What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 July 2022 10:10

နှလုံး အားနည်းခြင်း၏ အရေးကြီးသည့် လက္ခဏာများ

နှလုံးအားနည်းခြင်းကြောင့် လူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။ နှလုံးအားနည်းတဲ့ လက္ခဏာတွေကို အစကတည်းက ကြိုတင်ပြီး သိနိုင်ပါတယ်။

မောဟိုက်ခြင်း

ကိုယ်လက်လှုပ်ရှားတဲ့အခါ ၊ စိတ်လှုပ်ရှားတဲ့အခါ မောဟိုက်နေသလား။ အဲဒီလို မောဟိုက်နေတာဟာ နှလုံးအားနည်းနေလို့ ဖြစ်နိုင်ပါတယ်။ ညဘက်မှာ မောဟိုက်ပြီး အိပ်ယာကနိုးတာ ၊ လှဲပြီး အိပ်ရင် မောတာ တွေဖြစ်ခြင်းသည် နှလုံးအားနည်းခြင်းကြောင့် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ချောင်းဆိုးခြင်း

အဆက်မပြတ် ချောင်းဆက်တိုက်ဆိုးခြင်းဟာ နှလုံးအားနည်းခြင်းကြောင့် အဆုပ်ထဲမှာ ရေဝင်နေတာဖြစ်နိုင်ပါတယ်။

သွားဖုံးတွေ ရောင်နေသလား

သွားဖုံးတွေရောင်ပြီး သွေးထွက်တာဟာ သွားကောင်းကောင်းမတိုက်လို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရည်ရှည်သွားဖုံး ကျန်းမာရေးမကောင်းတဲ့သူတွေမှာ နှလုံးရောဂါဖြစ်တဲ့နှုန်းက သွားကျန်းမာရေးကောင်းသူတွေထက် ပိုပြီး များပါတယ်။

viber1.jpg

ခေါင်းမူးပြီး အားအင်ချိနဲ့နေသလား

ခေါင်းမူးတာဟာ နှလုံးခုန်မမှန်လို့ ဖြစ်နိုင်ပါတယ်။ နှလုံးခုန် အရမ်းမြန်နေရင် ဒါမှမဟုတ် နှလုံးရပ်သလို ခံစားမှုတွေ ရနေရင် ဆရာဝန်နဲ့ သေချာ ပြသပြီး ဆေးစစ်သင့်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေ နှလုံးအားနည်းရင်အားအင်ချိပြီး နုံးနေတတ်ပါတယ်။

ကောင်းကောင်းအိပ်မပျော်ဘူးလား

အသက်ရှူမဝလို့ ကောင်းကောင်းအိပ်မပျော်ဘူး ၊ အိပ်တဲ့အခါ ကျယ်လောင်စွာ ဟောက်တယ်ဆိုရင် သတိထားသင့်ပါတယ်။ အိပ်နေတဲ့အချိန်မှာ အသက်ရှူရပ်သလို ဖြစ်ဖြစ်သွားတတ်တယ်ဆိုရင် နှလုံးရဲ့ ညာဘက်ခြမ်းကို ထိခိုက်စေနိုင်ပါတယ်။

ပျို့ချင် ၊ အန်ချင် သို့မဟုတ် ချွေးထွက်လွန်ခြင်း

နှလုံးအားနည်းတဲ့အခါ ဝမ်းဗိုက်ထဲမှာ ရေ ဓာတ်တွေ များတဲ့အခါ ပျို့ချင်သလို အန်ချင်သလို ဖြစ်တတ်ပါတယ်။ နှလုံးရုတ်တရက် သွေးကြောပိတ်တဲ့အခါ ဇောချွေးပြန်တတ်ပါတယ်။

ရင်ပတ်ဆို့ခြင်း ဒါမှမဟုတ် လက်ပြင်ကိုက်သလို၊ ရင်ခေါင်းအောင့်သလို ဖြစ်သလား

ရင်ပတ်ဆို့ခြင်း၊ ရင်ခေါင်းအောင့်ခြင်း ဒါမှမဟုတ် ကျောနဲ့ရင်နဲ့ ညှပ်ထားသလိုမျိုး ခံစားရပြီဆိုရင် သတိထားသင့်ပါတယ်။ တခါတလေ အစာမကျေသလိုမျိုးထင်ပြီး ဆရာဝန်နဲ့ သေချာ မပြမိတာမျိုး ဖြစ်လေ့ရှိပါတယ်။ နှလုံးသွေးကြောပိတ်တယ်ဆိုရင် ဒီလက္ခဏာတွေ ပေါ်တတ်ပါတယ်။ တချို့လူတွေမှာတော့ နောက်ကျောပြင်နာတာမျိုး ၊ လည်ချောင်းမှာ နာတာမျိုး ၊ မေးရိုးမှာ နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ခြေထောက်တွေ ဖောရောင်နေသလား

နှလုံးအားနည်းတဲ့အခါ သွေးတွေကို ကောင်းကောင်းညှစ်မထုတ်နိုင်တဲ့အတွက် ခြေထောက်တွေ ဖောရောင်တာ ဖြစ်နိုင်ပါတယ်။ မို့ နေတဲ့ ခြေထောက်ကို ဖိကြည်လို့ အရာထင်ကျန်နေပြီ ဆိုရင်တော့ နှလုံးအားနည်းလို့ ခြေထောက်မှာရေဓာတ်များနေတာ ဖြစ်နိုင်ပါတယ်။

viber.jpg

Read times Last modified on Monday, 25 July 2022 13:19
Rate this item
(0 votes)