What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 15 August 2022 15:47

နှလုံးရောဂါ စွဲကပ်လာနိုင်ကြောင်း သတိပေးနေတဲ့ လက္ခဏာများ

နှလုံးရောဂါ စွဲကပ်လာနိုင်ကြောင်း သတိပေးနေတဲ့ လက္ခဏာများ NHLBI

ဆိုးရွားတဲ့ နှလုံးရောဂါ စတင်လာနေပြီ၊ အစပျိုးနေပြီ ဖြစ်ကြောင်း ကြိုတင်သိရှိနိုင်တဲ့ နိမိတ်လက္ခဏာတွေ ရှိပါတယ်။

ဒါတွေကို မျှဝေပေးချင်ပါတယ်။

လက္ခဏာတွေကတော့

၁။ အိပ်နေစဉ် အသက်ရှူရပ်ခြင်း၊

၂။ အဝါရောင် အင်ပြင်များ ထခြင်း၊ (တကယ်တော့ ဒါတွေက ကိုလက်စထရောတွေပါ)

၃။ မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ခြင်း၊

BI1.jpg

၄။ လက်သည်းတွင် အမည်းစက်များ ပေါ်လာခြင်း၊

၅။ မကြာခဏ မူးဝေခြင်း၊

၆။ လိင်မှု စွမ်းဆောင်ရည် ကျဆင်းခြင်း၊

၇။ အသားအရေ နဲ့ အသားအရောင် ပြောင်းလဲလာခြင်း၊

၈။ သွားဖုံး သွေးယိုခြင်း၊

၉။ အရေပြားပေါ်တွင် အညိုအမည်း စွဲခြင်း၊

၁၀။ အသက်ရှူရ ခက်ခဲခြင်း၊

၁၁။ ခြေထောက်များ ယောင်ကိုင်းလာခြင်း၊

၁၂။ မောပန်းနွမ်းနယ်လာခြင်း၊ စတာတွေဖြစ်ပါတယ်။

ဒီလက္ခဏာတွေထဲက တချို့တလေ ရှိလာပြီဆိုရင် နှလုံးရောဂါ ဝေဒနာ စွဲကပ်ဖို့ အစပြုနေပြီဆိုတဲ့အကြောင်း ခန္ဓာကိုယ်ဆီက အသိပေးနေတဲ့ နိမိတ်စကားပဲဖြစ်ပါတယ်။

မိမိမှာ ဒီ လက္ခဏာတွေ ရှိနေပြီဆိုရင် သတိထားဖို့ လိုအပ်မှာ ဖြစ်ပြီးတော့ ပြင်းထန်တဲ့ ရောဂါအဆင့်ကို ရောက်မလာစေဖို့ ကာကွယ် ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်တော့မှာ ဖြစ်ပါတယ်။

Hello Health Group

#Myanmar Health Products Guide

BI.jpg

Read times
Rate this item
(1 Vote)