What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 June 2022 15:13

ဆီးအိမ်ကျောက်တည်ခြင်း၏ လက္ခဏာများ

ဆီးအိမ်ကျောက်တည်ခြင်း၏ လက္ခဏာများ istockphoto

ဆီးအိမ်ကျောက်တည်ခြင်း၏ အခြားဖြစ်နိုင်သော အကြောင်းအရင်းများမှာ ဆီးလမ်းကြောင်း ရောင်ရမ်းခြင်းနှင့် ကျောက်တည်စေသော အစားအစာများ (ဥပမာ - ကညွှတ်၊ အသီးအရွက်အချို့၊ အသီးအနှံများ) နှင့် ရေလုံလောက်စွာ မသောက်ခြင်းတို့ ပါဝင်ပါတယ်။

ဆီးအိမ်ကျောက်တည်ခြင်း၏ လက္ခဏာများတွင် အများအားဖြင့် အောက်ပါရောဂါလက္ခဏာများ ပါဝင်ပါတယ်။

မကြာခဏဆီးသွားခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် ပူလောင်ခြင်း သို့မဟုတ် ဆီးထဲတွင် သွေးပါနေခြင်း၊ ဆီး အိမ်ရောင်ခြင်း ၊ ဆီးမူမမှန်မှုခြင်း၊ ဆီးမသွားနိုင်ခြင်း၊ သို့မဟုတ် ဆီးသွားရခက်ခြင်း သို့မဟုတ် ဆီးစီးဆင်းမှု ရပ်တန့်ခြင်း။ ဆီးထဲတွင် ကျောက်စရစ်သဏ္ဌာန်တူသော ကျောက်ခဲလေးများ ရှိနေခြင်း။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ရလဒ်များနဲ့အတူ ဆီးအိမ်ကျောက်တည်လူနာများတွင် အဖျားတက်လေ့ရှိပါတယ်။

ဘယ်လိုအဖြေရှာမလဲ။

စမ်းသပ်စစ်ဆေးခြင်း – သင့်ဆရာဝန်က ဆီးအိမ်ကြီးနေလားဆိုတာကို ဝမ်းဗိုက်အောက်ပိုင်းကို လက်တင်ပြီး စမ်းနိုင်ပါတယ်။ စအိုကို စမ်းသပ်ပြီး ဆီးကျိတ်ကို စစ်ဆေးနိုင်ပါတယ်။

Urinalysis – ဆရာဝန်က ဆီးအတွင်းမှာ သွေး၊ ဘက်တီးရီးယားတွေပါမပါ ဆီးယူပြီး စစ်ဆေးနိုင်ပါတယ်။

CT scan နဲ့ X-rays – X-rays ပုံတွေနဲ့ CT scan လုပ်ခြင်းဟာ အင်္ဂါတွေကို စစ်ဆေးနိုင်ပါတယ်။

Ultrasound – အသံလှိုင်းမှတစ်ဆင့် ကိုယ်အင်္ဂါတွေကို စစ်ဆေးခြင်းဖြစ်ပါတယ်။

Intravenous pyelogram – သင့်ဆရာဝန်က သွေးပြန်ကြောအတွင်းကို အရည်ထိုးထည့်ပေးပြီး ကျောက်ကပ်နဲ့ ဆီးအိမ်ကို ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။

ပြုစုစောင့်ရှောက်ခြင်း။

အရည်များများသောက်ပါ – အထူးသဖြင့် ရေ၊ တစ်နေ့ကို ရေဘယ်လောက်သောက်ရမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကျောက်တည်စေသော အစားအစာများကို လျှော့စားပါ။

မိမိဘာသာ ဆေးသွင်းခြင်းကိစ္စများတွင် ဆရာဝန်များ၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။

နောက်ဆက်တွဲ အခြေနေများကို ပုံမှန်သွားရောက် စစ်ဆေးမှု ခံယူပါ။ ဝမ်းချုပ်နေရင် ဝမ်းပျော့ဆေးတွေကို အသုံးပြုနိုင်ပါတယ်။

Written By Aung Win (Myanmar Health Products Guide)

Ref:

bumrungrad

hellosayarwon

Read times
Rate this item
(0 votes)