What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 December 2020 12:03

လျှာကင်ဆာအကြောင်း သိထားစရာ

လျှာကင်ဆာဆိုသည်မှာ လျှာ၏ အရှေ့သို့မဟုတ် အနောက်ဘက်တွင် ကင်ဆာအကျိတ်ဖြစ်တည်ခြင်းကို ဆိုလိုပါတယ်။ လျှာအရှေ့ဘက်ကင်ဆာဖြစ်လျှင် စကားပြောရခက်ခဲပြီး လျှာအနောက်ဘက်ကင်ဆာဖြစ်လျှင် အစာမျိုရန်ခက်ခဲပါတယ်။

 

လျှာကင်ဆာဖြစ်ခါစတွင် ကုသပျောက်ကင်းနိုင်သော်လည်း စဦးပိုင်းကာလမှာ ထိရောက်စွာ ကုသမှုမရှိခဲ့ပါက ခံတွင်း၊ လည်ချောင်း၊ မေးရိုး၊ လည်ပင်း စသည့် အစိတ်အပိုင်းများသာမက အသည်း၊ အဆုတ်၊ တင်ပဆုံရိုးတို့အထိပါ ကင်ဆာဆဲလ်များ လျင်မြန်စွာ ပြန့်ပွားလာစေနိုင်ပါတယ်။

 

လျှာကင်ဆာ လက္ခဏာများ

လျှာ၏ အရှေ့ပိုင်းသုံးပုံ နှစ်ပုံ သို့မဟုတ် လျှာ၏အနောက်ဘက်ပိုင်း သုံးပုံတစ်ပုံခန့်နေရာများ၊ သွားနှင့်ကပ်လျက် လျှာဘေး ပတ်လည်များတွင်အနီ သို့မဟုတ် အဖြူအကွက်များ ပေါ်လာခြင်း။ အချိန်ကြာလာသည်နှင့်အမျှ အနီ၊ အဖြူအစက် အပြောက်များပိုပွားလာကာ နာကျင်စွာခံစားရခြင်း။ မတော်တဆလျှာကိုက်မိခြင်းမရှိ ပါဘဲ၊ အလိုအလျောက်လျှာရောင် ရမ်းနာကျင်လာခြင်း။ အချိန် ကြာမြင့်စွာ လည်ချောင်းနာသော်လည်း ကောင်းစွာကုသမှုမခံယူခဲ့ခြင်း။ အစာဝါး စားခြင်းနှင့် မျိုချသည့်အခါတိုင်း မခံရပ်နိုင်အောင်နာကျင်၍ ခက်ခဲစွာခံစားရခြင်း။

 

အစာဝါးခြင်း၊ ရေသောက်ခြင်းနှင့် မျိုချသည့်အခါတိုင်း လျှာပေါ်ရှိအဖုများမှ သွေးယို စီးခြင်း သို့မဟုတ် သူ့အလိုလို အကြောင်းမဲ့ လျှာပေါ်မှသွေးစိမ့်ထွက်ခြင်း။ မကြာခဏ လျှာထုံခြင်း။ လူနာအနည်းစုတွင် နားအတွင်းပိုင်း ကိုက်ခဲလာခြင်း။ လည်ပင်းအကျိတ်ကြီးထွားရောင်ရမ်း၍ သိသိသာသာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းလာ ခြင်း။လည်ချောင်းထဲ တစ် ဆို့ဆို့ဝေဒနာ ခံစားနေရခြင်း။ပုံမှန်အတိုင်း လျှာကိုကွေးခေါက်၍ မရတော့ဘဲ၊ လျှာတစ်ပြင်လုံး တောင့်တင်းမာကျောလာခြင်း။

 

လျှာကင်ဆာ ဘာကြောင့်ဖြစ်တာလဲ

ဆေးလိပ်အလွန်အကျွံသောက်ခြင်း။ ဆေးရွက်ကြီးငုံလေ့ရှိခြင်း။ ကွမ်းသီးအလွန် အကျွံဝါးခြင်း။ ပွက်ပွက်ဆူသောဟင်းချိုများနှင့်အလွန်အမင်းပူလောင်သော၊ ပူစပ်သောအစားအစာများ စားသောက်ခြင်း။ မျိုးရိုး ဗီဇလိုက်ခြင်း။ အရက် အလွန်အကျွံသောက်ခြင်း။ အာဟာရချို့တဲ့ခြင်း။ သွေး အားနည်းရောဂါ။ ရောဂါရှိသူ အဖော်နှင့်သဘာဝလိင်ဆက်ဆံမှု မျိုးမဟုတ်ဘဲ လျှာဖြင့်ဆက်ဆံ ခြင်းကြောင့် HPV ကူးစက်ပိုး ရောဂါစွဲကပ်ခြင်း။ လျှာအက်စစ်အထွက်များခြင်း။ Graft Versus Host Disease (ခေါ်) ဖြစ်တောင့်ဖြစ်ခဲဘေးဥပဒ် ဖြစ်စေသည့် ဆဲလ်များပြန့်ပွားသည့် ရောဂါစွဲကပ်ခြင်း။ သွားဖြင့် မကြာခဏကိုက်မိခြင်း။ အကြောင်းအမျိုးမျိုးကြောင့် ဓာတုဓာတ်ပေါင်းပစ္စည်းများဖြင့် လျှာကိုထိမိခြင်းစသည်တို့ဖြစ်သည်။

 

အကောင်းဆုံးအစာ

သင့်တင့်လျောက်ပတ်သော ကယ်လိုရီနှင့်အာဟာရစားသုံးခြင်းဖြင့် လျှာကင်ဆာကုထုံးကို တစ်ဖက် တစ်လမ်းမှ ကောင်းကျိုးပြုနိုင်ပါတယ်။ လျှာခွဲစိတ်ပြီး လူနာများအတွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အဆီနည်းသောအသား၊ အဆီထုတ်ပြီး နွားနို့၊ ဂျုံကြို၊ ဆန်ပြုတ်၊ ပြောင်းဖူးဆန် ပြုတ်တို့ စားပေးသင့်ပါတယ်။

 

အထူးသဖြင့်ဓာတ်ရောင်ခြည်နည်းဖြင့် ကုသခံလူနာများတွင် လျှာရောင် ကိုင်း၍ ကွဲစပ်ခြင်း၊ ခံတွင်းနှင့် လည်ချောင်းတို့ခြောက်သွေ့ခြင်းမှ သက်သာစေရန် တစ်နေ့လျှင် သောက်ရေသန့် ၄၈အောင်စမျှ သောက်သင့်ပြီး ၊အချိုရည်၊ ဟင်းချို၊ စွပ်ပြုတ်နှင့်ရေခဲမုန့်တို့စား ပေးသင့်ပါတယ်။ အစာမျိုချရန် လွယ်ကူစေရန်အတွက် ကရင်မ် (သို့မဟုတ်) ဆီပါသောဟင်းရွက် သုပ်စားပေးနိုင်ပါတယ်။

Read times
Rate this item
(4 votes)