What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 April 2018 17:00

ဝက်သားအကြောင်းတစ်စေ့တစောင်း

ဝက်သားအကြောင်းတစ်စေ့တစောင်း google.com

ဝက်၏ အူလမ်းကြောင်းအား အမှိုက်ပုံတစ်ခုကဲ့သို့ တင်စားခေါ်နိုင်သည်။  အဘယ်ကြောင့်ဆိုသော်ဝက်များစားသည့် အစားအသောက်များတွင်သက်ရှိများ၏ ဆီး၊ မစင်၊ 

ပုပ်သိုးနေသောအသားနှင့် ဟင်းသီးဟင်းရွက်များ၊ လောက်များ၊ကင်ဆာဖြစ်ပွား နေသောအသားတုံး များပင်ပါဝင်သည်ဟုသိရသည်။

ဝက်များ၏ အသားနှင့်အဆီများသည်ယင်းတို့စားသောက်သည့်အစားအသောက်များ တွင်ပါဝင်သောအဆိပ်အတောက်များနှင့် အညစ်အကြေးများကို"ရေမြုပ်" ကဲ့သို့ စုပ်ယူ ထားနိုင်ပေသည်။ထို့ကြောင့် ၀က်သားသည်အခြားအသားများထက် အစာအဆိပ်သင့်မှု
အဆ၃၀ခန့်ပိုမိုဖြစ်ပွားနိုင်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်းရှိ အစာချေ စနစ်သည် 
အမဲသား၊သမင်၊ ဆတ်ကဲ့သို့သောအသားများကို ချေပြီး သွေးထဲသို့စုပ်ယူနိုင်ရန် အချိန်ရှစ်နာရီခန့် ကြာသည်။ ထိုအသားများတွင်ဘက်တီးရီးယားများကြောင့် အဆိပ် အတောက်(Toxins)များပါလာခဲ့လျှင်မူနဲနဲချင်းစီသာချေနိုင်သောအစာချေစနစ်ကြောင့် သွေးထဲသို့တစိမ့်စိမ့်နှင့် အနည်းငယ်စီသာဝင်ရောက်နိုင်ပေသည်။ ထို့ကြောင့် ထိုအဆိပ်များကိုအသည်းမှအလွယ်တကူစစ်ထုတ်ကာ ဆီးလမ်းကြောင်းမှ တဆင့်စွန့်ထုတ်နိုင်ပေမည်။
ဝက်သားများကိုချေပြီးသွေးထဲသို့စုပ်ယူနိုင်ရန်ကြာချိန်မှာ လေးနာရီခန့်မျှသာရှိသည်။ ထို့ကြောင့်အချိန်တိုအတွင်း အဆိပ်များ သွေးထဲသို့အမြောက်အများ ၀င်ရောက်လာ နိုင်ပေသည်။

ဝက်များတွင်တခြားသတ္တ၀ါများကဲ့သို့ ချွေးထွက်ခြင်းမရှိပေ။ ထို့ကြောင့် အဆိပ်အတောက် နှင့်အညစ်အကြေးဟူသမျှသည် ခန္ဓာ ကိုယ်တွင်း မစွန့်ထုတ်နိုင်ပဲကိန်းအောင်းနေသည်။
ဝက်များသည်မြွေများကိုပါစားသောက်တတ်ပြီး မြွေဆိပ်သည်လည်း ၀က်၏ခန္ဓာကိုယ် တွင်းသို့ ရောက်ရှိနိုင်သည်။

ဝက်သားသည်တခြားအသားများထက်ပိုးတွယ်ခြင်း၊ လောက်တွယ်ခြင်းများပိုမိုလျင်မြန်စွာ ဖြစ်ပွားလေ့ရှိသည်။

ဝက်၏ခန္ဓာကိုယ်တွင်းတွင်တုတ်ပြားကောင်၊ သံပြားကောင်များ၊ ကပ်ပါးကောင်များနှင့်
ယင်းအကောင်များ၏ဥများ၊ အရည်အိတ်များ တွယ်ကပ်နေထိုင်သည်။မီးပူပူဖြင့်သေချာ ချက်ပြုတ်လျှင်ပင် ထိုအကောင်နှင့်ဥများ အားလုံးသေနိုင်ရန်မှာမလွယ်ကူပေ။
ဝက်သားတွင် တွယ်ကပ်နေသော Trichinae ဟုခေါ်သော အလွန်သေး ငယ်သော တုတ်ကောင်လေးသည်လူ့ခန္ဓာကိုယ်အတွင်းရောက်ရှိပါက ရောဂါရှာရ ခက်ခဲသည့်
ဝေဒနာမျိုးစုံခံစားရနိုင်သည်။

ဝက်သားသည် အမဲသားထက် အဆီနှစ်ဆခန့် ပိုမိုပါဝင်သည်။ ထို့ကြောင့် သွေးတိုး၊ ဆီးချို ၊ 
နှလုံးသွေးကြောကျဉ်းခြင်း၊လေဖြတ်ခြင်း၊အသည်းအဆီဖုံးရောဂါ နှင့်  အခြားသော ရောဂါပေါင်းများစွာ ပိုမို ဖြစ်ပွားနိုင်သည်။

ဒါကြောင့် ဝက်သားစားမယ်ဆိုရင် သေချာချက်ပြုတ် ကြော်လှော်ပြီးမှ စားသင့်ကြောင်း၊ မည့်သည့်အသားကိုမဆို သေချာစိမံပြီးမှ စားသုံးပါက ရောဂါဘယကင်းဝေးနိုင်မှာပါ။

Read: လျှာကင်ဆာ

လျှာကင်ဆာ

Read times Last modified on Thursday, 19 April 2018 17:09
Rate this item
(0 votes)