What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 November 2019 13:58

သားအိမ္ကြ်ံျခင္း

လြန္ခဲ့တဲ့ႏွစ္ရက္က ေဆးခန္းကို လူနာအမ်ိဳးသမီးႀကီးတစ္ဦး လာပါတယ္။

အသက္က ေျခာက္ဆယ့္ငါးႏွစ္ပါ။ သူ႔ရဲ႕မိန္းမကိုယ္အဝမွာ ကိုယ္တြင္းအဂၤါတစ္ခုကြ်ံက်သလို တစ္ဆို႔ေနတာ တစ္ႏွစ္ေလာက္ရွိၿပီလို႔ ေျပာပါတယ္။ သူက ကေလးခုနစ္ေယာက္ေမြးဖူးပါတယ္တဲ့။ လူနာကို ေရာဂါရာဇဝင္ေမးၿပီး စမ္းသပ္ၾကည့္တဲ့အခါမွာ သားအိမ္ကြ်ံျခင္း ျဖစ္ေနတာေတြ႕ရပါတယ္။

 

သားအိမ္ကြ်ံျခင္းဟာ အသက္အရြယ္ႀကီးရင့္တဲ့ အမ်ိဳးသမီးႀကီးေတြနဲ႔ ကေလးအမ်ားႀကီးေမြးဖူးတဲ့ အမ်ိဳးသမီးေတြမွာျဖစ္တတ္ပါတယ္။ ခြဲေမြးတာမဟုတ္ဘဲ သားသမီးမ်ားစြာကို ႐ိုး႐ိုးမီးဖြားခဲ့ျခင္းဟာ တင္ပဆံုမွာရွိတဲ့ႂကြက္သားေတြ၊သားအိမ္နဲ႔တြယ္ဆက္ထားတဲ့ အရြတ္ေတြ၊အာရံုေၾကာေတြကို ယိုယြင္းေစပါတယ္။

 

သားအိမ္ကြ်ံတဲ့အခါမွာ မိန္းမကိုယ္အဝမွာ အရာတစ္ခုက်ဆင္းလာၿပီး တစ္ဆို႔ေနပါမယ္။ ခါးနာျခင္း (တင္ပဆံုနားကတြယ္ဆက္အရြတ္ Pelvic Ligament ကို ဆြဲခ်သလိုျဖစ္တာေၾကာင့္ မတ္တပ္ရပ္ရင္ ပိုနာပါတယ္။ လွဲအိပ္ရင္ေတာ့ သက္သာတတ္ပါတယ္။)

 

ေသြးလႊတ္ေၾကာေတြက လံုေလာက္ေအာင္ေသြးမပို႔ႏိုင္တဲ့အခါ Decubitus ulcer လို႔ေခၚတဲ့ အနာျဖစ္ၿပီး ေသြး၊ျပည္ေတြဆင္းႏိုင္ပါတယ္။ အျဖဴဆင္းျခင္း ၊ လိင္ဆက္ဆံလွ်င္ မခံရပ္ႏိုင္ေအာင္ အလြန္နာက်င္ျခင္း ၊ ဆီးခဏခဏသြားျခင္း၊ ဆီးသြားလွ်င္တစ္စက္တစ္စက္ျဖစ္ျခင္း၊ ဆီးသြားလွ်င္မဝျခင္း၊ ဆီးမထိန္းႏိုင္ျခင္း ၊ ဝမ္းသြားရခက္ခဲျခင္း၊ စအိုကြဲျခင္း၊ ဝမ္းသြားရခက္လြန္းသျဖင့္ လက္ျဖင့္ပင္နွိုက္ယူရျခင္း
စတဲ့ ေရာဂါလကၡဏာေတြျဖစ္တတ္ပါတယ္။

 

butterfly pea flower (ေခၚ) ေအာင္မဲညိဳပန္း၏ အသံုးဝင္ပံု အျပည့္အစံုဖတ္ရန္ ႏွိပ္ပါ။

butterfly pea flower (ေခၚ) ေအာင္မဲညိဳပန္း၏ အသံုးဝင္ပံု

 

ဘယ္လိုကုသၾကမလဲ?

ခြဲစိတ္ကုသမႈခံယူျခင္း (Vaginal Hysterectomy) ၊ သားအိမ္ကြ်ံျခင္းကို သားေရကြင္းျဖင့္ျပန္လည္ျပဳျပင္ကုသျခင္း ( Ring Pessary, Hodge Pessary) စတာေတြနဲ႔ကုသမႈခံယူလို႔ရပါတယ္။

 

မကုသဘဲထားရင္ ျဖစ္မယ့္ေနာက္ဆက္တြဲဆိုးက်ိဳးေတြကေတာ့ ကြ်ံေနတဲ့အသားဟာ ေလနဲ႔ထိေတြ႕ျခင္း၊တစ္ခုခုနဲ႔ ထိခိုက္မိတတ္ျခင္းတို႔ေၾကာင့္ မိန္းမကိုယ္ဟာ အသားတက္သလို ျဖဴၿပီးမာလာျခင္း (Keratinization of vagina) ၊ ေသြးလည္ပတ္မႈေကာင္းေကာင္းမရတာေၾကာင့္ အနာျဖစ္ႏိုင္ျခင္း (Decubitus Ulcer) ၊ အနာမွေသြးမ်ား၊ျပည္မ်ားထြက္ျခင္း ၊ ဆြဲဆန္႔သလိုျဖစ္ေနျခင္းနဲ႔ ေသြးစုၿပီးေရာင္လာေသာေၾကာင့္ သားအိမ္ေခါင္းႀကီးလာျခင္း ၊ ဆီးလမ္းေၾကာင္းမွတစ္ဆင့္ပိုးဝင္ျခင္း ၊ ဆီးႁပြန္ေခါက္ျခင္း ျဖစ္တတ္သျဖင့္ ေက်ာက္ကပ္ထဲေရစုျခင္း၊ ဆီးလမ္းေၾကာင္းထဲ ေရမ်ားစုျခင္း ၊ အလြန္ဆိုးဝါးလာလွ်င္ ေက်ာက္ကပ္ပ်က္စီးျခင္း တို႔ုျဖစ္တတ္ပါတယ္။

 

ဒါေၾကာင့္ သားအိမ္ကြ်ံျခင္း ျဖစ္လာခဲ့ရင္ ေဆးရံု၊ေဆးခန္းသြားၿပီး သင့္ေလ်ာ္တဲ့ ေဆးကုသမႈကိုခံယူသင့္ပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

 

ေမာင္(ေဆး-၁)

{Unicode}
======


သားအိမ်ကျွံခြင်း

လွန်ခဲ့တဲ့နှစ်ရက်က ဆေးခန်းကို လူနာအမျိုးသမီးကြီးတစ်ဦး လာပါတယ်။ အသက်က ခြောက်ဆယ့်ငါးနှစ်ပါ။ သူ့ရဲ့မိန်းမကိုယ်အဝမှာ ကိုယ်တွင်းအင်္ဂါတစ်ခုကျွံကျသလို တစ်ဆို့နေတာ တစ်နှစ်လောက်ရှိပြီလို့ ပြောပါတယ်။ သူက ကလေးခုနစ်ယောက်မွေးဖူးပါတယ်တဲ့။ လူနာကို ရောဂါရာဇဝင်မေးပြီး စမ်းသပ်ကြည့်တဲ့အခါမှာ သားအိမ်ကျွံခြင်း ဖြစ်နေတာတွေ့ရပါတယ်။

 

သားအိမ်ကျွံခြင်းဟာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးကြီးတွေနဲ့ ကလေးအများကြီးမွေးဖူးတဲ့ အမျိုးသမီးတွေမှာဖြစ်တတ်ပါတယ်။ ခွဲမွေးတာမဟုတ်ဘဲ သားသမီးများစွာကို ရိုးရိုးမီးဖွားခဲ့ခြင်းဟာ တင်ပဆုံမှာရှိတဲ့ကြွက်သားတွေ၊သားအိမ်နဲ့တွယ်ဆက်ထားတဲ့ အရွတ်တွေ၊အာရုံကြောတွေကို ယိုယွင်းစေပါတယ်။

 

သားအိမ်ကျွံတဲ့အခါမှာ မိန်းမကိုယ်အဝမှာ အရာတစ်ခုကျဆင်းလာပြီး တစ်ဆို့နေပါမယ်။ ခါးနာခြင်း (တင်ပဆုံနားကတွယ်ဆက်အရွတ် Pelvic Ligament ကို ဆွဲချသလိုဖြစ်တာကြောင့် မတ်တပ်ရပ်ရင် ပိုနာပါတယ်။ လှဲအိပ်ရင်တော့ သက်သာတတ်ပါတယ်။)

 

သွေးလွှတ်ကြောတွေက လုံလောက်အောင်သွေးမပို့နိုင်တဲ့အခါ Decubitus ulcer လို့ခေါ်တဲ့ အနာဖြစ်ပြီး သွေး၊ပြည်တွေဆင်းနိုင်ပါတယ်။ အဖြူဆင်းခြင်း ၊ လိင်ဆက်ဆံလျှင် မခံရပ်နိုင်အောင် အလွန်နာကျင်ခြင်း ၊ ဆီးခဏခဏသွားခြင်း၊ ဆီးသွားလျှင်တစ်စက်တစ်စက်ဖြစ်ခြင်း၊ ဆီးသွားလျှင်မဝခြင်း၊ ဆီးမထိန်းနိုင်ခြင်း ၊ ဝမ်းသွားရခက်ခဲခြင်း၊ စအိုကွဲခြင်း၊ ဝမ်းသွားရခက်လွန်းသဖြင့် လက်ဖြင့်ပင်နှိုက်ယူရခြင်း
စတဲ့ ရောဂါလက္ခဏာတွေဖြစ်တတ်ပါတယ်။

 

butterfly pea flower (ခေါ်) အောင်မဲညိုပန်း၏ အသုံးဝင်ပုံ အပြည့်အစုံဖတ်ရန် နှိပ်ပါ။

butterfly pea flower (ေခၚ) ေအာင္မဲညိဳပန္း၏ အသံုးဝင္ပံု

ဘယ်လိုကုသကြမလဲ?

ခွဲစိတ်ကုသမှုခံယူခြင်း (Vaginal Hysterectomy) ၊ သားအိမ်ကျွံခြင်းကို သားရေကွင်းဖြင့်ပြန်လည်ပြုပြင်ကုသခြင်း ( Ring Pessary, Hodge Pessary) စတာတွေနဲ့ကုသမှုခံယူလို့ရပါတယ်။

 

မကုသဘဲထားရင် ဖြစ်မယ့်နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ကျွံနေတဲ့အသားဟာ လေနဲ့ထိတွေ့ခြင်း၊တစ်ခုခုနဲ့ ထိခိုက်မိတတ်ခြင်းတို့ကြောင့် မိန်းမကိုယ်ဟာ အသားတက်သလို ဖြူပြီးမာလာခြင်း (Keratinization of vagina) ၊ သွေးလည်ပတ်မှုကောင်းကောင်းမရတာကြောင့် အနာဖြစ်နိုင်ခြင်း (Decubitus Ulcer) ၊ အနာမှသွေးများ၊ပြည်များထွက်ခြင်း ၊ ဆွဲဆန့်သလိုဖြစ်နေခြင်းနဲ့ သွေးစုပြီးရောင်လာသောကြောင့် သားအိမ်ခေါင်းကြီးလာခြင်း ၊ ဆီးလမ်းကြောင်းမှတစ်ဆင့်ပိုးဝင်ခြင်း ၊ ဆီးပြွန်ခေါက်ခြင်း ဖြစ်တတ်သဖြင့် ကျောက်ကပ်ထဲရေစုခြင်း၊ ဆီးလမ်းကြောင်းထဲ ရေများစုခြင်း ၊ အလွန်ဆိုးဝါးလာလျှင် ကျောက်ကပ်ပျက်စီးခြင်း တို့ဖြစ်တတ်ပါတယ်။

 

ဒါကြောင့် သားအိမ်ကျွံခြင်း ဖြစ်လာခဲ့ရင် ဆေးရုံ၊ဆေးခန်းသွားပြီး သင့်လျော်တဲ့ ဆေးကုသမှုကိုခံယူသင့်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

Read times
Rate this item
(1 Vote)