What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 February 2022 16:50

သေဆုံးမှု အများဆုံးပေးခဲ့တဲ့ Delta နှင့် ကူးစက်မှုအမြန်ဆုံး Omicron ပေါင်းစပ်ထားတဲ့ Deltacron ဗြိတိန်တွင် တွေ့ရှိ

 

ကိုဗစ် ၁၉ မျိုးကွဲ Delta နှင့် Omicron ပေါင်းစပ်နေသော ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ဗြိတိန်နိုင်ငံတွင် တွေ့ရှိသဖြင့် ခြေရာခံစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု ဗြိတိန်ကျန်းမာရေး ဌာန ရဲ့ ထုတ်ပြန်မှုကို ကိုးကား၍ နိုင်ငံတကာမီဒီယာများက ဖော်ပြလာကြပါတယ်။

လတ်တလောတွင် အဆိုပါ မျိုးကွဲသစ်ကို Deltacron ဟု အမည်ပေးထားပြီး၊ နောက်ဆုံးတွေ့ရှိသော မျိုးကွဲသစ်တစ်ခု လည်း ဖြစ်လာပါတယ်။

မျိုးကွဲနှစ်မျိုးလုံးကို တစ်ပြိုင်နက်ခံစားရသည့် လူနာများတွင် ပေါင်းစပ်မျိုးစိတ်အသစ်သည် ဆင့်ကဲပြောင်းလဲလာသည်ဟု ကျွမ်းကျင်သူများက အခိုင်အမာဆိုနေကြသော်လည်း ယူကေတွင် ဖြစ်ပွားသည့်ရောဂါများသည် ဗြိတိန်မြေတွင် ပေါ်ပေါက်လာခြင်း သို့မဟုတ် ပြည်ပမှ ကူးစက်လာခြင်း ဟုတ် မဟုတ် ဆိုသည်မှာ မသေချာသေးဘူးလို့ ဒေသတွင်း မီဒီယာများနှင့် ပြည်ပ မီဒီယာများက ဖော်ပြ ကြပါတယ်။

တာဝန်ရှိသူများက Deltacron မည်မျှကူးစက်နိုင်သည်၊ သို့မဟုတ် မည်မျှပြင်းထန်သော ရောဂါလက္ခ ဏာများရှိသည်ကိုမသိရသေးကြောင်း၊ သို့သော် ပိုမိုနားလည်ရန် လေ့လာမှုများ ပြုလုပ်နေသလို ဒီမျိုးကွဲနဲ့ပတ်သက်ပြီး အထူးစိုးရိမ်စရာမရှိဘူးလို့လည်း ပြောဆိုထားပါတယ်။

Delta
နှင့် Omicron မျိုးကွဲဗိုင်းရပ်စ် ၂မျိုး တစ်ကြိမ်ထဲတွင် ကူးစက်ခံရပါက ယခုကဲ့သို့ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်လာနိုင်ကြောင်း ပညာရှင်သုတေသီတို့က ပြီးခဲ့သည့်လအနည်းငယ်ကတည်းက ခန့်မှန်း ထားကြပြီး ယခုအခါ ယင်းခန့်မှန်းချက်အတိုင်း အမှန်တကယ် ဖြစ်လာခဲ့ပြီလို့လည်း နိုင်ငံတကာ မီဒီယာများက ဖော်ပြကြပါတယ်။

ယခုကဲ့သို့ မျိုးကွဲဗိုင်းရပ်စ် ခုပေါင်းစပ်ပြီး မျိုးကွဲသစ်ထပ်မံပေါ်ပေါက်လာခြင်းသည် ဖြစ်တောင့်ဖြစ်ခဲ ဟုဆိုသော်လည်း ကိုရိုနာဗိုင်းရပ်စ် မတိုင်မီက ထိုသို့သော ပေါင်းစပ်မျိုးကွဲဗိုင်းရပ်မျိုး ကြိမ်ပေါ် ပေါက်ခဲ့ဖူးပြီး လူရာပေါင်းများစွာကို ကူးစက်ခဲ့ဖူးတယ်လို့လည်း ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်များအရ သိရှိရပါတယ်။


MFN
ရန်ကုန်။ ၂၀၂၂ ဖေဖော်ဝါရီ ၁၅ ရက်

Read times Last modified on Wednesday, 16 February 2022 17:00
Rate this item
(0 votes)