What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 December 2020 11:14

အသည်းရောဂါကို ဖြစ်စေနိုင်သာ အကျင့်ဆိုးများ

မှန်ကန်သော နေထိုင်စားသောက်မှု မရှိခြင်းဟာ မိမိအတွက် ရောဂါတွေကို မွေးမြူထားသလို ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် မှန်ကန်သော နေထိုင်စားသောက်မှု ရှိအောင် ကြိုးစားနေထိုင် စေလိုပါတယ်။

 

ညအိပ်ယာဝင် နောက်ကျပြီး နံနက်အိပ်ယာထ နောက်ကျခြင်းဟာ အဓိက အကျင့်ဆိုး ဖြစ်ပါတယ် ။ (ည ၁၀ နာရီ မနက် ၅ နာရီ မှန်ကန်သော အိပ်ချိန်)

 

မနက်စာကို မစားဘဲ နေခြင်း။ မနက်အိပ်ယာထလျှင် ကြင်ငယ်ရည်ကို မသွားဘဲ ချုပ်ထိန်းထားခြင်း။- အလွန်အကျွံ စားခြင်း။ (ပုံမှန်စားတာထက် တစ်ခါတစ်လေမှာ မိမိဝမ်းဗိုက်ထက် မဆံ့အောင်စားခြင်းကို ဆိုလိုပါတယ်)

 

ဆေးဝါးများကို အလွန်အကျွံ မှီဝှဲနေခြင်း။ (ဆေးဝါး ဆိုတာက မိမိခန္ဓာကိုယ်မှာ လိုအပ်တဲ့ အချိန် မှီဝှဲတာဟာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အနည်းငယ် နေမကောင်းဖြစ်ရုံမျှဖြင့် ဆေးဝါးများကို အလွန်အကျွံ မမှီဝှဲသင့်ပါ)။

 

သဘာဝက ဖြစ်ပေါ်လာသော အစားအစာ မဟုတ်ဘဲ အတုလုပ်ထားသော အစားအစာများ၊ Date ကျော်နေသော အစားအစာများ၊ ပိုးသတ်ဆေးများ အသုံးပြုထားသော အစားအစာများ ကိုစားသုံးနေခြင်း။ ( ယနေ့ခေတ်မှာ အဲလိုမျိုး အစားအစာတွေကို မလွဲမရှောင်လို့ စားသုံးနေလို့ ရတယ်ဆိုရင် ၎င်းအသီးအရွက်များကို ရေနွေးစူစူဖြင့် အရင်စိမ်ပြီး စားသုံးပါလို့ အကြံပေးပါရစေ)။

 

အရက်များ အလွန်အကျွံသောက်ခြင်း။ အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ချက်ပြုတ်စားသောက်မှု မပြုခြင်း။ (အထူးသဖြင့် ဆီများကို အလွန်အကျွံစားသုံးခြင်း ဖြစ်ပါတယ်)။

 

နောက်ဆုံး အကျင့်ဆိုးကတော့ အထိုင်များသူ ဖြစ်ပါလျက် ကိုယ်လက် လေ့ကျင့်ခန်း ဘာမှမလုပ်ခြင်း ဖြစ်ပါတယ်။ (မိမိဟာ နေ့စဉ်နေ့တိုင်း ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်သူဆိုရင် မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ပါ။ ဒီလိုမှမဟုတ်ရင်တော့ ရောဂါများ သင့်ဆီကို ဝင်ရောက်လာမှာ မလွဲဧကန်ပါ)။

 

အထက်ပါ ဖော်ပြပါ အချက်များသည် အသည်းရောဂါကို တစ်ခုတည်း အတွက် မဟုတ်ပါ။ အခြားသော ရောဂါများအတွက် ရည်ညွှန်းပါတယ်။

Read times Last modified on Wednesday, 09 December 2020 11:19
Rate this item
(1 Vote)