What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 June 2022 12:34

ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲရခြင်း အကြောင်းရင်း

ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲခြင်းဝေဒနာကို လူတိုင်းခံစားဖူးမှာပါ ။

တခါတရံ ထိခိုက်ဒဏ်ရာရရှိတာ ၊ ပြင်းထန်သောလေ့ကျင့်ခန်းပြုလုပ်တာ ၊ ဖျားနေချိန်များတွင်လည်း ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်းကြောင့် နေမထိထိုင်မသာဖြစ်ခြင်း ၊ အာရုံစူးစိုက်မှုလျော့နည်းခြင်း နဲ့ ပင်းပန်းနွမ်းနယ်မှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

လက်မောင်းကြွက်သားများ နာကျင်ခြင်း

လက်မောင်းကြွက်သားများနာကျင်ခြင်းကလည်း ခန္ဓာကိုယ်ရဲ့ သေးငယ်သောြွကက်သား တစ်ဖြစ်တဲ့အပြင် နေစဉ် အလေးမခြင်းကြောင့် လက်မောင်းကြွက်သားများ နာကျင်ကိုက်ခဲမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ အလေးအပင်များကိုကြာရှည်စွာ မ ရသောအချိန်များတွင် ပုခုံးနှင့် လက်မောင်းရှိကြွက်သားများက လျော့တာ ၊တင်းတာများပြုလုပ်နေရခြင်းကြောင့် ကြွက်သား ရောင်ရမ်းပြီး နာကျင်ကိုက်ခဲမှုဖြစ် ပေါ်စေနိုင်ပါတယ်။ တခါတရံ ရောဂါကူးဆက်ခံတာ ၊ နေမကောင်းတာ နှင့် မူးရစ်ဆေးဝါးများကြောင့်လည်း နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

တုတ်ကွေးဖြစ်ခြင်း

တုတ်ကွေးဖြစ်ခြင်းကလည်း ဖျားတာ ၊ခန္ဓာကိုယ်တောင့်တင်းတာ ၊ လက်မောင်း ၊ ခြေထောက်၊ ကျော ရှိ ကြွက်သားများကို တစ်ပတ်(သို့) တစ်ပတ်ထက်ပိုပြီး နာကျင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ထိုသို့ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ ပြသပြီးတုတ်ကွေး ဖြစ်ပွားမှုကို ကုသမှုခံယူပါ။

သွေးလည်ပတ်မှု နှုန်းနည်းခြင်း

လေ့ကျင့်ခန်းပြုခြင်းမဟုတ်ဘဲ လက်မောင်း ၊ ခြေထောက်ရှိကြွက်သားများ နာကျင်ကိုက်ခဲနေရင် သွေးခုန်နှုန်းကို တိုင်းတာဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ကြွက်သားများအတွင်းရှိ သွေးမျှင်ကြောပိတ်ဆို့ခြင်းကြောင့်လည်း နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဆေးဝါးများ အလွန်ကျွံသုံးစွဲခြင်း

Statins - ကိုလက်စထရောတိုးခြင်းကို ထိန်းချုပ်သောဆေးများ အလွန်အကျွံသုံးစွဲခြင်းကလည်း ကြွက်သားနာကျင်ခြင်းကို ၃၀ ရာခိုင်နှုန်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုသို့ဖြစ်ပေါ်လာရင် ဆရာဝန် နှင့် ပြသပြီး ကုသမှုခံယူပါ။

ပိုးမွှားများ အကိုက်ခံရခြင်း

Lyme disease- ပိုးမွှားများအကိုက်ခံရခြင်းမှ ဖြစ်ပေါ်စေနိုင်တဲ့အပြင် ဖျားတာ ၊ ချမ်းတုန်တာ ၊ ပင်ပန်းနွမ်းနယ်တာ၊ ခန္ဓာကိုယ်ကိုက်ခဲတာ နဲ့ ခေါင်းကိုက်ခြင်းများဖြစ်ပေါ် စေနိုင်ပါတယ်။ ပိုးမွှားများအကိုက်ခံရခြင်း လက္ခဏက နွားရဲ့မျက်လုံးပုံစံအဖုလေးဖြစ်ပြီး အလယ်တွင် ရှင်းလင်းနေကာ နှစ်လက်မပတ်ပတ်လည်တွင်း ရက်အနည်းကြာအောင် ရောင်ရမ်းမှုများဖြစ်ပေါ် စေနိုင်ပါတယ်။ အဖုလေးက နီနေသောအရောင်ရှိပြီး ပဋိဇီဝဆေးများကို သောက်သုံးခြင်းဖြင့် ကုသနိုင်သော်လည်း တခါတရံ ဆေးသောက်သုံးပြီးတိုင်အောင် ခန္ဓာကိုယ်နာကျင်ခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Written By Health Products Directory

Read times
Rate this item
(0 votes)