည္ အသည္းေရာင္ရမ္းျခင္းကိုျဖစ္ေစၿပီး အသည္းေျခာက္ေစပါတယ္။

 

အခ်ိဳ႕ေဆးဝါးမ်ားကို ေရရွည္ေသာက္သုံးျခင္း ၊ အဆိပ္အေတာက္မ်ားကို ေရရွည္ထိေတြ႕မႈရွိျခင္း ၊ မၾကာခဏ ႏွလုံးေကာင္းစြာအလုပ္မလုပ္ျခင္း တို႔ေၾကာင္းလည္း အသည္းေျခာက္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

အသည္းေျခာက္ေရာဂါလကၡဏာမ်ား

 

လူနာအေတာ္မ်ားမ်ားတြင္ အသည္းေျခာက္ေရာဂါသည္ လကၡဏာမျပျခင္း သို႔မဟုတ္ အနည္းငယ္သာျပျခင္းတို႔ ျဖစ္တတ္ေသာ္လည္း ေရာဂါ၏ေျပာင္းလဲဆိုး႐ြားလာမႈအေပၚမူတည္၍ ေနာက္ဆက္တြဲျပႆနာမ်ား ျဖစ္ေပၚပါသည္။ ထိုသို႔လကၡဏာမ်ား ျပသသည့္အခါတြင္ ျဖစ္ႏိုင္သည္မ်ားမွာ ေမာပန္းျခင္း၊ ပ်ိဳ႕အန္ခ်င္စိတ္ျဖစ္ၿပီး အစာစားခ်င္စိတ္မရွိျခင္း၊ ကိုယ္အေလးခ်ိန္ေလ်ာ့က်ျခင္း ၊ အမ်ိဳးသမီးမ်ားတြင္ ရာသီမမွန္ျခင္း၊ အမ်ိဳးသားမ်ားတြင္ ရင္သားႀကီးလာျခင္းႏွင့္ လိင္စိတ္ေပ်ာက္ျခင္း ၊ အယ္လ္ဗ်ဴမင္ ပမာဏေလ်ာ့က်မႈေၾကာင့္ ေျခေထာက္မ်ား သို႔မဟုတ္ ဝမ္းဗိုက္တြင္ေဖာေရာင္ျခင္းႏွင့္ ေရမ်ားစုေဝးျခင္း ၊ ေသြးတိတ္ျခင္းအတြက္လိုအပ္ေသာ ပ႐ိုတင္းဓာတ္မ်ား ေလ်ာ့က်မႈေၾကာင့္ အလြယ္တကူ ေသြးေျခဥျခင္း သို႔မဟုတ္ ေသြးထြက္ျခင္း ၊ မယ္လနင္ဓာတ္စုေဝးမႈေၾကာင့္ အသားႏွင့္မ်က္စိမ်ားဝါျခင္း ၊ အေရျပားတြင္သည္းေျခမွထြက္ေသာဓာတ္မ်ားစုေဝးမႈေၾကာင့္ အေရျပားအလြန္ယားယံျခင္း ၊ အသည္းမွ အဆိပ္အေတာက္မ်ားကို ထိေရာက္စြာမစြန႔္ထုတ္ႏိုင္ေတာ့ေသာေၾကာင့္ ေသြးထဲတြင္ အဆိပ္အေတာက္မ်ား စုပုံေစၿပီး အာ႐ုံစူးစိုက္မႈအားနည္းလာျခင္း သို႔မဟုတ္ ေမ့ေလ်ာ့ျခင္း စသျဖင့္ စိတ္မူမမွန္ျခင္းမ်ားကို ျဖစ္ေပၚေစပါတယ္။

 

ေဆးဝါးမ်ားကို အသည္းမွပုံမွန္အတိုင္း ေကာင္းစြာမစစ္ထုတ္ႏိုင္ေတာ့သည့္အတြက္ ေဆးဒဏ္မခံႏိုင္ေတာ့ဘဲ တခါတရံတြင္ ခႏၶာကိုယ္ထဲ၌ေဆးဝါးမ်ားစုပုံလာၿပီး ေဆးဝါးမ်ား၏ အာနိသင္မ်ားပိုလွ်ံမႈျဖစ္တတ္ပါတယ္။ ေသြးစီးဆင္းမႈပုံမမွန္ေသာေၾကာင့္ အစာအိမ္ထဲတြင္ သို႔မဟုတ္ အစာေရမ်ိဳႁပႊန္တြင္ အလြန္အမင္းေသြးယိုစိမ့္ျခင္းကိုျဖစ္ေစသည္။ ထိုအခါမ်ိဳးတြင္ အသက္အႏၲရာယ္မ်ားကာ ခ်က္ျခင္းကုသမႈခံယူရန္လိုအပ္ပါတယ္။

 

ကုသမႈ၏ရည္႐ြယ္ခ်က္မွာ အသည္းတြင္ အမာ႐ြတ္ပိုမိုႀကီးထြားလာမႈေႏွးေကြးေစရန္ ႏွင့္ ျဖစ္ေပၚလာႏိုင္ေသာ ေနာက္ဆက္တြဲျပႆနာမ်ားကို ကာကြယ္ႏိုင္ရန္ နဂိုရွိေနေသာ ေရာဂါအေျခအေနကို ကုသေရးျဖစ္ပါတယ္။ ဆရာဝန္မ်ားသည္ ျဖစ္ပြားေနေသာ အေျခအေနကို ကုသေပးၿပီး လူနာမ်ားသည္ မိမိတို႔၏အသည္းကို ပ်က္စီးေစႏိုင္ေသာ ထပ္မံထိခိုက္မႈမရွိေစရန္ ဂ႐ုစိုက္ရမည္မွာ ျဖစ္ပါတယ္။

 

အသည္းေျခာက္ေရာဂါကုသေရးႏွင့္ ေနာက္ဆက္တြဲျပႆနာမ်ားျဖစ္ပြားျခင္းမွ ကာကြယ္ရန္အတြက္ အႀကံေပးခ်က္မ်ားကေတာ့ အရက္ေသာက္သုံးျခင္းမွ ရပ္ပါ။ အသည္းကို ပိုမိုထိခိုက္မႈျဖစ္ေစသည့္ ေဆးဝါးႏွင့္အစားအစာမ်ားကို ေရွာင္က်ဥ္ပါ။ ဘတ္တီးရီးယားပိုးကူးစက္ေစတတ္သည့္အတြက္ အစားအစာအစိမ္းမ်ား အထူးသျဖင့္ ပင္လယ္စာအစိမ္းမ်ားကို စားသုံးျခင္းမွ ေရွာင္က်ဥ္ပါ။ သင့္ေတာ္ေသာ ပ႐ိုတင္းပမာဏကို စားသုံးပါ။ ငါးကဲ့သို႔ အဆီနည္းပ႐ိုတင္း သို႔မဟုတ္ ပဲပုပ္ကဲ့သို႔ေသာ ပဲမွရသည့္ပ႐ိုတင္းမ်ားကို ေ႐ြးခ်ယ္ပါ။

 

ေျခေထာက္မ်ားႏွင့္ ဝမ္းဗိုက္တြင္ ေဖာေရာင္မႈရွိပါက အစားအစာမ်ားတြင္ ဆားထည့္စားေသာက္ျခင္းမွ ေရွာင္က်ဥ္ပါ။ အသည္းေရာင္အသားဝါေရာဂါ ေအႏွင့္ဘီ၊ တုပ္ေကြးေရာဂါ၊ အဆုတ္ေရာင္ေရာဂါ ကာကြယ္ေဆးမ်ားထိုးပါ။ အဘယ္ေၾကာင့္ဆိုေသာ္ အသည္းေျခာက္ေရာဂါရွိေသာသူသည္ ေရာဂါပိုးမ်ားကို ျပန္လည္တိုက္ထုတ္ရန္ ခက္ခဲေသာေၾကာင့္ျဖစ္သည္။ ေရာဂါအေျခအေနကို သုံးသပ္ေစာင့္ၾကည့္ရန္အတြက္ ဆရာဝန္ႏွင့္ျပသပါ။

 

Bumrungrad

Read times
Rate this item
(0 votes)